ဝက်သားလိပ် ၁၂ လိပ် နှင့် chilli sauce အချဉ်လေး
***ဝက်သားလိပ် ဌာပနာ လုပ်ရန် လိုအပ်တာ လေးများ….
1. ပါးပါး သေးသေး လှီးထားသော ကြက်သွန်နီ – တရုတ် ထမင်းစား ပန်းကန်လုံး ၁ လုံး
2. ပုံတွင် ပြထားသကဲ့သို့ လှီးထားသော ဝက်သုံးထပ်သား – တရုတ် ထမင်းစား ပန်းကန်လုံးသုံး ၃ လုံးခွဲ
3. ပုံတွင် ပြထားသကဲ့သို့ လှီးထားသော တရုတ် နံနံ (celery) – တရုတ် ထမင်းစား ပန်းကန်လုံး ၂ လုံးခွဲ
4. ပုံတွင် ပြထားသကဲ့သို့ လှီးထားသော ကြက်သွန်ပင်- တရုတ် ထမင်းစား ပန်းကန်လုံး ၁ လုံး
5. ပဲငံပြာရည် အကျဲ (light soy sauce) – ထမင်းစားဇွန်း ၆ ဇွန်း (6 tbsp)
6. အရသာမှုန့် (chicken powder) – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (1 ½ tbsp)
7. ဆီ – ထမင်းစား ဇွန်း ၃ ဇွန်း (3 tbsp)
8. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (1 tsp)
9. ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (1 tsp)
***... ဝက်သားလိပ် လိပ်ရာတွင် သုံးသောကော် အတွက် လိုအပ်တာလေးတွေ…
1. ဂျုံမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (1 tsp)
2. ရေ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (1 ½ tsp) ကို ရေဖျော်လိုက်လျှင် လိုအပ်သော ကော် ရပါပြီ။
***... ဝက်သားလိပ် ၄ လိပ် နှစ်ကြော်ရန် မုန့်နှစ် အတွက် လိုအပ်တာလေးတွေ…
1. အကြော်မှုန့်  – ထမင်းစားဇွန်း ၅ ဇွန်း (5 tbsp)
2. ရေ – ထမင်းစားဇွန်း ၂ ဇွန်း (2 tbsp)
3. ကြက်ဥ – ၁ လုံး
***... ဝက်သားလိပ် အတွက် ဌာပနာလေးလုပ်ရအောင်…
ဒယ်အိုး တစ်လုံးထဲ ဆီ နှင့် ကြက်သွန်နီကို ထည့်ပြီး Medium heat ဖြင့် ၃ မိနစ်ခန့် ကြော်ပါ။
ပြီးလျှင် ဝက်သား၊ ဆား၊ အရသာမှုန့် နှင့် ပဲငံပြာရည် ကိုထည့်ပါ။
ဝက်သားထဲမှ အရည်များခြောက်ပြီး ကျက်ခါနီးလျှင် တရုတ်နံနံ၊ ကြက်သွန်ပင် နှင့် ငရုတ်ကောင်း ကို ထည့်ကာ ၃ မိနစ်ခန့် ဆက်ကြော်ပါ။
အရည်များအရမ်းများနေလျှင် အဖတ်များကို ဒယ်အိုးတစ်ဖက်တွင်ကပ်ကာ အိုးကိုစောင်းပြီး အရည်များ ကိုပဲ အပူပေးကာ အငွေ.ပြန်ခိုင်းပါ။
အပေါ့အငံမြည်းပြီးလျှင် မီးဖိုမီးကိုပိတ်ကာ ဝက်သားလိပ် လိပ်ရန် အအေးခံထားပါ။
***... ဝက်သားလိပ် (၁၂)လိပ် စလိပ်ကြရအောင်…
Spring roll (10″ x 10″)အဖတ်ကို ပုံတွင်ပြထားသကဲ့သို့ ခင်းပြီး ဌာပနာ 3 tbsp ထည့်ကာ ပုံပါ အတိုင်း ဖြည်းဖြည်းချင်း လိပ်သွားပါ။
အဆုံးတွင် ကော် ဖြင့် ကပ်ပေးပါ။
ထိုနည်းအတိုင်း ၁၂ လိပ်လုံးကို လိပ်ပေးပါ။
***... ဝက်သားလိပ် ၄ လိပ် ကြော်ရန်…
အကြော်မှုန့်  5 tbsp၊ ရေ 2 tbsp နှင့် ကြက်ဥ ၁ လုံးရောဖျော်ထားသော မှုန့်နှစ်ထဲ ဝက်သားလိပ် ကို ၁ လိပ်ချင်း ထည့်ကာလူးပေးပါ။
ပြီးလျှင် medium heat ဖြင့် အပူပေးထားသော ဆီဒယ်အိုးထဲ ထည့်ကာ ဟိုဖက်၊ဒီဖက်လှန်ပြီး ကြော်ပေး ပါ။
ရွှေဝါရောင်လေးဖြစ်လာလျှင် ဆယ်ထုတ်ပြီး chilli sauce အချဉ်လေးနှင့် စားသုံးနိုင်ပါပြီ။
***... Chilli sauce အချဉ်လေး လုပ်ရအောင်….
1. chilli sauce – ထမင်းစားဇွန်း ၅ ဇွန်း (5 tbsp)
2. ပဲငံပြာရည် အကျဲ – ထမင်းစားဇွန်း ၅ ဇွန်း (5 tbsp)
3. ရေ – ထမင်းစားဇွန်း ၅ ဇွန်း (2 tbsp)
4. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ ( 1 ½ tsp)
5. Chicken powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (1 tsp)
6. ငရုတ်သီးလှော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (1 ½ tsp)
7. ပါးပါးလှီးထားသော နံနံပင် – ထမင်းစားဇွန်း ၃ ဇွန်း (3 tbsp)
8. ဓါးပြားရိုက်ကာ တောက်တောက်စင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၃ ဇွန်း (3 tbsp)
အားလုံးကိုရောဖျော် လိုက်လျှင်chilli sauce အချဉ်လေးကို ရပါပြီ။
ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook