ဆေးပညာ နိုဘယ်လ်ဆု နော်ဝေ ဇနီးမောင်နှံနှင့် အမေရိကန်နိုင်ငံသား ပူးတွဲရရှိ
7October 2014 —– အခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို နော်ဝေဇနီးမောင်နှံ မေဘရစ်နဲ့ အဒ်ဘာ့ဒ် မိုစာ၊ အင်္ဂလိပ်နွယ်ဖွား အမေရိကန် လူမျိုး ဂျွန်အို ကက်ဖီး တို့ကို ပူးတွဲ ချီးမြှင့် လိုက်ပါတယ်။
လူသားဦးနှောက်ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံစနစ်ကို သူတို့က ရှာဖွေ ဖော်ထုတ်နိုင် ခဲ့တာကြောင့် လေဖြတ် ဝေဒနာနဲ့ အယ်ဇိုင်းမား ရောဂါတို့က ဦးနှောက်အပေါ် ဘယ်လို သက်ရောက် သလဲဆိုတဲ့ သဲလွန်စကို ရခဲ့တာဖြစ် ပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်ဟာ အတွေးအခေါ် ရှင်တွေနဲ့ သိပ္ပံပညာ ရှင်တွေကြားမှာ ရာစုနှစ်တွေချီပြီး ပဟေဠိဖြစ်နေတဲ့ ပုစ္ဆာကို အဖြေထုတ်ပေးနိုင်ခဲ့ တယ်လို့ နိုဘယ်လ်ဆု ရွေးချယ်ရေးအဖွဲ့က ဆိုပါတယ်။
ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းနဲ့ ညီမျှတဲ့ ဆွီဒင်ခရောင်းငွေ ၈ သန်း ကို ချီးမြှင့်မှာ ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာ နိုဘလ်ယ်ဆုဟာ နှစ်စဉ်ပေးအပ်နေတဲ့ နိုဘလ်ယ်ဆုတွေထဲမှာ အစောဆုံး ကြေညာတဲ့ ဆုဖြစ် ပါတယ်။
ဒိုင်းနမိုက်ကို တီထွင်သူနဲ့ စီးပွားရေးလုပ်ငန်းရှင် အဲဖရက် နိုဘယ်လ်ရဲ့ သေတမ်းစာအတိုင်း ၁၉၀၁ ခုနှစ်ကစလို့ သိပ္ပံနယ်ပယ်၊ စာပေနယ်ပယ်က ထူးချွန်သူတွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သူတွေကို နှစ်စဉ်ပေးအပ်နေ တာဖြစ်ပါတယ်။
DVB News

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+