အမေရိကန် ပြည်ထောင်စုတွင် အားကစားခွန် ကောက်ခံမည်
‘အခွန် ထမ်းဆောင်ခြင်းနဲ့ သေခြင်း တရားကို ဘယ်တော့မှ ရှောင်လို့ မရနိုင်ဘူး’ လို့ ဆိုတဲ့ အင်္ဂလိပ် စကားပုံရှိပါတယ်။ မှန်တယ်လို့ ပဲဆိုရမှာပါ။ ၀င်ငွေခွန်၊ ရောင်းဝယ်ခွန်၊ အမြတ်ခွန်၊ ကုန်သွယ်ခွန် အစရှိတာ တွေ ကို မဆောင်ချင်လည်း ဆောင်ရပါတယ်။ အခွန် ရှောင်တယ် ဆိုရင်လည်း တည်ဆဲ ဥပဒေများအရ အပြစ်ဒဏ် ကျခံရပါတယ်။
ငွေမျက်နှာ တစ်ခုတည်း မကြည့်ဘဲ သိက္ခာနဲ့ ဘ၀ကို တည်ဆောက်နေ ကြသူတွေကတော့ အခွန်ကို လိုလိုချင်ချင် ပေး ဆောင်သူများ ရှိသလို သက်ဆိုင်ရာ အခွန်မှူးနဲ့ ညှိနှိုင်းပြီး ပေးသွင်းရမယ့် အခွန်အခတွေကို လျော့ကျ သွားအောင် လုပ်ယူနေကြ တာတွေကိုလည်း တွေ့ နေ၊သိနေရပါတယ်။ ဘာပဲပြောပြော အခွန်ဆိုတာ ရှောင်လို့  မရတာတော့ သေချာပါတယ်။
အခွန်ကောက်ခံရာမှာ ဒီမိုကရေစီရဲ့ ဘိုးအေလို့  တင်စားခေါ်ဝေါ်နေကြတဲ့ အမေရိကန်ပြည်ထောင်စုဟာ အတော် လေး ပြင်းထန်တင်းကြပ်တယ်ဆိုတာကို စာဖတ်သူသတိထားမိပါသလား။ ၀င်ငွေခွန်၊ ရောင်းဝယ်ခွန်၊ အမြတ်ခွန်၊ ကုန်သွယ်ခွန်တွေအပြင် အနုပညာရှင်တွေရဲ့ ဝင်ငွေကိုအခွန်ကောက်ခံမှုကလည်း ခပ်ကြမ်းကြမ်းပါပဲ။ ရုပ်ရှင် ရိုက်ကူးဖို့  စာချုပ်ကို နိုင်ငံထဲမှာချုပ်မယ်ဆိုရင် အခွန် ၅၀ ရာခိုင်နှူန်းဆောင်ရပါတယ်။ ဒါဟာ ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့  ဒေါ်လာတစ်သန်းရတဲ့အနုပညာရှင်က အခွန်ဒေါ်လာသိန်း ၅၀ ပေးသွင်းရတယ်လို့  ပြောချင်တာပါ။ ဒါကြောင့် အမေရိကန်အနုပညာရှင်တွေဟာ စင်္ကာပူလိုနိုင်ငံမျိုးတွေကိုသွားပြီး စာချုပ်ချုပ်ကြပါတယ်။ နိုင်ငံရပ်ခြား မှာ စာချုပ်ချုပ်ဆိုတယ်ဆိုရင်တော့ ၀င်ငွေခွန်ကိုပဲဆောင်ရတယ်လို့  သိရပါတယ်။
လေဆိပ်မှာ၊ ရထားဘူတာရုံမှာ၊ စားသောက်ဆိုင်မှာ၊ ပစ္စည်းတစ်ခုကိုဝယ်တဲ့အခါမှာ customer က အခွန်အမြဲ ဆောင်ရပါတယ်။ ဟိုတယ်အခန်းယူတယ်ဆိုရင်လည်း customer က အခွန်ပေးနေရတာပါပဲ။ ဟိုတယ်ကလည်း သူ့ ဖက်ကနေ အခွန်ပေးရပါသေးတယ်။ နေရာတိုင်းမှာ နှစ်ဖက်လုံးက အခွန်ဆောင်နေရတာဖြစ်တဲ့အတွက် အခွန် ကိုရှောင်လို့ မလွတ်ပုံကို သေခြင်းတရားနဲ့ တောင် နှိုင်းပြကြတာပါ။
