စိတ်ကျနေသူ အတွက် အချိန်သည်
စိတ်ကျနေသူ အတွက် အချိန်သည် မကုန် ဆုံးနိုင်အောင် ကြာလှသည်၊ အလျင်လိုသူ အတွက် လောက်ငသည် ရယ်ကိုမရှိဟု ဘာကြောင့် ခံစားရသနည်း?
By ဟိန်းထက်
လန်ဒန် ၊ မတ် ၁၃
စိတ်ကျ ဝေဒနာ ခံစားနေရသူ တစ်ဦးအဖို့ အချိန်သည် မကုန်ဆုံး နိုင်လောက်အောင်ကို ကြာရှည် နှေးကွေး လှသည်ဟု ခံစားရကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုသည်။
စိတ်ကျနေသူများသည် ပုံမှန် လူများနှင့် ကွဲပြားစွာပင် အချိန်ကို ရှုမြင်မိတတ်ကြကြောင်း စိတ်ပညာရှင်များက ဆိုသည်။ လူတစ်ဦးစီက အချိန်ကို ရှုမြင်ပုံသည် ထိုသူ ဖြတ်သန်းနေရသည့် အခြေအနေပေါ် မူတည်ကြောင်း ပညာရှင်များက ဆိုသည်။
ဥပမာ တစ်ယောက်ယောက် လာနိုးလာနိုးဖြင့် စောင့်နေရသည့် အခါ အချိန်သည် ကုန်ခဲလှစွာ ကြာလွန်း သည်ဟု စိတ်က ထင်သည်။ အလုပ်အလျင်လိုပြီး နောက်ဆုံး သတ်မှတ်ချိန်နား နီးလာလေ အချိန်ကလည်း အကုန်မြန်လွန်းလှသည်ဟု ထင်မိပြန်သည်။
စိတ်ကျခြင်းနှင့် အချိန်ကုန် တာ နှေးလွန်းသည်ဟု ခံစားချက် ဖြစ်ပေါ်ခြင်းကြား ဆက်စပ်ချက်ကို ဖော် ထုတ်နိုင်ရန်အတွက် သုတေသန ပညာရှင်များသည် ယခင်က ထိုအကြောင်းအရာဖြင့် လုပ်ထားသော လေ့ လာမှု စစ်တမ်း (၁၆)ခု ကို ပြန်စုစည်း သုံးသပ်ကာ စစ်တမ်းကောက်ချက် တစ်ရပ် ပြန်ဆွဲခဲ့ခြင်း ဖြစ်သည်။
လေ့လာခံအဖြစ် စိတ်ကျ ဝေဒနာရှင် (၄၃၃) ဦး၊ ပုံမှန်လူ (၄၈၅) ဦး ပါဝင်သည်။ ဂျာမနီနိုင်ငံ မင့်ဇ်မြို့ရှိ ဂျွန်ဟန် ဂူတင်ဘာ့ဂ်ျ တက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာ ဒယ်နီရယ် အိုဘာဖဲလ်ဒ် တွစ်စတယ်နှင့် အဖွဲ့က စစ်တမ်းပြုစုသည်။
လေ့လာ သုတေသနများတွင် ပါဝင်သူများကို ရုပ်ရှင်တစ်ကား ပြပြီး ထိုကား၏ ကြာချိန်ကို ခန့်မှန်းစေသည်။ စိတ်တွက်ဖြင့် ရေတွက်ပြီး ငါးစက္ကန့်ပြည့်တိုင်း ခလုတ်ကို တစ်ချက် နှိပ်ခိုင်းခြင်းမျိုးဖြင့်လည်း ပါဝင်သူများ၏ စိတ်အခြေအနေနှင့် အချိန် သတ်မှတ်မှုကို ဖော်ထုတ်သည်။
ထိုအခါ ရုပ်ရှင်တစ်ကားကို အတူတူ ကြည့်ကြသူချင်း တူတူ ထိုကားသည် အချိန်မည်မျှ ကြာသည် ထင် သနည်းဟု ဖြေခိုင်းရာ ပုံမှန်လူများသည် အနီးစပ်ဆုံး ဖြစ်နိုင်ကြပြီး၊ စိတ်ကျနေသူများကား တကယ်ကြာ ချိန်ထက် များစွာပိုပြီး ခန့်မှန်း ဖြေဆိုကြကြောင်း တွေ့ရသည်။ သို့ ဖြစ်ရာ အခြေအနေ တစ်ခုတည်း တူတူမှာပင် စိတ်၏ ခံယူမှုပေါ် မူတည်ပြီး အချိန်မှန်သည်၊ မြန်သည်၊ နှေးသည် ကွဲပြားသွားရကြောင်း စစ်တမ်းက ထောက်ပြသည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ၏ စာရင်းအရ ကမ္ဘာတစ်ဝန်း စိတ်ကျဝေဒနာ ခံစားနေရသူ သန်း (၃၅၀) ရှိကြောင်း သိရသည်။ စိတ်ကျခြင်း၏ အဆိုးဆုံး အစွန်း ဘက်ကား မိမိကိုယ်ကိုယ် သတ်သေခြင်းဖြစ်၏။ WHO စာရင်းအရ ကမ္ဘာတစ်ဝန်း နှစ်စဉ် သတ်သေသူ တစ်သန်းနီးပါး ရှိကြောင်း သိရသည်။
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အသက်ကြီးလာလေ ဦးနှောက် စွမ်းရည် ပိုမြင့်လာလေ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ဦးနှောက်တွေ ကျန်းမာဖို့ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..