Yoga သင်ကြားပေးမည့် စမတ်ကော်ဇော

SmartMat ဟု အမည် ပေးထားသည့် ကော်ဇောသည် Yoga လေ့ကျင့်ရန် သင်ကြားပေးနိုင် ပါသည်။ နည်း ပညာမြင့် Sensor များ တပ်ဆင်ထားပြီး သင်ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးကို အာရုံခံနိုင်ပြီး လှုပ်ရှားမှုများ ကို လမ်းညွှန်ပေးနိုင် ပါသည်။

SmartMat သည် လက်နှင့် ခြေထောက် ကွေးညွှတ်မှု များကိုတောင် တိုင်းတာ လမ်းညွှန်ပေးနိုင် ပါသည်။ SmartMat ကို စမတ်ဖုန်းနှင့် ကြိုးမဲ့ ချိတ်ဆက်နိုင်ပြီး SmartMat မှ လမ်းညွှန်မှုများကို စမတ်ဖုန်းတွင် ပြသ ပေးမည် ဖြစ်သည်။ မိုဘိုင်းဖုန်းကို ကြည့်ရှုရင်း လေ့ကျင့် ရသည်မှာ အာရုံထွေပြားသည်ဆိုလျှင်လည်း အသံဖြင့် လမ်းညွှန်မှုများ ရယူနိုင်ပါသည်။

ကော်ဇောသည် Bluetooth မှ တစ်ဆင့် Android, iOS Device များနှင့် ချိတ်ဆက်နိုင်ပါသည်။ တွဲဖက် အသုံးပြုရ မည့် App များကိုလည်း ပြုလုပ်ပေးထားပါသည်။ Apps များတွင် Yoga ကျွမ်းကျင်မှုအလိုက် အဆင့်များနှင့် ရည်မှန်းချက်များ သတ်မှတ် လေ့ကျင့်နိုင်ပါသည်။

SmartMat တွင် Mode သုံးမျိုးပါရှိပါသည်။ အိမ်တွင် လေ့ကျင့်ရန်၊ Yoga သင်တန်းတွင် ကူညီရန်နှင့် လမ်းညွှန်မှု များကို အချိန်နှင့် တစ်ပြေးညီ မပြုလုပ်ပေးဘဲ မှတ်တမ်းမှတ်ထားပြီး နောက်ပိုင်းမှ ခွဲခြမ်းစိတ်ဖြာထားမှုကို တင်ပြရန် စသည်တို့ ဖြစ်ပါသည်။

SmartMat ကို ထုတ်လုပ်ရောင်းချရန် Indiegogo ၀က်ဆိုက်တွင် ရန်ပုံငွေ ကောက်ခံလျှက်ရှိပါသည်။ ဒေါ်လာ ၂၄၇ ရန်ပုံငွေ ထည့်သွင်းလျှင် SmartMat တစ်ခု ရရှိမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဒေါ်လာ ၃၄၇ ဖြင့် ရောင်းချမည် ဖြစ်သည်။


Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...