အနီးမှုန် အဝေးမှုန်နှင့် အမြင်တိမ်းစောင်း မှုများ
Pic;awinlanguage.blogspot.com |
ဤသည်ကား အမြင်အာရုံ၏ ချွတ်ယွင်းချက် ဖြစ်သည်။
သို့သော် လူတစ်ယောက်၏အမြင်ကို မိမိကြည့်နေသည့်အရာ၏ အနီးတွင် ရှိနေသော ပစ္စည်းများ၊ ပုံစံများ၊ အရောင်များက လွှမ်းမိုးမှုရှိနေသည်ကို အံ့သြစွာတွေ့ရသည်။ သိပ္ပံပြပွဲတစ်ခုတွင် လူအများရှေ့တွင်ပင် အပြာရောင်သုတ်ထားသည့် အပြားငယ်ကို ပြသထားသည်။ ယင်းအနီးတွင် ကပ်လျက်ထားရှိသော အခြား အရောင်ကို လဲလှယ်ခြင်းဖြင့် အဆိုပါအပြာရောင်သုတ်ထားသည့်အပြားငယ်၏ အရောင်လည်း မီးခိုးရောင် သို့ ပြောင်းလဲသွားသည်။ မျက်လှည့်မဟုတ်ပါ။ အမှန်စင်စစ် အရောင်ပြောင်းလဲ သွားခြင်း လည်း မမဟုတ် ဘဲ အမြင်ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။ နံဘေးမှာ ရှိသောအရောင်က မိမိ၏ အမြင်အာရုံအပေါ် လှည့် ဖျားလွှမ်းမိုးသောကြောင့် ဖြစ်သည်။ ထိုပြပွဲကို သွားရောက်ကြည့်ရှုနေသူ ပရိသတ်များ တအံ့တသြရှိကြ သည်။ မိမိအတွက်လည်း ယင်းအံ့သြစရာ အမြင်အာရုံ လှည့်ဖျားမှုမှ ဆက်လက်တွေးတောစရာများ ဖြစ် လာစေသည်။ မိမိတွေ့နေသော အရာများက အရှိအတိုင်း မဟုတ်ကြ ဆိုသည့် အတွေးပင်ဖြစ်၏။
မိမိတို့၏အမြင်ကို မည်သည့်အရာများက လွှမ်းမိုးပါသနည်း
သိပ္ပံပညာရှင်များ၏ လေ့လာစမ်းသပ်ချက်များ အရ အသံ၊ အနံ့၊ ရာသီဥတု အစရှိသည့် တခြားအာရုံများ ကို ထိခတ်လာမှုများက လွှမ်းမိုးသည်။ မိမိ အသိဉဏ်အတွင်း သိုမှီးသိမ်းဆည်းထားသော မြင်ဖူး၊ တွေ့ဖူး၊ ကြားဖူး၊ မှတ်သားဖူးသော အရာများကလည်း အမြင်အာရုံကို လွှမ်းမိုးမှုရှိ၏။ ထို့ကြောင့် ရုပ်ဝတ္ထုတစ်ခု ကို လူများမြင်ပုံ မတူကြခြင်း ဖြစ်သည်။
ဗုဒ္ဓရုပ်ပွားတော်ကို ဘာသာဝင် မဟုတ်သူများက အနုပညာမျက်စိဖြင့်ကြည့်သည်။ ကြည့်ရသည်မှာ အေး ချမ်းမှုရှိသည် အနုပညာလက်ရာအရ နှစ်လိုဖွယ်ရှိသည်ဟု မြင်သည်။ မိမိဘာသာမဟုတ်၍ ကိုးကွယ်မှု မရှိ သော်လည်း အနုပညာလက်ရာ တစ်ခုအဖြစ် အိမ်များတွင် ထားကြသည်။ ဘာသာဝင်ဖြစ်သူ မိမိတို့ အတွက် ကြည်ညို ကိုးကွယ်ရာအဖြစ် မြင်သည်။ ထိုရုပ်ပွားတော်ကို ဘုရားစင်တွင်သာ တင့်တယ် သည်ဟု လက်ခံထားသည်။ ထိုမှတစ်ပါး တခြားနေရာတွင် မမြင်လိုပါ။ လက်မခံနိုင်ပါ။
