ထုံးတမ်းစဉ်လာ လက်ထပ် ထိမ်းမြားခြင်း ဆယ်ပါး

လူမျိုး အသီးသီးတို့၏ ရိုးရာဓလေ့ ထုံးတမ်းသည် ချစ်စရာ ကောင်းသည်။ နူးညံ့သိမ်မွေ့သည်။ လေးစား ဖွယ် ကောင်းသည်။ ရိုးရာ ဓလေ့ထုံးတမ်း များတွင် သာမန် လူတို့ မမြင်နိုင်သော (၇)ရက် သားသမီးတို့ကို ကောင်းကျိုး ပြုကာကွယ် စောင့်ရှောက်စေသော လောကီ စွမ်းအင်များ ရှိပေသည်။ လေး နက်မှု၊နက်ရှိုင်းမှု ရှိပေသည်။ ထိုစည်း ကမ်းဓလေ့ ထုံးတမ်း စဉ်လာကို လိုက်နာလျှင် ဘဝ တစ်သက်တာ အတွက် ကောင်း ကျိုးပေးစေသည်။ ရှေးခေတ်လောကီ အတတ် ပညာရှင် ကြီးများသည် ထိမ်း မြားခြင်း (၁ဝ)မျိုးကို သတ်မှတ်ပိုင်းခြင်း စီမံညွှန်ကြား ခဲ့ကြပေသည်။ ထိုလက် ထပ်ခြင်း ဆယ်မျိုးတို့မှာ-

၁။ ပုဆိုးတန်းတင်ထိမ်းမြားခြင်း
၂။ ထမင်းလက်ဆုံစား၍ ထိမ်းမြား ခြင်း။
၃။ လက်စွပ်ချင်းလဲ၍ ထိမ်းမြားခြင်း
၎။ (က) အဝတ်ချင်းလဲ၍ထိမ်းမြားခြင်း
(ခ) သစ်ပင်ဓားထစ်လက်ထပ်ခြင်း
၅။ လက်-လက်ချင်း ထပ်၍ ထိမ်းမြားခြင်း
၆။ ဒါလီဖွဲ့၍ လက်ထပ်ခြင်း။
၇။ စုလျားရစ်ပတ်၍ ထိမ်းမြားခြင်း
၈။ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း
၉။ ရေခွက်၌ လက်စုံချ၍ ထိမ်းမြားခြင်း
၁ဝ။ ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း တို့ဖြစ်ပါသည်။

ရှေးထုံးကို မပယ်သင့်ဟူသော အဆိုအတိုင်း လူတို့သည် ရှေးအစဉ် အလာပညတ်ချက် ဆယ်ပါးကို အစဉ် အလာ မပျက် လိုက်နာစောင့်ထိန်းကျင့် သုံးလာခဲ့ပေသည်။


Popular Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...