သြဂုတ်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ သားသမီး ။ ။ လုပ်ငန်း အသစ်များ တိုးချဲ့ လုပ်နိုင်သည့် အချိန်အခါ ကောင်းဖြစ်ပါသည် ။ အုပ်ချုပ်ရေး အိမ်ယာ ဆောက်အဦး လုပ်ငန်းများ ထူးထူးခြားခြား အောင်မြင်မည် ။ အ နည်းငယ် စိတ်လှုပ် ရှားရမည့် လုပ်ငန်းများ လည်း တွေ့ ကြုံ ရမည် ။ ငွေကြေးနှင့် ပတ်သက်ပြီး စိတ်အနှောက် အယှက် အနည်း ငယ်ဖြစ်နိုင်သည် ။ ခရီးဝေး သွား ရန် အကြောင်း ပေါ်လာမည် ။ စိတ်ချမ်း သာမှု ရမည် ။ ငယ်ရွယ်သူများ ချစ်သူနှင့် စိတ်ဆိုး စိတ်ကောက် နေလိမ့်မည် ။ ယခုလအတွင်း ၀မ်းဗိုက်နှင့် ပတ်သက်သော ရောဂါဝေ ဒနာများ ခံစားရ တတ်ပါသည် ။ ဗုဒ္မဟူး သားသမီးနှင့် စကားများ ရလိမ့်မည် ။

ယတြာ ။ ။ မိမိအိမ်မှ ဘုရားတွင် အုန်း (၆) ညွန့် နှင့် အုန်း ယို(၆) ခုလှုပေးပါ ။

တနင်္လာသားသမီး ။ ။ ငွေကြေး ငွေချေးလုပ်ငန်းများ ငွေထည်လုပ်ငန်းများ ကလေးကစားစရာပစ္စည်း ရောင်းဝယ်ထုတ်လုပ်သူများ ကား ကျောက် လုပ်ငန်းလုပ်သူများ အဆင်ပြေပြီး အောင်မြင်မည် ။ မိတ်ဆွေ များနှင့် စပ်တူလုပ်ကိုင်ပြီး အကျိုးကျေးဇူးများခံစားရလိမ့် မည် ။ ငွေကြေးနှင့်ပတ်သက်ပြီး စိတ်ချမ်းသာမှု ရရှိမည် ။ သို့ သော်မမျှော်လင့်ပဲ ခရီးသွားမှုကြောင့် ငွေကုန်ကျမှုဖြစ်မည် ။ ငယ်ရွယ်သူများ ချစ်သူနှင့် အဆင်ပြေ ပြီး စိတ်ချမ်းသာမှုရမည် ။ ချစ်သူမရှိသေးသူများလည်း ချစ်သူနှင့်တွေ့ လိမ့်မည် ။ ယခုလ အတွင်း အစားမှားသဖြင့် ဗိုက်အောင့်ရောဂါခံစားရ တတ်သည် ။

ယတြာ ။ ။ မွေးနံဘုရား ထောင့်တွင် အင်္ကျီအဖြူရောင်ဝတ်ပြီး ကံ့ကော် (၁၅) ခက်ကို လှုပေးပါ ။

အင်္ဂါသားသမီး ။ ။ အစုစပ်လုပ်ငန်းများ အောင်မြင်မှုရမည် ။ မိတ်ဆွေကောင်းနှင့်တွေ့ ပြီး မိတ်ဆွေ ကောင်းများ၏အကူအညီရမည် ။ စိန် စက် ဆေး စက်ပစ္စည်း ရောင်းဝယ်သူများ အဆင်ပြေမှုရမည် ။ ယခုလအတွင်းမမျှော်လင့်ပဲ စက်ပစ္စည်းအသစ်ဝင်လာမည်။ ဖခင်နှင့် စိတ်အခန့် မသင့်ဖြစ်ပြီး စကားများ မည် ။ ငွေကြေးကိစ္စ အဆင်ပြေ သော်လည်း မိန်းမ မြေ ကိစ္စကြောင့် ငွေထွက်နေမည် ။ ငယ်ရွယ်သူများ စိတ် ကောင်တတ်သောချစ်သူမျိုးနှင့် ဖူးစာဆုံပြီး ဖြေရှ င်း နေရလိမ့်မည်။ ယခုလအ တွင်း ခါးနာရောဂါ ခေါင်းကိုက်ရောဂါများ သိသိသာသာခံစားရတတ်ပါသည် ။

ယတြာ ။ ။ စာကလေးအရှင် (၈) ကောင်ကိုဘေးမဲ့လွှတ်ပေးပါ ။

ဗုဒ္မဟူးသားသမီး ။ ။ လုပ်ငန်းများ ဖရိုဖရဲဖြစ်နေမည် ။ လက်အောက်ငယ်သားများ အသုံးမကျမှု ကြောင့် ပြသနာများဖြေရှင်းရမည် ။ ဂတိပျက် စကားမမှန်မှုများကြောင့် လုပ်ငန်း များထိခိုက်မည် ။ ရွှေ အထားမှား ပြီးပျောက်လိမ့်မည် ။ ရွှေထွက်ခြင်း ရွှေအလိမ် ခံရခြင်းများဖြစ်လိမ့်မည် ။ ငွေဝင်သော်လည်း ၀င်သလောက် ပြန်ထွက်နေမည် ။ ငယ်ရွယ်သူများ ယာယီ ချစ်သူမျိုးနှင့် ဖူးစာဆုံ လိမ့်မည် ။ မိမိက ချစ်သလောက် မိမိကိုအလေးမထား ဂရုမစိုက်တတ်သူနှင့် တွေ့ မည် ။ ၀န်ထမ်းများ အထက်လူ ကြီး၏ ဆူပူ ပြစ်တင်ခြင်းခံရလိမ့်မည် ။ ပညာရေး စာမေးပွဲနှင့်ပတ်သက်ပြီး စိတ် ထင်သလိုမဖြစ်နိုင်ပါ ။