ဘာသာရေးအစွမ်း ရောက်သူမဟုတ်သည့် မိမိသည်ပင်လျှင် ရံဖန်ရံခါမှသာ ဘာသာရေးပွဲလမ်းများကို ထုံးတန်းစဉ်လာအရ သွားသူ၌ပင်လျှင် ထိုအမြင်က ရှိနေသည်။ မိမိသက်တမ်း ထက်ဝက်ခန့်က အနောက် နိုင်ငံတွင် နေထိုင်ခဲ့သည့် နိုင်ငံတကာ အတွေ့အကြုံရှိသူပင်လျှင် ထိုသိရှိမှတ်သားဖူးသည့် စင်ပေါ်မှ ဗုဒ္ဓရုပ် ပွားပုံ၏ လွှမ်းမိုးမှု ကြီးလှသည်။
၁၉၈၉ ခုနှစ်လောက်က ဖြစ်သည်။ ဂျာမဏီနိုင်ငံက အိမ်ထောင်ပရိဘောက ထုတ်ကုန်ကြော်ငြာ လက် ကမ်းစာစောင် တစ်ခုကို မိမိစာတိုက်ပုံးထဲတွင် တွေ့ရသည်။ မျက်နှာဖုံးတွင် အိပ်ခန်းကို အလှဆင်ထား သည့်ပုံ ပြထားသည်။ လှပသည့် နှစ်ယောက်အိပ်ကုတင်နှင့် မွေ့ရာပေါ်တွင် အနီရောင်ဖဲစ အိပ်ရာခင်းကို ခင်းထားသည်။ အိပ်ရာကထခါစပုံစံနှင့် မွေ့ရာခြေရင်းပိုင်းတွင် အမျိုးသမီး အောက်ခံ အင်္ကျီတင်ထား သည်။ အိပ်စက် အနားရခဲ့သည်ဟူသော သရုပ်ကို ပြထားခြင်းဖြစ်သည်။ မနက်ခင်း၏ကြည်လင်မှုကို ပြသည့် အနေနှင့် အဆိုပါ အင်္ကျီပေါ်တွင် သစ်သားနှင့် ထုထားသော ဗုဒ္ဒရုပ်ပွားတော်ကို တင်ထားသည်။
အနုပညာအမြင် ဒီဇိုင်းအမြင်အရ အလွန်လှပသော အခင်းအကျင်း ဖြစ်သည်။ သို့သော် ဗုဒ္ဓရုပ်ပွားတော် ကို ထိုနေရာတွင် မမြင်ဖူးသည့် မိမိအတွက် တုန်လှုပ်ခဲ့ရသည်။ တစ်ပြိုင်နက်တည်းမှာပင် မကျေမနပ် ဖြစ်လာ သည်။ ဘာသာရေးအရ နှိမ့်ချစော်ကား ခြင်းဟု မြင်သည်။ ထိုကြောင့် မိမိကို လက်ခံဖိတ်ကြား ထားသော မိသားစုကိုပြောပြ အကူ အညီတောင်းပြီး အဆိုပါ ကြော်ငြာကုမ္ပဏီကို ဆက်သွယ်ခဲ့သည်။ ဖုန်းပေါ်တွင် ပြောဆိုနေသည့် မိမိအသံများတုန်ယင်နေသည် ကို ကိုယ်တိုင်သတိပြုမိသည်။ တစ်ဖက်က တောင်းပန်ပြီး နောက်နောင်ဤသို့သော ဘာသာရေး ရုပ်ထုပစ္စည်းများကို အသုံးမပြုတော့ပါဟု အာမခံခဲ့ သည်။ ဗုဒ္ဓနှင့် ပထမဆုံးအကြိမ် အနောက်တိုင်းတွင် တွေ့ဆုံမိခြင်း ဖြစ်သည်။
နှစ်များ လွန်မြောက်ခဲ့သည်။ တစ်ခုသောနေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့သွားရောက် လည် ပတ်ရင်း လမ်းဘေးက အနုပညာပစ္စည်းရောင်းသည့် ဆိုင်တန်းများကို ပြတင်းပေါက်မှ လမ်းလျှောက်ရင်း ငေးမောကြည့်သွားဖြစ်သည်။ အနောက်တိုင်း ပန်းချီ ပန်းပု၊ ဈေးမျိုးစုံ၊ ခေတ်မျိုးစုံ၊ လက်ရာမျိုးစုံကို မှီသ လောက်လှမ်းကြည့်ရင်း တစ်ဆိုင်တွင်တော့ အလိုအလျောက် ရပ်တန့်သွားသည်။ သုံးပေခန့်အမြင့်ရှိသည့် မန္တလေးမတ်ရပ်ကိုယ်တော်သည် မှန်ကာထားသည့် အပြင်မှမြင်ရသည့်ပြခန်းတွင် မတ်မတ်ရပ်နေတော်မူ သည်။
