မိုင်ချက်အမည်ရှိ ပြည်တွင်း အပလီကေးရှင်း ထွက်မည်

မြန်မာ့ရိုးရာ ဇာတ်ကောင်၊ ရုပ်ပုံများ ပါဝင်မည့် My Chat အမည်ဖြင့် စာပို့ အပလီကေးရှင်း တစ်ခုကို မကြာမီ ကာလအတွင်း အများပြည်သူ သုံးနိုင်စွဲနိုင် ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အန်းဒရိုက် ဖုန်းများနှင့် တက်ဘလက် များတွင် အသုံးပြုနိုင်ပြီး မြန်မာပြည် ဈေးကွက်အတွက် သီးသန့်ပြုလုပ်ပေး ထားခြင်းဖြစ်ကာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် ကဲ့သို့ Status များနှင့် မိမိကြိုက်နှစ်သက်သည့် ပုံများ တင်နိုင်ခြင်း၊ မိမိ သူငယ်ချင်းများနှင့် စကားပြော ဆိုနိုင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့အပြင် မြန်မာအရုပ် စတစ်ကာများ အဖြစ်ဖိုးဝရုပ်၊ ဖိုးသာထူးနှင့် ဦးရွှေရိုး၊ ဒေါ်မိုးစသည့် အရုပ် စတစ်ကာ များကို အသုံးပြုနိုင် မည်ဖြစ်ပြီး မြန်မာ့ရိုးရာ စတစ်ကာများကို ထပ်မံ ထည့်သွင်းပေး သွားမည်ဖြစ်ရာ အပလီကေးရှင်း တစ်ခုလုံးကိုမြန်မာဘာသာ စကားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

အပလီကေးရှင်းကို အသုံးပြုသည့် အင်တာနက် ကွန်ရက်ဖြစ်သော 3Gနှင့် ၀ိုင်ဖိုင်စနစ်အပေါ် မူတည်၍ အသုံးပြုရသည့် အရည်အသွေး ကွာခြားနိုင်ကြောင်း My Squar မှ သိရသည်။

MyChat Application တွင် လက်ရှိပဏာမလုပ်ဆောင်နိုင်မှု များအပြင် စတစ်ကာအသစ်များ၊ လုပ်ဆောင်ချက် အသစ်များ ထပ်မံထည့်သွင်း ပေးသွားမည်ဖြစ်ပြီး www.mysquar.com တွင် သွားရောက် လေ့လာနိုင်မည်ဖြစ်သည်။

MySquar မှာ ယခင်က မှန်၊ မှားဂိမ်း(My True False) အပါအ၀င်အက်ပလီကေးရှင်း ခြောက်မျိုး ဖန်တီး ထုတ်လုပ်ထားပြီးဖြစ်ရာ MyChat အမည်ရှိ မိုဘိုင်းအက်ပလီကေးရှင်းကို မကြာမီအသုံးပြုနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


7Day DAILY
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...