စိတ်ကစဥ့်ကလျား ရောဂါကို သွေးစစ်နိုင်တော့မည်

စိတ်ကစဥ့် ကလျားရောဂါ (ှ Schizophrenia)သည် ကမ္ဘာ တစ်ဝှမ်းတွင် လူပေါင်း ၂၄သန်းတွင် ဖြစ်ပွား နေပြီး လူ တစ်ထောင်တွင် ၇ဦးနှုန်း ဖြစ်နေသည်။ ထိုရောဂါဖြစ်ပွားလျှင် မရှိသည့် အရာများကို ရှိသည်ဟု ထင် ခြင်း၊ တွေးတောမှု မူမမှန်ခြင်းနှင့် ခန္ဓာကိုယ် လှုပ်ရှားမှု မူမမှန်ခြင်း ဖြစ် လေ့ရှိ သည်။ ထိုစိတ် ကစဥ့်ကလျား ရောဂါအမည် တပ်ရန် ယခင်က စိတ် ပိုင်းဆိုင်ရာ ဆေးစစ်ချက်ပေါင်း များ စွာ ပြုလုပ် ခဲ့ရသည်။ ယခုအခါမှာ တော့ သွေးစစ်ခြင်းဖြင့် သိရှိတော့ မည်ဖြစ်သည်။ ရောဂါကိုစောလျင်စွာ သိရှိခြင်းကြောင့် ကုသမှုတွင် များစွာ အထောက်အကူ ပြုနိုင်တော့မည် ဖြစ်သည်။ ထိုစမ်းသပ်မှုအတွက် ကာ ရိုလိုင်းနား တက္ကသိုလ် မှ သုတေသီ အဖွဲ့သည် ရောဂါဖြစ်နေသူလူနာ ၃၂ဦး၏ သွေးနမူနာများကိုယူပြီး လေ့လာခဲ့ကြသည်။ သူတို့၏ သွေး များအတွင်းတွင် ( Markers)များကို လေ့လာတွေ့ရှိခဲ့သည်။ သူတို့တွေ့ရှိ ခဲ့သည့် အဖြေများဖြင့် စိတ်ရောဂါဖြစ် တော့မည်ကို ကြိုတင်စစ်နိုင်ခြင်းဖြင့် ကာကွယ်ကုသမှုများ ပြုလုပ်နိုင်တော့ မည်ဖြစ်သည်။ 


မာဃ
Ref;MNT
Health Updates Journal No,(137)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...