အခုလည်း လာပြန်ပါပြီ။ အောက်တိုဘာလ (၁) ရက်နေ့ ကစပြီး ရောင်းဝယ်ခွန် ၅ ဒသမ ၇၅ ရာခိုင်နှူန်း သတ်မှတ် ကောက်ခံဖို့  ၀ါရှင်တန်က ထုတ်ပြန်ကြေငြာပါတယ်။ ထူးခြားတာက အားကစားခန်းမတွေကိုလည်း ရောင်းဝယ်ခွန် ကောက်ခံမယ့်ကိစ္စပါပဲ။ အားကစားခန်းမပိုင်ရှင်တွေက ၀င်ငွေခွန်အပြင် ရောင်းဝယ်ခွန်ကိုပါပေးသွင်းရမှာဖြစ်ပြီး အားကစားလေ့ကျင့်ရေးလုပ်သူတွေကပါ ကိုယ်လက်လှုပ်ရှားအားကစားတဲ့အတွက် အခွန်ထမ်းဆောင်ရမယ်လို့  ဆိုပါတယ်။ ဒါကို ယောဂအခွန် (Yoga Tax) လို့ နိုင်ငံထဲမှာအသုံးပြုနေတဲ့အတွက် ယောဂသမားတွေအားလုံးက မကျေမနပ်ဖြစ်နေပါတယ်။
ယောဂဆိုတာ အားကစား မဟုတ်ဘူးလို့ သူတို့ ကဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ယောဂလေ့ကျင့် သူတွေ သန်းပေါင်းများစွာ ရှိပါတယ်။ ကိုယ်လက်ဆန့် တန်းပြီး အရေပြား၊ ကြွက်သား၊ အကြောအခြင်တွေကို ဖြေလျော့ပေး ပြီး သက်ဖြစ်အင်္ဂါ အစိတ်အပိုင်းတွေကို လှုံ့ ဆော်ပေးတဲ့ ယောဂလေ့ကျင့်ခန်းဟာ အမှတ်တမဲ့ ကြည့်လိုက်မယ်ဆို ရင် အားကစားလို့ ထင်ရပေမယ့် တစ်ကယ်တမ်းမှာ ခန္ဓာကိုယ်နေရာအနှံ့ ကို စိတ်နဲ့ ကြည့်မြင် ခံစားသိရှိပြုပြင်ပေးရ တဲ့အတွက် တရားမှတ်နည်း တစ်မျိုးသာဖြစ်တဲ့အတွက် Yoga Tax ဆိုတာ မရှိသင့်ဘူးလို့  ဒေါသတကြီးတုန့် ပြန် ပြောဆိုနေကြပါတယ်။
ယောဂဆိုတာ ထိုက်ကျိချွမ် ကစားသလိုပါပဲ။ ဒါမှမဟုတ် ကျန်းမာရေးအက တစ်မျိုးပါပဲ။ လေထုပတ်ဝန်းကျင်၊ စိတ်သံစဉ်နဲ့  အသက်ရှူနှူန်းကို စည်းချက်ကျကျအသုံးပြုပြီး ခန္ဓာ ကိုယ်တစ်ခုလုံးရဲ့  အကြောအခြင်ဆုံချက်တွေကို လိုက်လှုံ့ ဆော်ပေးတာဟာ အားကစားလို့ သတ်မှတ်မယ်ဆိုရင် အကနဲ့  ထိုက်ကျိချွမ်းကိုလည်း အားကစားလို့  သတ်မှတ်ရလိမ့်မယ်လို့  Yoga Alliance အသင်းဥက္ကဌ ရစ်ချတ်ကာပယ်က စောဒကတက်ပါတယ်။
