သင့်ကို အရွယ်တင်နုပျိုစေမည့် ကီဝီသီး (Kiwi Fruit)

ကီဝီသီး ထဲတွင် ပါဝင်သော vitamin C (anti-oxidant) ဓါတ်သည် ကိုယ်ခံ အားကို ကောင်းမွန် စေ၍ အရွယ်တင် နုပျိုစေပါသည်။

ကီဝီသီး ထဲတွင် ပါဝင်သော Fibre ဓါတ်သည် ၀မ်းကိုလည်း မှန်စေသလို ကိုလက် စထရော ကိုလည်း ကျစေပါသည်။ ကယ်လိုရီဓါတ် အလွန် နည်းသည့်အတွက် ကိုယ်အလေးချိန် ကိုလည်း လျော့ချပေးနိုင် ပါသည်။

ကီဝီသီးထဲမှ Potassium ဓါတ်သည် နှလုံးခုန် မမှန်ခြင်း၊ လေဖြတ်ခြင်းနှင့် သွေးပေါင် တက်ခြင်းတို့ကို ကာကွယ်ပေးနိုင် ပါသည်။

အသီးကို ဒီအတိုင်း စားလို့ရသလို ဖျော်ရည် လုပ်၍လည်း သောက်သုံးပေးနိုင် ပါတယ်။ အခြားသစ်သီး များနှင့် ရောပြီး သီးစုံဖျော်ရည် လုပ်၍လည်း သောက်သုံးနိုင် ပါတယ်။

ခန္ဓာကိုယ် သွယ်လျပြီး လှပသော အသားအရည်ကို ပိုင်ဆိုင်လိုသူများအနေဖြင့် ကီဝီသီးဖြင့် သဘာဝ အတိုင်း ပြုလုပ်ထားသော PHYTOVY (ဆိုင်တိုဗီ) တို့လို အဆီချဆေး များကိုလည်း သောက်သုံးပေးနိုင် ပါတယ်။

ထို့ကြောင့် ကီဝီသီးကို များများစားပေးလျှင် ကျန်းမာရေးအတွက် အလွန်အထောက် အကူပြုပေးနိုင်သလို လူကိုလည်း အရွယ်တင်နုပျိုစေ ပါသည်။

စောနွဲ့ နေဆိုင်(ပူတာအို) ဘာသာပြန်သည်။
Ref: Health Benefits of Kiwi Fruit

ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...