တူရကီ ပင်လယ်ကမ်းခြေမှာ ခေါင်းနှစ်လုံးနဲ့ လင်းပိုင်ကို တွေ့ရှိ

တူရကီနိုင်ငံက ပင်လယ် ကမ်းခြေ တစ်ခုမှာ ခေါင်းနှစ် လုံး ပါရှိတဲ့ လင်းပိုင် တစ်ကောင်ကို တွေ့ရှိခဲ့ ရတယ်လို့ ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ရေးသားဖော်ပြ ထား ပါတယ်။ အားကစား ကာယ ဆရာတစ်ဦး ဖြစ်တဲ့ မီတင်ဟာ အစ်မာ ပင်လယ်ကမ်းခြေမှာ ခေါင်း နှစ်လုံးနဲ့ လင်းပိုင်ကို ထူးထူးခြားခြား တွေ့ခဲ့ခြင်း ဖြစ် ပါတယ်။ လင်းပိုင်ဟာ ပင်လယ်ကမ်းခြေမှာ သေဆုံးနေ တာဖြစ် ပါတယ်။ မီတင်ဟာ ခေါင်း နှစ်လုံးနဲ့ လင်းပိုင်ကို တွေ့ရှိ ပြီးတဲ့နောက် တာဝန် ရှိသူတွေကို အကြောင်း ကြားခဲ့ ပါတယ်။ ဒီလင်းပိုင်ဟာ (၃ ဒသမ၂)ပေရှည် လျားပြီး အသက်(၁)နှစ်သာရှိ သေးတယ်လို့ ခန့်မှန်းထားကြ ပါတယ်။ ခေါင်းနှစ်လုံး ဖြစ်နေပေမယ့် အမြီးကတော့ တစ်ခုတည်း ရှိပါတယ်။

အသက် (၃၉)နှစ် အရွယ်ရှိ မီတင်က ကျွန်တော် ပင်လယ်ပြင်မှာ လင်းပိုင်တွေကို တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုလင်းပိုင်မျိုး ကိုတော့ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ ကြားလည်း မကြားခဲ့ဖူးပါဘူး။ ကျွန်တော့်ရဲ့ မျက်စိမှားသွားတယ်လို့တောင် ထင်ခဲ့ပါတယ်။ ကျွန်တော် အရမ်းကို အံ့အား သင့်ခဲ့ရ ပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။ ဒီလင်းပိုင်ကို ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ယူဆောင်ခဲ့ပြီး စမ်းသပ်ဖို့ ဓာတ်ခွဲခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အေကေ ဒီနစ်တက္ကသိုလ်မှ အဏ္ဏ၀ါ ဇီဝဌာနက ပရော်ဖက်ဆာမီမက်က လူသားတွေမှာလည်း ခေါင်းနှစ်လုံးအမြွှာရှိကြောင်း၊ လင်းပိုင်မှာလည်း ခေါင်းနှစ်လုံး အမြွှာရှိခဲ့လို့ လေ့လာဖို့ အခွင့်အရေးတွေရတော့မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါ တယ်။


ref;The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...