တစ်ကယ်တော့ ယောဂဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ ကျော်က အိန္ဒိယနိုင်ငံက သူတော်စင်ရသေ့ကြီးတွေက စတင်ကျင့်သုံး လာခဲ့တာပါ။ နေ့ စဉ်သမထထိုင်ရင်း ကိုယ်စိတ်နှလုံး ကျန်းမာရေး တိုးတက်ကောင်းမွန်လာအောင် ခန္ဓာကိုယ်အတွင်း၊ အပြင်ကို စိတ်အာရုံနဲ့  ကိုယ်လှုပ်ရှားမှု နှစ်မျိုးပေါင်းပြီး ဆေးကုကြတာပါ။ ဒီလိုဆိုရင်လည်း ယောဂဟာ အားကစား မဟုတ်ပါဘူး။ ဆေးကုသနည်း တစ်မျိုးသာ ဖြစ်နေပြန်ပါတယ်။ ဒီလို ကိုယ်၊ စိတ်၊ ၀ိဥာဉ် ညီညွှတ်မျှတအောင် လေ့ကျင့်ပေးရာကနေ ခန္ဓာကိုယ်ကလည်း အဆီပိုတွေလောင်ကျွမ်းပြီး သပ်ရပ်ချပ်ရပ် လာတာကတော့ ဘေးထွက်အကျိုးကျေးဇူးလို့ ပဲ ဆိုရမှာဖြစ်ပါတယ်။
အခုအချိန်အထိကို အိန္ဒိယနိုင်ငံမှာ ယောဂအသင်းတွေဖွဲ့ ကြပြီး ယောဂကိုသမထလေ့ကျင့်ခန်းအဖြစ် ပြုလုပ်ကြပါ တယ်။ သမထမထိုင်ခင်မှာ ယောဂလေ့ကျင့်ခန်းကို စနစ်တကျပြုလုပ်ပြီး သွေးလေညီညွှတ်မျှတသွားတဲ့အခါ ကြည် လင်လန်းဆန်းစွာ သမထထိုင်ကြတာပါ။ ဒါကိုအားကစားလို့  သတ်မှတ်လို့ မရနိုင်ပါဘူး။
တစ်ကယ်တော့ အမေရိကန်ပြည်ထောင်စုဟာ ယောဂလေ့ကျင့်သူတွေကို အခွန်ကောက်ဖို့  အခုမှစကြိုးစားတာ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်ကလည်း တစ်ကြိမ်ကြိုးပမ်း ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ကန့် ကွက်မှုမျိုးစုံနဲ့  ကြုံ တွေ့ ခဲ့ရတဲ့အတွက် ကွင်းဆင်းစစ်ဆေးရာမှာ ယောဂဟာ အားကစားအစစ်အမှန်မဟုတ်ဘူးလို့  အဖြေထွက်ခဲ့တဲ့ အတွက် ဒေသတွင်းကောက်ခံတဲ့ ရောင်းဝယ်ခွန်ကနေ ကင်းလွတ်ခွင့်ပြုခဲ့ရပါတယ်။ အခု ၂၀၁၄ မှ တစ်ကျော့ပြန် လှည့်လာတာဖြစ်ပါတယ်။
အခုတစ်ခါတော့ အစိုးရ၀တ်လုံတော်ရများက ယောဂဟာ သမထစစ်စစ်မဟုတ်ဘူးလို့  ငြင်းဆိုချက်ထုတ်ပြန်နိုင် လောက်တဲ့ အထောက်အထားတွေ ရထားဟန်တူပါတယ်။ ဥပမာအားဖြင့် ယောဂကို သမထအဖြစ် လေ့ကျင့်ခြင်း ဟာ ဟိန္ဒူဘာသာဝင်တွေကနေ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင်တွေအထိ ပျံ့ နှံ့ သွားခဲ့ပေမယ့် ဘာသာရေး မတူညီပေမယ့် ယောဂလေ့ကျင့်ခန်းလုပ်ချင်တဲ့သူတွေအတွက်တော့ ယောဂဟာ အားကစားပဲလို့  အီရန်နိုင်ငံကို ဥပမာပေးပြီး ထောက်ပြထားပါတယ်။ အီရန်နိုင်ငံ စာသင်ကျောင်းတွေ အားလုံးမှာ ယောဂကို ယောဂ အားကစားလို့ ပဲ ခေါ်ပါတယ်။ မလေးရှားမှာ ယောဂလေ့ကျင့်ချိန်အတွင်း ဂါထာ၊ မန္တန်ရွတ်တာ၊ သမထ ထိုင်တာတွေကို တားမြစ် ပိတ်ပင်ထားပါတယ်။
