Ginger Onion Dry Chili Frog

စင်ကာပူမှာတော့ ဆန်ပြုတ် ပူပူလေးနဲ့တွဲပြီး စားကြတယ်ဗျ။ စင်ကာပူ တရုတ်တန်းက ဆန်ပြုတ် ဆိုင်ဟာ နာမည်ကြီးပဲဗျို့.......။

တခု စိတ်မကောင်းစရာက လွန်ခဲ့တဲ့ ၁၄-၅နှစ် တည်းက ပြည်ကြီးတရုတ် အလုပ်သမားတွေပဲ ရှိခဲ့တဲ့ဆိုင်က ပြီးခဲ့တဲ့ နှစ်ကစပြီး သန့်ရှင်းရေး လုပ်တာ မြန်မာအလုပ်သမားကို စပြီးခန့်ထား တာပါပဲ။

ဒါပေမယ့်.... ထားလိုက်ပါဗျာ။ အလုပ်ဟူသမျှဂုဏ်ရှိစွပဲ မဟုတ်ပါလား.....။

ချက်ကြမယ်။
--------------

ဖား၃ကောင်ကို အနေတော်အတုံးတွေတုံးပြီး ဆား၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆနွင်းမှူန့်စတာတွေနဲ့နယ်ပါ။ ပြီးရင် ဆီနဲ့ အသားတွေ တင်းအောင်ကြော်ပေးပါ။

နောက်ထပ် ဇောက်နက်နက်တအိုးထဲမှာ မီးပြင်းပြင်းနဲ့ ဆီနည်းနည်းထည့်၊ ကြက်သွန်ဖြူပါးပါးလှီး။ ချင်းပါးပါး လှီးထားတာကို ထည့်ပြီး မွှေပေးပါ။ ပြီးရင်ခုဏက ကြော်ထားတဲ့ ဖားသားတွေကိုဆယ်ပြီး အခုအိုးထဲထည့် ပဲငံပြာရည်အနောက်၊ ဟင်းချက်ဝိုင်အဖြူ၊ ပဲငံပြာရည်အကြည်စတာတွေကို အနေတော် ထည့်ပြီး မွှေပေးပါ။

အားလုံး လုံးသွားရင် ကြက်သွန်မြိတ် လက်တဆစ်လောက် လှီးထားတာတွေထည့်၊ ငရုတ်သီး အခြောက် ထည့်ပြီး ထပ်မွှေပေးပါ။ အဖုံးကို ၁မိနစ်လောက် အုပ်ထားပေး။

ပြီးရင်တော့..........

ချင်းနံ့၊ ငရုတ်သီးနံ့ နဲ့ ကြက်သွန်မြတ်နံ့မွှေးမွှေးလေးနဲ့ ချက်ထားတဲ့ ဖားသားဟင်း တခွက်ရပြီပေါ့ဗျာ။


ref;https://www.facebook.com/hubbykitchen?fref=photo
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...