ထိတ်လန့်စရာကောင်းတဲ့ ယာဉ်တိုက်မှု

အေသင်အောင်

တရုတ်နိုင်ငံ၊ Zhejiang ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုဟာ ထိတ်လန့်စရာ ဖြစ်ခဲ့ပေမယ့် ကံကောင်း ထောက်မစွာနဲ့ လူသေဆုံးမှု မဖြစ်ခဲ့ ဘူးလို့ သိရပါတယ်။ ဆလွန်ကား အပေါ် ဘိလပ်မြေဖျော်ကား ပိကျသွားတာ ဖြစ်ပေမယ့် ဒဏ်ရာရရုံ ကလွဲပြီး အသက် အန္တရာယ်ဆုံးရှုံးမှု မဖြစ်ခဲ့လို့ အားလုံး အံ့အားသင့်ခဲ့ရ ပါတယ်။ ဘိလပ်မြေ ဖျော်ကားဟာ အရှိန်လွန်ပြီး ဆလွန်ကားပေါ် ပိကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆလွန်ကားဟာ လုံးဝပြားသွားတဲ့ အနေအထားမျိုး ဖြစ်သွားပါတယ်။

ဆလွန်ကားမောင်းတဲ့ ယာဉ်မောင်းဟာ အပြင်ဘက်ကို ထွက်ပြီး အကူအညီ တောင်းခံခဲ့ပါတယ်။ ကားထဲမှာ အမျိုးသမီးနှစ်ဦး ကျန်ရှိနေပြီး အရေးပေါ် ကယ်တင်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ ဘိလပ်မြေ ဖျော်ကားကြီးကို ဖယ်ရှားဖို့ အချိန်ယူခဲ့ ရပါတယ်။ ဆလွန်းကားထဲ ရောက်နေတဲ့ အမျိုးသမီး ဟာ သတိရတဲ့ အနေအထားမှာရှိပြီး ကယ်ဆယ်ရေးလုပ်သားတွေ ခက်ခဲစွာ ထုတ်ယူခဲ့ရပါတယ်။ အသက် အန္တရာယ် မစိုးရိမ်ရပေမယ့် အရိုး တွေ ကျိုးသွားဖွယ် ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ဖွင့်ဟခဲ့ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...