အကျော်အမော်များ၏ ၀တ်လစ်စားလစ် ဓါတ်ပုံများအား Google ဖျက်ဆီး


အမည်မသိ ဟက်ကာ တစ်စုက နာမည်ကြီး အမျိုးသမီး အနုပညာ ရှင်များ၏ ၀တ်လစ် စားလစ် ဓါတ်ပုံများကို ခိုးယူကာ အင်တာနက်ပေါ် တင်ခဲ့ရာ Google Search Engine ၏ အကူအညီဖြင့် အဆိုပါ ဓါတ်ပုံများကို လူအများက အလွယ်တကူ ကြည့်ရှုနိုင်ခဲ့ သောကြောင့် ယင်းဓါတ်ပုံများကို ဖျက်ပေးရန် မင်းသမီးများ၏ ရှေ့ နေ များမှ တောင်းဆိုလာသဖြင့် Google က နာရီပိုင်း အတွင်း အရေးယူဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ဟောလိဝုဒ်ဖျော်ဖြေရေးရှေ့ နေ Marty Singer က မင်းသမီးများ၏ ဓါတ်ပုံများ ပေါက်ကြားမှုနှင့် ပတ်သက်၍ Google ကို ကိုယ်ရေးကိုယ်တာ ကိစ္စကိုဝင်ရောက် စွက်ဖက်မှုဖြင့် တရားစွဲဆိုရန် စာရွက်စာတမ်းများ ပြသကာ ခြိမ်းခြောက် ခဲ့သည်။

Marty Singer ၏ စာရွက်စာတမ်းထဲတွင် လူအများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကိုစွက်ဖက်ကာ ဓါတ်ပုံများ ခိုးယူ သည့် တဏာရူးများ၏ ရွံမုန်းစရာ ကောင်းသော လုပ်ရပ်များ က Google ပေါ်တွင် အဆက်မပြတ် ဖြစ်ပေါ်နေ သော်လည်း Google က ဓါတ်ပုံများကိုဖယ်ရှားရန် နှောင့်နှေးခဲ့ရုံသာမကာ တာဝန်ကျေပွန်ခြင်းလည်း မရှိခဲ့ကြောင်း၊ Google က ဟက်ကာများ တရားမ၀င်ခိုးယူ ထားသည့် အနုပညာရှင်များ၏ဓါတ်ပုံနှင့် ဗီဒီယိုများကို သိလျက်ဖြင့် နေရာပေးထားသောကြောင့် ပုံအခိုးခံရသော အမျိုးသမီးသရုပ်ဆောင်များ နှင့် အဆိုတော်များက Google ကို တရားစွဲဆိုခြင်းများပြုလုပ်သွား ရလိမ့်မည်ဖြစ်ကြောင်း Marty Singer က ရေးသားထားသည်။

မင်းသမီးများ၏ရှေ့ နေများက အင်တာနက်ပေါ် တွင်ပေါက်ကြားနေသောဓါတ်ပုံများကို Google အနေဖြင့် ဖျက်ဆီး ပေးရန်တောင်းဆိုချက်ကြောင့် Google က နာရီပိုင်းအတွင်းဖျက်ပေးခဲ့သည်။ Google က ၄င်းတို့၏ အပြောင်း အလဲမှာ နာရီပိုင်းအတွင်းဖြစ်နိုင်ကြောင်း၊ အခြား အွန်လိုင်းဝန်ဆောင်မှုများကဲ့သို့ Google ကလည်း ပရိသတ်များ ၏ အကြောင်းကြားခြင်းကို မှတ်တမ်းယူကာ အရေးယူလုပ်ဆောင် ရကြောင်းပြောပြသည်။

ဟက်ကာများသည် ရာနှင့်ချီသော နာမည်ကြီးအမျိုးသမီးအနုပညာရှင်တို့၏ ကိုယ်ပိုင်အချိန်တွင်ရိုက်ကူးထားသည့် ဓါတ်ပုံများ၊ ၀တ်လစ်စားလစ်ဓါတ်ပုံများ၊ အပျော်ရိုက်ကူးထားသည့် ဓါတ်ပုံများကို ခိုးယူကာ 4Chan နှင့် အခြား က်ဆိုဒ် များပေါ် တွင်တင်ခဲ့သည်။ ထို့ပြင်အနုပညာရှင်တို့၏ ဓါတ်ပုံအမြောက်အများကို ၂သုတ်ခွဲ၍ အင်တာနက် ပေါ် တင်ခဲ့ပြီဖြစ်ကာ Harry Potter မင်းသမီး Emma Watson အပါအ၀င် အခြားအနုပညာရှင်များ၏ ၀တ်လစ် စားလစ်ဓါတ်ပုံများပါဝင်သည့် ဓါတ်ပုံတစ်စုကိုလည်း ဆက်လက်ဖြန့်ချိ သွားမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။


Lashio News Diary
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...