အသံဖြင့် အမိန့်ပေးခြင်း စနစ်က လုံခြုံမှုနည်းပါး

အသံဖြင့် အမိန့်ပေးခြင်း စနစ်ပါဝင်သည့် စမတ်ဖုန်းနှင့် အခြား စက်ပစ္စည်း များတွင် လူအများ အလွဲသုံးစား လုပ်နိုင် သော ကြီးမားသော လုံခြုံရေး အန္တရာယ်ကို တွေ့ရှိထားကြောင်း AVG ကွန်ပျူတာ လုံခြုံရေး ကုမ္ပဏီမှ နည်းပညာအရာ ရှိချုပ်က ရှာဖွေတွေ့ရှိ ထားသည်။

AVG မှ နည်းပညာရှင် Yuval Ben Itzhak သည် အသံဖြင့် အမိန့်ပေး၍ရသော စနစ်များကို လေ့လာ ကြည့်ရာ ယင်းစက်ပစ္စည်းများတွင် ပါရှိသည့် ပိုင်ရှင်၏ အသံနှင့်တူသော အသံအတု အယောင်တစ်ခုဖြင့် ၄င်း စက်ပစ္စည်းကို ထိန်းချုပ်နိုင်သောကြောင့် ကွန်ပျူတာ တတ်ကျွမ်းသည့် မကောင်းကြံ လိုသူတစ်ဦးက အဆိုပါ လုံခြုံရေးယိုယွင်းမှုကို အခွင့်ကောင်းယူကာ မက်ဆေ့ခ်ျ အတုများပေးပို့ခြင်း၊ ပိုင်ရှင်ကဖုန်းမခေါ်ဘဲ ခေါ်ဆိုစေခြင်း၊ ဖုန်း၏စနစ်များကို ထိန်းချုပ်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း ပြောပြသည်။

အသံဖြင့်ထိန်းချုပ်၍ရသည့် စနစ်များတွင် အမိန့်ပေးသူ၏ အသံကို အမှားအယွင်းမရှိဘဲ အတိအကျ စမ်းသပ်နိုင် မှသာ အဆိုပါလုံခြုံရေးပြသနာ ကပျောက်ကွယ် သွားမည်ဖြစ်သည်။ AVG ကုမ္ပ္ပ္ပဏီမှ နည်းပညာ အရာရှိချုပ် Yuval Ben-Itzhak သည် ကွန်ပျူတာဖြင့်ဖန်တီးထားသော အသံအတုအယောင် တစ်မျိုးဖြင့် စမတ်တီဗီ တစ်လုံးကို ဖွင့်ပြနိုင်ခဲ့သည့်အပြင် တီဗီအလုပ်လုပ်ပုံကိုလည်း ၄င်းအသံအတုဖြင့်အမိန့် ပေးကာထိန်းချုပ် ပြနိုင်ခဲ့သည်။ အဆိုပါ စမ်းသပ်မှုတွင် စမတ်တီဗီက အမိန့်ပေးသူ၏ အသံကို စစ်ဆေးခြင်း မရှိခဲ့သဖြင့် အလွယ်တကူ ထိန်းချုပ်နိုင် သောကြောင့် အသံကိုသေခြာစွာစိစစ်ခြင်း မရှိသည့်စနစ်သည် password မထည့်ထားသည့် ကွန်ပျူတာတစ် လုံးနှင့် တူကာ မည်သူမဆိုအသုံးပြုနိုင်ကြောင်း Yuval က ခိုင်းနှိုင်းပြသည်။

Apple နှင့် Android စမတ်ဖုန်းများတွင်လည်း အဆိုပါကဲ့သို့ အသံဖြင့် အမိန့်ပေးခြင်းစနစ်၏ လုံခြုံရေးအားနည်း ချက်များ ရှိကြောင်း Yuval က ဆက်လက် ပြောပြခဲ့သည်။ Android စမတ်ဖုန်းများ၏ အသံဖြင့်အမိန့်ပေးစနစ်ကို စမ်းသပ်ပြရာတွင် Yuval သည် ကွန်ပျူတာဖြင့်ဖန်တီးထားသော အသံတစ်မျိုးကိုထပ် မံအသုံးပြုခဲ့ပြီး ယင်းဖုန်းထဲရှိ ဖုန်းနံပါတ်များအားလုံးသို့ မက်ဆေ့ခ်ျ အတုတစ်စောင်ကိုပေးပို့ပြခဲ့သည်။

အသံဖြင့်အမိန့်ပေးခြင်းစနစ် တွင်လုံခြုံရေးမခိုင်လုံသောကြောင့် မိဘအုပ်ထိန်းသူများက တားမြစ်ပိတ်ပင်ထားသည့် ဖုန်း၏အစိတ်အပိုင်းအချို့ ကို ကလေးငယ်များက အသံဖြင့်လွယ် ကူစွာဖွင့်ကာ ကလေးငယ်များက ထိန်းချုပ်မှု လွတ်ကင်းစွာဖြင့် ဖုန်းကိုအသုံးပြုနိုင်တော့မည်ဖြစ်သည်။ ခေတ်မှီလာသည့် အနာဂတ်တစ်ချိန်တွင်လည်း နေအိမ်အမြောက်အများ၌ အသံဖြင့်ထိန်းချုပ်သည့်စနစ်ကို ထည့်သွင်းလာလျှင် သူခိုးများ၎င်းစနစ်၏အား နည်းချက် ကို အခွင့်ကောင်းယူသွားနိုင်သည်။

ထို့ကြောင့် လုံခြုံရေးစနစ်လျော့ရဲနေသော အသံဖြင့် အမိန့်ပေးခြင်း နည်းပညာသည် အင်တာနက် အဆက်အသွယ် ဖြင့် လုပ်ငန်းများ လုပ်ကိုင်နေကြသည့် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီဝန်ထမ်းများ နှင့် စီးပွားရေးသမားတို့တွင် မကောင်း ကြံလိုသူ တစ်ဦးကကုမ္ပဏီနှင့်ပတ်သက်သော မက်ဆေ့ခ်ျအတုတစ်ဆောင် ပို့စေရုံဖြင့် ၄င်းတို့အဖွဲ့အစည်း အတွက် ကြီးမားသောဆုံးရှုံးမှု များဖြစ်ပေါ်စေနိုင်သည်။


Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...