ဒါတွေကိုထောက်ပြပြီး ယောဂဟာ ဘာသာရေးကို အခြေခံပြီးစတင်ခဲ့တာ မှန်ပေမယ့် အဲဒီ ဘာသာဟာ နိုင်ငံတော်ဘာသာ မဟုတ်ဘူးဆိုရင် ယောဂလေ့ကျင့်ပုံလည်း အဆင့်ဆင့်ပြောင်းလဲ လာတာဖြစ်တဲ့ အတွက် အမေရိကန်ပြည်ထောင်စုမှာ ယောဂကို အားကစားလို့ သတ်မှတ်ကြောင်း ဆန်ဒီယေဂိုပြည်နယ်တရားရုံး က ၂၀၁၃ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ အောက်တိုဘာလ (၁) ရက်နေ့ ကနေ စပြီး ယောဂလေ့ကျင့်ခန်းပြုလုပ်သူ တွေ အပါအ၀င် ကျန်းမာရေး အားကစားပြုလုပ်သူတိုင်းက အားကစားခွန်ကို ပေးဆောင်ကြရတော့မှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အခွန်ကောက်ခံရာမှာ ပြင်းထန်ကြမ်းတမ်းပါတယ်။ ဒါပေမယ့် ဒီအခွန်တွေကို ပြည်သူလူထုအတွက် အပြည့်အ၀ပြန်လည် အသုံးပြုပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်က တာဝန်ယူထားရတဲ့ အခြေခံ အုတ်မြစ်အဆောက်အအုံတွေဖြစ်တဲ့ လေယာဉ်ကွင်း၊ ဘူတာရုံ၊ လမ်းတံတား၊ လျှပ်စစ်နဲ့ စွမ်းအင်၊ ဆက်သွယ်ရေး ကွန်ရက်၊ ဆေးရုံ၊ ပညာရေးအဆောက်အအုံ လိုနေရာမျိုးတွေဟာ စံချိန်ပြည့်မှီကောင်းမွန်နေ တာပါ။
အစိုးရက ကောက်ခံလိုက်တဲ့အခွန်ကို ပြည်သူလူထုအတွက် အပြည့်အ၀အသုံးပြုပေးသလို နိုင်ငံတော်လုံခြုံရေး၊ ဖွံ့ ဖြိုးတိုးတက်ရေးနဲ့  အေးချမ်းသာယာရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက်အသုံးပြုပေးကြတဲ့အတွက် အမေ ရိကန် နိုင်ငံသားတွေဟာ အခွန်နဲ့ ပါတ်သက်လာရင် စောဒကတက်လွယ်ကြပေမယ့် အခွန်ထမ်းဆောင်ရမယ့် တာဝန်ကိုတော့ ကျေကြသူတွေမို့  အားကစားခွန်ကိုလည်း ဆောင်သွားကြမယ်လို့  မျှော်လင့်ရပါကြောင်း လေ့လာ ရေးသား တင်ပြအပ်ပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+