ယခုထက် ပိုကျန်းမာလာအောင်

ကျန်းမာရေး အခြေအနေ တချို့ က ပြင်းထန်းတဲ့ ဝေဒနာ မဟုတ်ပေမယ့် နေထိုင် သွားလာ လှုပ်ရှား မှုမှာ မအီမသာ ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အဲဒီလို အသေးအမွှား ဝေဒနာတွေ သက်သာစေဖို့ လိုက်နာသင့်တဲ့ အလွယ်နည်းတွေ ရှိပါတယ်။

ဖျားချင်သလိုလို ဖြစ်နေရင် 

ဖျားချင်သလိုလို မအီမသာ ဝေဒနာ တစ်ခုခု ဖြစ်လာရင် အနည်းဆုံး အချိန် ၉-နာရီလောက် အိပ်စက် အနားယူလိုက်ပါ။ ကိုယ်ခံစွမ်းအား စနစ်ကို မြင့်တက်စေပြီး စိတ်ဖိစီးမှုကို လျော့ကျ စေမယ့် နောက်တစ်နည်းက ကြမ်းပြင်ပေါ်မှာ လှဲနေပြီး ခြေ ထောက်တွေ ထောင်ပြီး နံရံမှာ မီကာ ဆန့် တန်းထားပါ။ ဒီ အနေအထား အတိုင်း နေပြီး အချိန် ၅-မိနစ်ခန့် အသက်ပြင်းပြင်း ရှူ သွင်း ပေးလိုက်ပါ။ စိတ်ဖိစီးမှု လျော့ကျကာ ကိုယ်ခံစွမ်းအားစနစ် မြင့်တက်လာပါ လိမ့်မယ်။ 

ခေါင်းတစစ်စစ် ကိုက်ခဲနေရင်

ရုတ်တရက် ခေါင်းကိုက်လာရင် ရေသောက်ပေးပါ။ အကြောင်းကတော့ ခေါင်းကိုက်တဲ့ အခြေအနေ အများစုဟာ ရေဓာတ် ခန်းခြောက်တာကြောင့် ဖြစ်တတ်တဲ့အတွက် ရေကိုများများ သောက်ပေးဖို့ 
လိုပါတယ်။

မှတ်ဉာဏ် မကောင်းသလို ဖြစ်လာရင်

တစ်နေ့ မှာ စကားလုံးဆက်တဲ့ ဂိမ်း ဒါမှမဟုတ် ပဟေဠိ အဖြေညှိတဲ့ ဂိမ်း တစ်ခုကို ကစားပေးရင် ဦးနှောက်စွမ်းအားကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကောင်းမွန် စေပါတယ်။ ဒီဂိမ်း ကစားနည်းတွေက သင်္ချာစွမ်းရည်နဲ့ နှုတ်စွမ်းရည်ကို ကောင်းမွန်အောင် တည်ဆောက် ပေးနိုင်တာကြောင့် ဦးနှောက် စွမ်းအားကို ကောင်းစေပါတယ်။

အစာစားချင်စိတ် ပြင်းပြနေရင်

အစာ စားချင်စိတ် ပြင်းပြ နေချိန်မှာ သစ်ကြားသီး အနည်းငယ် စားပေးပါ။ သစ်ကြားသီးမှာ ပရိုတင်း ဓာတ်နဲ့ နှလုံး ကျန်းမာစေတဲ့ အဆီတွေ ပါဝင်တာကြောင့်ဆာလောင်မှုကိုဟန့် တားပေး နိုင်စွမ်းရှိပါတယ်။
ဦးရေပြားမှာ သွေးထွက်နေတဲ့အနာရှိနေရင် အရေပြားကို မိမိဘာသာ စစ်ဆေးတဲ့ နည်းနဲ့ အရေပြား ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတွေကို သိနိုင်တဲ့ အပြင် ဆံပင် ညှပ်တဲ့ အခါမှာလည်း ဆံသဆရာကို မေးမြန်းပါ။ဦးရေပြားမှာ သွေးထွက်နေတဲ့ အနာရှိသလား၊အနာမကျက်နိုင်တဲ့ အဖုအကျိတ် တွေ ရှိနေ သလား စတဲ့ အပြောင်းအလဲတွေ ရှိနေရင် အရေပြား အထူးကု ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။


ကြယ်စင်
Good Health
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...