ယတြာ ။။ ။။ ဘုရားတွင်လိပ်စာ ငါးစာ ကျွေးပါ ။ မွေးနံထောင့်တွင် စက္ကူယပ် (၄) ချောင်းလှုပါ ။

ကြာသပတေးသားသမီး ။ ။ မိတ်ဆွေများ၏ သစ္စာဖေါက်မှုကြောင့် လုပ်ငန်းများ အဆင်မပြေဖြစ်မည်။ စပ်တူလုပ်သော မိတ်ဆွေများကလည်း စွန့် ခွါသွားကြလိမ့်မည် ။ မိန်းမကိစ္စ (သို့ ) မိန်းမ တစ်ဦးကြောင့် ဂုဏ်သိက္ခာ ကျစရာ တွေ့ ကြုံရလိမ့်မည် မြေကိစ္စ အမွေကိစ္စ ငွေကြေးပြသနာ များကြောင့် အမှုအခင်းဖြစ် တတ်သည် ။ ငွေလိမ်ခံရခြင်း ရွှေအလိမ် ခံရခြင်းများလည်း ဖြစ်တတ်ပါသည် ။ ငယ်ရွယ်သူများ အချစ်ရေး ကံမကောင်းပါ ။ ချစ်သူမတွေ့ နိုင်သေးပါ ။ ယခုလအတွင်း ဗုဒ္မဟူးသား သမီးများနှင့် သတိထား ဆက်ဆံ ပါ ။ မိမိ စိတ်ညစ် ရလိမ့်မည် ။

ယတြာ ။ ။ ပေါက်ပေါက် လက်တစ်ဆုပ်ကို ဖက်နှင့်ထုပ်ပြီး ရေစီးသောချောင်းအတွင်းသို့ စွန့် ပါ ။

သောကြာသားသမီး
။ ။ စိတ်ရှိတိုင်း လုပ်ခွင့်ရကာ အောင်မြင်မှုရရှိမည့်လဖြစ်ပါသည် ။ ဟိုတယ်လုပ် ငန်း ခရီးသွား လုပ်ငန်း သစ်သီးအရောင်းဆိုင် သားရေပစ္စည်း သံ သွပ် သစ် လုပ်ငန်းများ လုပ်ငန်းချဲ့ နိုင်သလောက်အောင်မြင်မှုရမည် ။ အထက်ပါလုပ်ငန်း လုပ်သော ကုမ္မဏီများ တွင်လုပ်သူများလည်း စိတ်ချမ်းသာမှုရရှိမည် ။ အကျိုးခံ စားခွင့်များရရှိမည် ။ ငွေကြေးမမျှော်လင့်ပဲဝင် လာပါက ၁ ၆ ၃ ၀ ပါသော ဂဏန်းများနှင့်ယခုလအတွက်ထီကံစမ်းပါ ။ ငယ်ရွယ်သူများ စကားများသော လမ်းများသော ချစ်သူမျိုးနှင့်ဖူးစာဆုံပါမည် ။ မမျှော်လင့်ပဲ စေ့စပ်ခြင်းခံ ရတတ် ပါသည် ။

ယတြာ ။ ။ အိမ်ကဘုရားတွင် သစ်သီး (၆) မျိုးအား သစ်သီးဆွမ်းကပ်လှုပါ ။ 

စနေသားသမီး ။ ။ အလုပ် သစ်များ အပြောင်းအရွေ့ ဖြစ်လိမ့်မည် ။ မိတ်ဆွေကောင်းများ၏ ကူညီမှု ကြောင့် စိတ်ချမ်းသာမည် ။ မင်းမှုထမ်းများ ၀န်ထမ်းများ စိတ်ချမ်းသာစရာများ ကြုံတွေ့ ရမည် ။ ရာထူး တက်ခြင်း အထက်လူကြီး၏ရေရာပေးခြင်းများခံရတတ် သည် ။ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ လုပ်ငန်း အသစ်များ မစွန့်စားသင့်သောကာ လဖြစ်သည် ။ ငွေကြေးအကြပ်အတည်းတွေ့ မည် ။ သို့ သော် မိတ်ဆွေကောင်း ၏ကူညီမှုကြောင့် အဆင်ပြေသွားလိမ့်မည် ။ ငယ်ရွယ်သူများ ချစ်သူ၏စွန့် ခွါခြင်း ခံရတတ်သည် ။အထင်လွဲတတ်သော အထအန ကောက်တတ်သောချစ်သူမျိုးနှင့် ဆုံတွေ့ ရမည် ။

ယတြာ ။ ။ ဒံပေါက်တစ်ထုပ်ဝယ်ပြီး လမ်းတွင်တောင်းစားနေသူတစ်ဦး ကိုလှုလိုက်ပါ ။။ 

ဆရာမောင်မောင်(ဆန်းသုတေသီ) 
ရိုးရာလေး
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...