Ooredoo Myanmar ၏ အင်တာနက်လိုင်း ၀န်ဆောင်မှု မန်္တလေးတွင် အဆင်မပြေ(၂၃.၈.၂၀၁၄)

Ooredoo Myanmar ၏ ဖုန်းကတ်များဖြင့် အင်တာနက်လိုင်း အသုံးပြုရာတွင် နှေးကွေး လွန်းခြင်းနှင့် သုံးစွဲသူအချို့မှာ အသုံးပြုမှု မရဖြစ် နေပြီး သုံးစွဲခနှုန်း မြင့်တက်နေသည့် အင်တာနက် လိုင်းအတွက် အဆင်မပြေမှုများ ရှိနေကြောင်း မန္တလေး မိုဘိုင်းလ် ဈေးကွက်အတွင်းမှ တစ်ဆင့် ကြားသိရသည်။ “Ooredoo Myanmar ရဲ့ မိုဘိုင်းလ် Internet နဲ့ အင်တာနက်လိုင်းတွေ ပျောက်နေတယ်။ ကျွန်တော်စုံစမ်း တော့ ဖုန်းမှာ Setting မှားတာလားပေါ့။ အဲဒါမဟုတ်ဘူး။ Server တွေပြင်နေ တာလို့ပြောတယ်။ နည်းပညာပိုင်း ဖြည့်ဆည်းတာတွေလုပ် နေတာဖြစ်မယ်။ အိမ်မှာ ရှိတဲ့ဖုန်းနှစ်လုံးမှာ တစ်လုံးကအင်တာနက်ရ ပြီး နောက်တစ်လုံးက မရဘူးဖြစ်နေတယ်”” ဟု SKY မိုဘိုင်းလ်ဆိုင်မှ ကိုဇာနည် ကပြောသည်။

Ooredoo Myanmar အနေဖြင့် ဖုန်းကတ်များကို မန္တလေး မိုဘိုင်းလ်ဈေးကွက် အတွင်းသို့ ရောင်းချချိန် တွင် အင်တာနက်လိုင်းများ ပျောက်နေခြင်းများကြောင်း ယင်းကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း၊ မိုဘိုင်းလ်ဆိုင် များတွင်လည်း အင်တာနက်လိုင်းနှင့် ပတ်သက်သည့် ပြုပြင်ဆောင်ရွက်မှု များရှိနေသဖြင့် Ooredoo Myanmar ပြင်ဆင်နေခြင်းကြောင့်သာဖြစ်ကြောင်း ပြောဆို ရှင်းပြနေရသည် ဟု ကိုဇာနည်ကဆက်လက်ပြောကြားခဲ့သည်။

“ Ooredoo Myanmar ရဲ့ (၁,၅၀၀) တန် တန်ဖိုးနည်း SimCard တွေကို မန္တလေးမှာ သြဂုတ် ၂ ရက်က စရောင်းပေးခဲ့တုန်း အင်တာနက်လိုင်းကောင်းလွန်းလို့ သဘောကျနေကြတယ်။ ဖုန်းလိုင်း လဲကောင်း တယ်။ သြဂုတ် ၁၄ ရက်မှာ နေပြည်တော်မှာ ဈေးကွက် စတင်ခြင်း အထိမ်းအမှတ် ပွဲကျင်းပြတဲ့အခါ အရင်နေ့တွေကထက် အင်တာနက်လိုင်း တွေနှေးသွားတဲ့အပြင် ကုန်ကျငွေက MPT ထက်ပို နေတယ်”” ဟု Ooredoo Myanmar ၏ အင်တာနက်သုံးစွဲသူတစ် ဦးက ထပ်မံပြောကြားခဲ့သည်။ 


ကျော်ထက်
https://www.facebook.com/MyanmarDigitalLife
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...