မြန်မာ့အနုပညာ ရှေးဟောင်းပစ္စည်းများ နိုင်ငံပြင်ပကို နည်းမျိုးစုံနှင့် ထွက်ခွာနေသည်ဟု စိတ်မကောင်း စွာ တွေးရင်း ဆိုင်အတွင်းခန်းသို့ ၀င်လိုက်သည်။ တစ်ဆိုင်လုံးတွင် မြန်မာ၊ ကမေ်္ဘာဒီးယား၊ အိန္ဒိယပုံစံ ဗုဒ္ဓ ရုပ်ပွားတော်များနှင့် ပြည့်နေသည်။ မတိုက်မိမနင်းမိအောင် သတိထားဝင်ရသည်။ အဟောင်းများ လည်း ပါကောင်းပါမည်။ အဟောင်းနှင့် သဏ္ဍာန်တူအောင် တုထားသော အဟောင်းတုများလည်း ပါသည်။ ဆိုင် ရှင်ကို ဤရုပ်ထုများ ဘယ်ကလာသလဲမေးကြည့်ရာ ချင်းမိုင်မှ ဟုဆိုသည်။ လိုချင်သည့် ရုပ်ထုမှာ ပေးလို့ရ သည်ဟု သူက ကမ်းလှမ်းသည်။ ရုပ်ပွားတော်များ၏ဈေးက ဒေါ်လာ ၅၀ တန်းမှ ဒေါ်လာ ငါးထောင်တန်း ခန့်အထိ အရွယ်အစား၊ လက်ရာပေါ်မူတည်၍ရှိကြောင်း ဆိုင်ရှင်ကရှင်းပြသည်။ သစ်ထု၊ ယွန်း၊ ကြေး၊ ငွေ၊ ဘော်နှင့် ပစ္စည်းအမျိုးအမည် မသိသော ဗုဒ္ဓရုပ်ထုစသည်ဖြင့် စုံလင်လှသည်။
အနေကဇာ မတင်ရသေးသော ရုပ်ပွားတော်ကို ရုပ်ထုဟုသာ သတ်မှတ်ရမည်ဟု မိမိကိုယ်မိမိ သတိပေး လိုက်ရသည်။
အနုပညာလက်ရာမြောက်သော ရုပ် ထုများသည် ကျဉ်းကျပ်လှသော အခန်းထဲတွင် နေရာအပြည့် အဆင် ပြေသလိုချထားသော်လည်း ကြည့်ရသည်မှာ လှပကျက်သရေရှိလှသည်။ ကြည့်ရသည်မှာ စိတ်ကြည်လင် လှသည်။ အနုပညာ လက်ရာကြောင့်လား၊ ဘာသာရေးမှတ်ဉဏ်ကြောင့် လားတော့မသိပါ။ ဒီလောက် လှတော့လည်း သူတို့လည်း လိုချင်မှာပေါ့လေ” ဟု ဖြေလျော့တွေးလိုက်သည်။
အင်တာနက်ပေါ်တွင် မြန်မာလက်မှု အနုပညာဟု ရိုက်ပြီး ရှာကြည့်သောအခါ မြန်မာနိုင်ငံမှ ဗုဒ္ဓရုပ်တု များနှင့် တခြားဘာသာရေးဆိုင်ရာ အနုပညာလက်ရာများကို အီးဘေးခေါ် ဈေးချလေလံခေါ်သော အရောင်း စာမျက်နှာတွင် တပုံတပင်တွေ့ရသလို မြန်မာနိုင်ငံမှ လက်မှုအနုပညာ လက်ရာများ တင်ပို့ ရောင်းချသည့် ၀က်ဘ်စာမျက်နှာများလည်း တွေ့ရသည်။ ဗုဒ္ဓရုပ်တုနှင့် ခေါင်းပုံအမျိုးမျိုးကိုလည်း အရွယ် ကို လိုက်ပြီး ခုနစ် ဒေါ်လာခန့်မှစ၍ ထောင်ဂဏန်းအထိ ရောင်းချနေသည်။
မိမိမမြင်လိုသော ကြော်ငြာများတွင် မထဲ့ကြရန် မျှော်လင့်၍ မရတော့ပါ။ မိမိမမြင်လိုသောနေရာတွင် အလှအပ အဆင်တန်ဆာအဖြစ် မတွေ့ချင်လို့လည်း မရတော့ပါ။ ထိုရုပ်ထုများကို ကိုးကွယ်ရန် ထုတ်လုပ်ခြင်းထက် အဆင်တန်ဆာများအဖြစ် ထုတ်လုပ်ပြီး နိုင်ငံခြားကို တင်ပို့နေကြ၍ ဖြစ်သည်။
ဘုရားစောင်းတန်းတွင် အိမ်ရှိဘုရားစင်အတွက် ရောင်းချခြင်းမဟုတ်ကြပါ။ ရောင်းသူကရောင်း၍ သယ်သူ ကသယ်ပြီး ပိုင်ဆိုင်သူက သူထားလိုရာထားသည်ကို တား၍ မရနိုင်တော့ပါ။ စိတ်ထဲတွင်တော့ မရှင်းလှ တာ အမှန်ပင်။
နောက်ပိုင်းအကြိမ်များစွာ ဗုဒ္ဓနှင့် တွေ့ဆုံမိရာတွင် အနုပညာ ယဉ်ကျေးမှုပြတိုက်များအပြင် အရောင်းဆိုင် များတွင် တွေ့ရသော၊ ငါးကန်အလှဆင်သည့် ဗုဒ္ဓခေါင်းနှင့်ဆင်သည့်အရုပ်များကို တွေ့သော၊ အဟောင်း ပစ္စည်းဈေးတန်းတွင် တွေ့ရသော အခါများတွင် ကြည်လင်သော အေးမြသော စိတ်ချမ်းမြေ့မှုကိုပေးသော နှစ်သက်ဖွယ် အနုပညာရုပ်ထုဟုသာ စိတ်ဖြေလျှော့၍ ကြည့်ရသည်။ ထိုအခါ အတိုင်းအတာတစ်ခု လောက်အထိတော့ ပြောင်းလဲမြင်လာသည်။
ထိုအချိန်တွင် ၀ါရှင်တန်ကို ရောက်လာသော ချစ်ခင်လေးစားရသော ဆရာကြီး ဦးတင်မိုးက သူ၏ကဗျာ စာအုပ်ငယ်လေး တစ်အုပ်ကို လက်ဆောင်ပေးလာသည်။ သူကိုယ်တိုင်လည်း ဖတ်ပြသည်။ မျက်နှာဖုံး တွင် မိမိကို နှစ်ပေါင်းများစွာ ဒွိဟ ဖြစ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်ပုံကို တင်ထားသည်။ ကဗျာအမည်ကား
“ဗုဒ္ဓနှင့်တွေ့ဆုံခြင်း”
ဘာမဟုတ် ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရား ကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေအကြားမှာ
ရောင်းစားခံရ
စီးပွားရေးမျက်စိစူးရှတဲ့
ဒီလိုဥရောပမှာ
မင်းက ဘာလာလုပ်သလဲတဲ့
ဗုဒ္ဓက မေးတော်မူတယ်။
ကိုယ်တော် မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိအမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမဲ့
မမှန်တာတွေပြော၊
မမှန်တာတွေဟောနေရ
ကိုယ်တော်က ဗုဒ္ဓေါတယမိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လည်း
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့” ဟူ၍ ဆရာတင်မိုး ကဗျာက အစချီသည်။ ကိုယ်တိုင်ရွတ်ပြနေသော ဆရာက အသံနှင့်ဌာန်နှင့် ခပ်ဖြည်းဖြည်းပဲ ရွတ်ဆိုသည်။
လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ်
မတော်တာတွေလုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။
မြန်မာနိုင်ငံတွင်း စစ်အုပ်ချုပ်မှု၊ တရားမဲ့မှုများကို စာဖွဲ့ထားရင်း တစ်ပုဒ်တွင်မူ မိမိ၏ ၀ိရောဓိကိုဖြေပေး သည့် ဆရာ့အရေးအဖွဲ့ကို စိတ်မောစွာ၊ နှစ်ခြိုက်စွာ၊ ရင်နင့်စွာ နားထောင်ရသည်။
ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကတ်မှာ
ငြိမ်သက်စွာ စံပယ်တာကမှ
အန္တရာယ်ခပ်သိမ်း၊
ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်။
စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။
အမြင်များကို ၎င်းအား လွှမ်းမိုးရိုက်ခတ်မှုရှိသည့်အာရုံများက ပြုပြင်သည်ဆိုလျှင် ဆရာကြီးဦးတင်မိုး၏ “ဗုဒ္ဓနှင့်တွေ့ဆုံခြင်း” က မိမိအနာအတွက် ရည်ရွယ်သော ဆေးမဟုတ်သော်လည်း အမြင်တစ်ခုကို တည့် ပေးလိုက်ခြင်းဖြစ်ကြောင်း မပြောဖြစ်ခဲ့သည့် ကျေးဇူးစကားကို ဆိုချင်တော့သည်။
နောင်သောအခါ ကိုးကွယ်ရာအဖြစ် ဘုရားစင်တွင် တွေ့ရသည့် ဗုဒ္ဓရုပ်ပွားတော်ကို ကြည်ညိုစိတ်ဖြင့် မြင်နိုင်ပြီး ထိုမှတစ်ပါး လှပသော အနုပညာလက်ရာဟုသာ မြင်လိုက်ပါတော့သည်။
အနေကဇာတင်ထားသော ရုပ်ပွားတော် သည် ဂုဏ်အင်္ဂါနှင့်ပြည့်စုံသော ဆည်းကပ်ရာ ကိုယ်တော် ဖြစ်ပြီး အနေကဇာမတင်သော ရုပ်ပွားတော်သည် အသွင်သာတူသော ရုပ်ထုတစ်ခု ဖြစ်သည်ဟူ၍။
အနီးမှုန်သူ အဝေးမှုန်သူများနှင့် မိမိကဲ့သို့ အမြင်စောင်းနေနိုင် သူများလည်း ဆရာကြီးကဲ့သို့သော အမြင်ကို ပြင်ပေးမည့်သူများနှင့် တွေ့ကြပါစေဟု ဆုတောင်းမိပါကြောင်း။
ဤဆောင်းပါးဖြင့် ဆရာကြီး ဦးတင်မိုး ကို ကျေးဇူးစကား ဆိုအပ်ပါသည်။
ဘာမဟုတ် ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရား ကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေအကြားမှာ
ရောင်းစားခံရ
စီးပွားရေးမျက်စိစူးရှတဲ့
ဒီလိုဥရောပမှာ
မင်းက ဘာလာလုပ်သလဲတဲ့
ဗုဒ္ဓက မေးတော်မူတယ်။
ကိုယ်တော် မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိအမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။
ဒါပေမဲ့
မမှန်တာတွေပြော၊
