ညအမှောင်ထဲမှာ မြင်နိုင်တဲ့ ဆေးရည်ကို သိပ္ပံပညာရှင်တွေ တီထွင်
အလင်းရောင်း လုံးဝမရှိတဲ့ ညဘက် အမှောင်ထဲမှာ အရာ ဝတ္ထုတွေကို မြင်စေနိုင်မယ့် ဆေးမင်ရည် တစ်မျိုးကို ကယ်လီဖိုးနီးယားက သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ ခဲ့ပြီဖြစ်ပါတယ်။ မှန်ဘီလူးတွေမှာ ညဘက်အခါကြည့် တဲ့ ညမြင်ကွင်း(Night version) ပုံစံနဲ့ မြင်တွေ့ ရမှာဖြစ်ပါတယ်။
ညဘက်ကို မျက်လုံးမြင်စေနိုင်တဲ့ ဒီဆေးရည်ကို စမ်းသပ်ဖို့အတွက် အမျိုးသားတစ်ဦးနဲ့ စမ်းသပ်ခဲ့တာဖြစ် ပါတယ်။ ညဘက်မြင်နိုင်တဲ့ဆေးရည်ကို မျက်လုံးထဲ ထိုးသွင်း လိုက်တဲ့အခါ အလင်းရောင်း လုံးဝမရှိတဲ့နေရာ မှာတောင် မီတာ ငါးဆယ်လောက် အထိ ရှေ့ ကို မြင်စေနိုင်ပါတယ်။ ဒီဆေးရည် အာနိသင်ဟာ ခုနှစ် နာရီလောက်အထိ ကြာရှည်ခံတယ်လို့ ဆိုပါတယ်။ သစ်ပင်တွေ၊ အရာဝတ္ထုတွေကို အမှောင်ထဲမှာ ထင်ထင် ရှားရှား မြင်နိုင်ကြမှာ ဖြစ်ပါတယ်။
Chlorine e6 လို့ အမည်ပေးထားတဲ့ ဒီဆေးရည်ကို ပင်လယ်နက် ဘက်မှာတွေ့ရတဲ့ ငါးမျိုစိပ်ဆီက ရတဲ့ စွမ်းရည်နဲ့ တီထွင် ထားတာဖြစ်ပါတယ်။ ဒီငါးတွေဟာ အလင်းရောင် ထုတ်ပေးနိုင်တဲ့ စွမ်းရည်ရှိပါတယ်။
ဒီဆေးရည်ထိုးပြီး ရက်ပေါင်း ၂၀ လောက်အထိ ဘယ်လိုဘေးထွက်ဆိုးကျိုးမှ မဖြစ်သေးဘူးလို့ ကာယကံ ရှင်ကပြောခဲ့ပါတယ်။ ညဘက်မြင်နိုင်တဲ့ဆေးရည် တီထွင်မှု အလုံးစုံအောင်မြင်သွားရင်တော့ ညဘက်မှာ အလင်းရောင်မရှိတဲ့ နေရာမှာ လူတွေအခက်အခဲမရှိ လှုပ်ရှားသွားလာနိုင် ပါလိမ့်မယ်။
Ref- dailymail
Planet Myanmar News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဂျပန် သက်ကြီးပိုင်းတွေကို ဘယ်သူတွေ ပြုစု စောင့်ရှောက်ကြမလဲ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) မိမိချစ်ခင်မြတ်နိုးသူများ ကွယ်လွန်သွားလျှင် ထာဝရရှင်သန်နိုင်မည် နည်းကို တီထွင် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း