နာနတ်ရည်နှပ် နံရိုးနုကင်

Ingredients 

အဆီနည်းသော ၀က်နံရိုး - ၅၀ ကျပ်သား
နာနတ်ရည် - လက်ဖက်ရည် ပန်းကန်လုံး ၁ လုံး
နုပ်နုပ်စဉ်းထားသော စပါးလင် - စားပွဲတင်ဇွန်း ၃ ဇွန်း
နုပ်နုပ်စဉ်းထားသော သံပရိုရွက် - စားပွဲတင်ဇွန်း ၁ ဇွန်း
ပါးပါး လှီးထားသော ကြက်သွန်နီဥသေး - ၅ လုံး
နံနံစေ့အမှုန့် - စားပွဲတင်ဇွန်း ၁ ဇွန်း
စေးပျစ်အောင် ကြိုထားသော အုန်းနို့ဦးရည်နှစ် - လက်ဖက်ရည် ပန်းကန်လုံးတ၀က်
မဆလာ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား - စားပွဲတင်ဇွန်း ၁ ဇွန်း 

Directions 

၁။ ၀က်နံရိုးများကို ရေစင်အောင်ဆေးပြီး အနေတော်အရွယ်တုံးပါ။ အရွတ်နှင့် အကြောမျှင်များကို ဓါးဖြင့် ခြစ်ထုတ်ပစ်ပါ။

ထို့နောက်နာနတ်ရည်ထဲတွင် ၁၀မိနစ်ခန့် နှပ်ထားပါ။

၂။ စပါးလင်၊ သံပရိုရွက်၊ ကြက်သွန်နီ၊ နံနံစေ့ နှင့် ဆားတို့ကိုရောပြီး မှုန့်ညက်အောင် ထောင်းပါ။

၃။ နံရိုးများကို နာနတ်ရည်ထဲမှ ဆယ်ပြီး ထောင်းထားသော ပါဝင်ပစ္စည်းများ၊ မဆလာ၊ အုန်းနို့ ဦးရည်နှစ်များနှင့် ရောနယ်ကာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။

၎။ထို့နောက် ကင်စက်တွင် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် မိနစ် ၂၀ မှ ၃၀ ထိကင်ပါ။

၅။ ခရမ်းချဉ်သီးဆောစ့်၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များဖြင့် ခပ်ပူပူတည်ခင်းပါ။


ref;www.shweo.net/recipe/index/view/id/2717
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...