လူမှု ကွန်ရက်များကြောင့် လူငယ်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု အန္တရာယ် ပိုကြီးမားလာ

www.hellomorello.com
ဆုမြတ်

နယူးယောက် ၊ သြဂုတ် ၁၄

Facebook ကဲ့သို့သော လူမှုကွန်ရက် ၀က်ဘ်ဆိုဒ်များ ကြောင့် လူငယ်များ အွန်လိုင်းပေါ်တွင် လူအများ အပြား နှင့် ကြုံတွေ့ရပြီး လိင်ပိုင်းဆိုင်ရာ အန္တရာယ် ကြုံတွေ့ နိုင်ရစေကြောင်း ကျွမ်းကျင်သူ များက ဝေဖန် ပြောကြားခဲ့သည်။

လူငယ်တွေဟာ အရွယ် မတိုင်ခင်မှာတင် ချစ်သူ ထားတတ် လာသည့် နှုန်းမြင့်လာကြောင်း စင်ကာပူ အခြေစိုက် Youth Guidance Outreach ၀န်ဆောင်မှုမှ မစ္စတာ ၀ီလ်ဆင်တန် က ပြောသည်။

လူငယ် အများစုကလည်း သူတို့ ချစ်သူများ နှင့် လွန်လွန် ကျူးကျူး ဖြစ်ခဲ့ကြောင်း ၀န်ခံကြပြီး တချို့က လိင်ပိုင်းဆိုင်ရာ ကိစ္စမျိုးကို အရမ်းကို စူးစမ်း လိုကြခြင်း ဖြစ်ကြောင်း သိရသည်။

လိင်မှုဆိုင်ရာ ပညာပေး မှုများသည် လူငယ်များ အန္တရာယ်များသည့် လိင်ပိုင်းဆိုင်ရာ အပြုအမူများနှင့် ကြုံတွေ့နိုင်မှုကို တားဆီးနိုင် မည်ဖြစ်သည်။

မိဘများ အနေဖြင့် ကလေးများ ၏ အပြုအမူ အပြောင်းအလဲကို စောင့်ကြည့် သင့်ကြောင်း၊ ညနက်သည် အထိ အိမ်ပြင် ရောက်နေခြင်း၊ မိတ်ဆွေ သူငယ်ချင်းအိမ် မှာ ညအိပ်ခြင်း မိသားစု အပြင်ထွက်လည် ချိန်မှာ အိမ်မှာပဲ နေမည်ဟု ဆိုလာခြင်း စသည့် အပြုအမူများကို သတိထား သင့်ကြောင်း မစ္စတာတန်က ပြောသည်။

တချို့သော မိဘများက ကလေးများ နှင့် လိင်မှုကိစ္စများ အကြောင်း မပြောချင်ကြ ကြောင်း မိဘများ အနေဖြင့် ကလေးများ နှင့် လိင်မှုကိစ္စများ အကြောင်း ပြောစရာ ကြုံလာပါက ဆောင်ရန် ရှောင်ရန်များ ပြောမည့်အစား တိုင်ပင် ဆွေးနွေးခြင်းသာ ပြုလုပ်သင့်ကြောင်း လေ့လာသူများက အကြံပေးထားသည်။ 


Source: AFP
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...