Motorola က စက်တင်ဘာလ လေးရက်နေ့တွင် Moto G2 , X+1 နှင့် Moto 360 တို့ကို ကြေညာမည်
Motorola က စက်တင်ဘာလ လေးရက်နေ့တွင် ကျင်းပမည့် ပွဲအတွတ် ဖိတ်စာများကို မီဒီယာများ သို့ ဖိတ်ကြား လိုက်ပါသည်။ ကျွမ်းကျင်သူများက အဆိုပါပွဲတွင် Moto G2 , Moto X+1 စမတ်ဖုန်း များ အပြင် Moto 360 စမတ်နာရီ ကိုလည်း ကြေညာမည်ဟု ခန့်မှန်းထား ကြပါသည်။ ထို့အပြင် Bluetooth Headset Accessory ကိုလည်း ပြသမည်ဟု သိရပါသည်။
Moto X+1 သည် Motorola ၏ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်နိုင်ပါသည်။ 2.5GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 801 Chipset , 2GB RAM ပါရှိမည်ဟု ခန့်မှန်းရပါသည်။ ယခင် ထွက်ပေါ်ခဲ့သော သတင်းများအရ 1080p Resolution ရှိသော ၅.၁ သို့မဟုတ် ၅.၂ လက်မ ထိတွေ့မျက်နှာပြင်ကို တပ်ဆင်ထားမည် ဖြစ်သည်။ အနောက်ဘက်တွင် 12 MP Camera နှင့် 2900mAh Battery တပ်ဆင်ထားမည်ဟု သိရပါသည်။
Moto G2 ကို စက်တင်ဘာလ ဆယ်ရက်နေ့တွင် ယူရို ၂၅၀ ဖြင့် ရောင်းချမည်ဟု သတင်းထွက်ပေါ်နေ ပါသည်။ 720p ငါးလက်မ မျက်နှာပြင်နှင့် Quad-Core 1.2GHz Cortex-A7 CPU တပ်ဆင်ထားသော Snapdragon 400 Chipset ကို တပ်ဆင်ထားမည်ဟု သိရပါသည်။ Adreno 305 GPU, 1GB RAM ပါရှိမည် ဖြစ်သည်။အနောက်ဘက်တွင် 8 MP Camera ပါရှိမည် ဖြစ်သည်။ Dual SIM သုံးနိုင်မည် ဖြစ်သည်။ အဆိုပါဖုန်းကို Moto G+1 ဟု ခေါ်ဆိုမည်ဟု ယခင်က သတင်းထွက်ပေါ်ခဲ့ဖူးပါသည်။ သတင်းအချက်အလက် အတိအကျကို စက်တင်ဘာလ လေးရက်နေ့တွင် သိရမည် ဖြစ်သည်။
Moto 360 စမတ်နာရီကို မတ်လ ၁၈ ရက်နေ့တွင် ကြေညာခဲ့ပြီး ခြောက်လအကြာ စက်တင်ဘာလတွင် ရောင်းချပေးတော့မည် ဖြစ်သည်။ ယခင်ထွက်ပေါ်ခဲ့သော သတင်းများအရ စမတ်နာရီတွင် သတ္တု ကိုယ်ထည်ကို အသုံးပြုထားမည် ဖြစ်သည်။ ကြိုးမဲ့ အားသွင်းစက်လည်း ပါရှိမည် ဖြစ်သည်။ ယူရို ၂၄၉ ၀န်းကျင်ဖြင့် ရောင်းချမည်ဟု ခန့်မှန်းရပါသည်။

ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook