Data Transfer လုပ်ရာမှာ မြန်နှုန်း မြှင့်တင်ပေးမဲ့ SanDisk Dual USB Drive



ကွန်ပြူတာနဲ့ Android phones/tablets တွေအကြား Data တွေကို transfer လုပ်ရာမှာ ပိုမိုမြန်ဆန်အောင် စွမ်းဆောင်ပေးမဲ့ Dual USB Drive ကို SanDisk က မိတ်ဆက် ပေးလိုက်ပါတယ်... ဒီ Drive ဟာ အတော်လေး သေးငယ်ပြီး အရွယ်အစားအားဖြင့် 1.5" x 0.75" မျှသာ ရှိပါတယ်... Drive ရဲ့ တဖက်တချက်စီမှာ phones/tablets တွေနဲ့ ချိန်ဆက်အသုံးပြုဖို့ microUSB port ပါရှိပြီး အခြားတဖက်မှာတော့ ကွန်ပြူတာမှာ ချိန်ဆက်အသုံးပြုနိုင်တဲ့ USB 2.0 port တခု ပါရှိပါတယ်... Model အားဖြင့် 16 GB, 32 GB နဲ့ 64 GB စသဖြင့် ပါဝင်ပြီး Read/write လုပ်တဲ့ မြန်နှုန်း speed ကတော့ drive model အလိုက် ၁ စက္ကန့်ကို 50 MB ကနေ 80 MB အထိ data transfer လုပ်နိုင်တယ်လို့ ဆိုပါတယ်...



Drive ကို အသုံးမပြုခင်မှာ SanDisk Memory Zone App ကို ဒေါင်းလုပ်ရယူပြီး Android phones/tablets တွေမှာ install လုပ်ထားဖို့ လိုပါလိမ့်မယ်... SanDisk က ဆိုထားတဲ့အတိုင်း Dual USB Drive ဟာ Plug-and-Play tool တခုဖြစ်တဲ့ အတွက်ကြောင့် Drive ကို Devices တွေနဲ့ ချိတ်ဆက်လိုက်တာနဲ့ စတင် အလုပ်လုပ်မှာ ဖြစ်ပါတယ်... တခုရှိတာကတော့ phones/tablets တွေ အားလုံးနဲ့တော့ compatible မဖြစ်သေးပါဘူး... အသေးစိတ် သိချင်တယ်ဆိုရင်တော့ http://www.sandisk.com/products/usb/dualdrive/ မှာ သွားရောက် လေ့လာနိုင်ပါတယ်...။



ref;sandisk.com
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...