မမှန်တာတွေဟောနေရ
ကိုယ်တော်က ဗုဒ္ဓေါတယမိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လည်း
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့” ဟူ၍ ဆရာတင်မိုး ကဗျာက အစချီသည်။ ကိုယ်တိုင်ရွတ်ပြနေသော ဆရာက အသံနှင့်ဌာန်နှင့် ခပ်ဖြည်းဖြည်းပဲ ရွတ်ဆိုသည်။
လက်နက်ကိုင်စစ်တပ်က
အရပ်ရပ်နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ်
မတော်တာတွေလုပ်နေတော့
ဗုဒ္ဓကိုကြိုးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။
မြန်မာနိုင်ငံတွင်း စစ်အုပ်ချုပ်မှု၊ တရားမဲ့မှုများကို စာဖွဲ့ထားရင်း တစ်ပုဒ်တွင်မူ မိမိ၏ ၀ိရောဓိကိုဖြေပေး သည့် ဆရာ့အရေးအဖွဲ့ကို စိတ်မောစွာ၊ နှစ်ခြိုက်စွာ၊ ရင်နင့်စွာ နားထောင်ရသည်။
ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကတ်မှာ
ငြိမ်သက်စွာ စံပယ်တာကမှ
အန္တရာယ်ခပ်သိမ်း၊
ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓ ဆိုပြီး
နှုတ်ဟလို့ အမြွက်ခံရဦးမယ်။
စိတ်လက်မသာ ရှိတော်မမူပါနဲ့ ဘုရား။
အမြင်များကို ၎င်းအား လွှမ်းမိုးရိုက်ခတ်မှုရှိသည့်အာရုံများက ပြုပြင်သည်ဆိုလျှင် ဆရာကြီးဦးတင်မိုး၏ “ဗုဒ္ဓနှင့်တွေ့ဆုံခြင်း” က မိမိအနာအတွက် ရည်ရွယ်သော ဆေးမဟုတ်သော်လည်း အမြင်တစ်ခုကို တည့် ပေးလိုက်ခြင်းဖြစ်ကြောင်း မပြောဖြစ်ခဲ့သည့် ကျေးဇူးစကားကို ဆိုချင်တော့သည်။
နောင်သောအခါ ကိုးကွယ်ရာအဖြစ် ဘုရားစင်တွင် တွေ့ရသည့် ဗုဒ္ဓရုပ်ပွားတော်ကို ကြည်ညိုစိတ်ဖြင့် မြင်နိုင်ပြီး ထိုမှတစ်ပါး လှပသော အနုပညာလက်ရာဟုသာ မြင်လိုက်ပါတော့သည်။
အနေကဇာတင်ထားသော ရုပ်ပွားတော် သည် ဂုဏ်အင်္ဂါနှင့်ပြည့်စုံသော ဆည်းကပ်ရာ ကိုယ်တော် ဖြစ်ပြီး အနေကဇာမတင်သော ရုပ်ပွားတော်သည် အသွင်သာတူသော ရုပ်ထုတစ်ခု ဖြစ်သည်ဟူ၍။
အနီးမှုန်သူ အဝေးမှုန်သူများနှင့် မိမိကဲ့သို့ အမြင်စောင်းနေနိုင် သူများလည်း ဆရာကြီးကဲ့သို့သော အမြင်ကို ပြင်ပေးမည့်သူများနှင့် တွေ့ကြပါစေဟု ဆုတောင်းမိပါကြောင်း။
ဤဆောင်းပါးဖြင့် ဆရာကြီး ဦးတင်မိုး ကို ကျေးဇူးစကား ဆိုအပ်ပါသည်။
နမ်းခမ်းထွေး
Mizzima News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook