အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ e-Banking ဝန်ဆောင်မှု စတင်
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) သည် အင်တာနက်ပေါ်မှတစ်ဆင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည့် e-Banking ဝန်ဆောင် မှုကို ယနေ့ စတင်လိုက်ပြီဖြစ်သည်။
Android နှင့် iOS Mobile ထုတ်ကုန် နှစ်ခုစလုံးတွင် အသုံးပြုနိုင်မည့် e-Banking ဝန်ဆောင်မှုကို သုံးစွဲသူများသည် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်သို့ သွားရောက်ပြီး ယင်းဝန်ဆောင်မှုကို အသုံးပြုနိုင်မည့် application ကို ထည့်သွင်းရမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ app ကို Apple Store နှင့် Google Paly တို့တွင်လည်း အခမဲ့ download ရယူနိုင် ကြောင်းသိရသည်။
အဆိုပါဘဏ်၏ e-Banking ဝန်ဆောင်မှုသည် မိုဘိုင်းဖုန်း အင်တာနက်မှ တစ်ဆင့် ငွေလွှဲနိုင်ခြင်း၊ မိုဘိုင်းဖုန်းဘီလ်များ ထည့်သွင်းနိုင်ခြင်း၊ မိမိဘဏ် စာရင်း၏ လက်ကျန်ငွေများကို အချိန်နှင့်အမျှ စစ်ဆေးမှုများပြုလုပ်နိုင်ခြင်း အစရှိသည့် ဝန်ဆောင်မှုများကို စတင်သုံးစွဲနိုင်မည် ဖြစ်ကြောင်းသိရသည်။
ထို့အပြင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ e-Banking ဝန်ဆောင်မှုသည် နေ့စဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်းနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထည့်သွင်းပေးသွား မည်ဖြစ်သည်။

re;internet journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook