အမျိုးသား စွမ်းဆောင်ရည် မြင့်မားဆေး Viagra ဟာ ဆေးသောက်သုံး သူတွေကို မျက်စိ ကန်းစေနိုင်

အမျိုးသားများ အတွက် စွမ်းဆောင်ရည် မြင့်မားစေတဲ့ ဆေးတစ်မျိုးဖြစ်တဲ့ Viagra ဟာ အမျိုးသားတွေကို မျက်စိနဲ့ ပတ်သက်တဲ့ ပြသနာတွေ ဖြစ်ပေါ်စေပြီး မျက်စိ ကန်းတဲ့ အထိ ဖြစ်စေနိုင်တယ်လို့ လေ့လာမှု တွေ အရ သိရပါတယ်။

ထို အမျိုးသား စွမ်းဆောင်ရည် မြင့်မားစေတဲ့ ဆေးတွေ ဟာ မျက်ကြည်လွှာ ကနေတစ်ဆင့် ဦးနှောက် ဆီသို့ အချက်ပြမှု အသေးစားလေးတွေကို ပို့လွှတ်စေပါတယ်။ အဲဒီအတွက် ထို ဆေးတွေ သုံးစွဲခြင်းဟာ ကျန်းမာတဲ့ အမျိုးသားတွေအတွက် မျက်စိနဲ့ ပတ်သက်တဲ့ ပြသနာတစ်ချို့ကို ယာယီအားဖြင့် ဖြစ်ပွားစေပါတယ်။

သို့သော်လည်း ကျန်းမာရေး အားနည်းနေတဲ့ အမျိုးသားတွေ အတွက်ကတော့ အမြဲတမ်းအတွက် အမြင်အာရုံ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ဆရာဝန်တွေက သတိပေး ထားပါတယ်။ ထို ဆေးတွေရဲ့ သက်ရောက်မှုကြောင့် မျက်စိရဲ့အနောက်ကနေရာမှာတည်ရှိပြီး အလင်းရောင်ကိုကာကွယ်ပေးတဲ့ မျက်ကြည်လွှာတစ်မျိုးရဲ့ ဆဲလ်တွေကို သေဆုံးစေပါတယ်။

ထိုကဲ့သို့ ဆဲလ်တွေ သေဆုံးမှုဟာ အလင်းရောင်အဖျော့မှာ မမြင်နိုင်တာ၊ အနားစွန်းအမြင်တွေ ဆုံးရှုံးတာ နဲ့ မျက်စိ ကန်းတဲ့အထိဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထို့ အပြင် Viagra ဆေးတွေကို သုံးစွဲတဲ့ အမျိုးသားတွေဟာ အရေပြားကင်ဆာရောဂါ ဖြစ်ပွားတဲ့အထိ ဖြစ်နိုင် တယ်လို့ အမေရိကန် ဆေးပညာရှင်တွေက ဆိုပါတယ်။


Ref:dailymail.co.uk
Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...