Facebook ထုတ် Messenger ကြောင့် အီးမေးလ် ကွယ်ပျောက်သွားနိုင်ဟုဆို
ဝါရှင်တန်၊ မတ် ၂၆
ကမ္ဘာကျော် ဆိုရှယ်ကွန်ရက် ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုအဖြစ် ထင်ရှားသည့် Facebook စာမျက်နှာ များပေါ်တွင် Messenger ဟုခေါ်သည့် အပြန်အလှန် စာပို့ဆက်သွယ်နိုင်သော စနစ်ကို ထည့်သွင်းပေး လိုက်သောကြောင့် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရေးမှာ ပိုပြီး လွယ်ကူ လာပြီး မကြာမီ ယခင်က သုံးစွဲခဲ့ကြသည့် အီးမေးလ်စနစ် ကွယ်ပျောက်သွားမည် ထင်ကြောင်း AP သတင်း တွင်ဖော်ပြထားသည်။
Facebook ကုမ္ပဏီအနေဖြင့် စာပို့ခြင်းဆိုင်ရာ ဝန်ဆောင်မှုကို ဆိုရှယ်မီဒီယာကွန်ရက် လမ်းကြောင်းမှ ခွဲထွက်ပြီး သီးခြား ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုအဖြစ် အသုံးပြုနိုင်စေရေး ကြံဆောင်နေသောကြောင့် မကြာမီ အစဉ်အလာအရ သုံးစွဲနေကြသည့် အီးမေးလ်စနစ်ကို ထိခိုက် လာနိုင်မည်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
နောက်ဆုံးပေါ် အဆင့်မြင့်နည်း Messenger ဖြင့် ဆက်သွယ်နည်းကို ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပနေ သည့် Developer ညီလာခံတွင် Facebook ကိုထူထောင်သူ မာ့ခ် ဇက်ကာဘတ် ကိုယ်တိုင်က သရုပ်ပြ ရှင်းလင်းပြသခဲ့ပြီး ယခုအခါ Messenger ကိုအသုံးပြုနေသူပေါင်း သန်း ၆၀၀ ခန့်ရှိနေကြောင်း ပြောကြား သည်။
Messenger ဆော့ဖ်ဝဲတွင် အခြားအသုံးပြုနိုင်မှု မျိုးကွဲပေါင်း ၄၀ ခန့်ရှိပြီး မကြာမီ click တစ်ချက်နှိပ်ရုံဖြင့် သတင်း၊ အထူးပြုလုပ် ချက်များကို ပူးတွဲပို့နိုင်စေရန် စီစဉ်ပေးမည်ဖြစ်ကြောင်း Facebook က ရှင်းလင်းထား သည်။
နောက်ဆုံးထုတ် Messenger ကို စာပို့ရုံလောက်အဆင့်သာ မဟုတ်ဘဲ၊ ကုန်အမှာ၊ စုံစမ်း၊ သတင်းပေး အွန်လိုင်း အရောင်း အဝယ်လုပ်ငန်းများ အတွက်ပါ ချက်ချင်း ဆက်သွယ်နိုင်သည့် အနေအထား တစ် ခုဖြစ်စေရန် စီစဉ်ထားကြောင်း၊ Facebook တစ်နေရာတည်းတွင် တစ်ထိုင်တည်း အားလုံး အသုံးပြုနိုင်စေ ရန် လုပ်ထားခြင်းဖြစ်ကြောင်း ဇက်ကာဘတ်က ဆိုသည်။
Messenger ကို တာဝန်ရှိသူများသည် စာပို့ဆက်သွယ်နိုင်ရေးဆိုသည့် လမ်းကြောင်းထက်၊ အွန်လိုင်းက တစ်ဆင့် ဈေးဝယ်ရာတွင် ပိုပြီးအထောက်အကူဖြစ်စေရန် တိုးမြှင့် လုပ်ဆောင်ထားခြင်းဖြစ်သည်ဟု Facebook ဒုတိယဥက္ကဋ္ဌ ဒေးဗစ် မားကပ် ကပြောကြားသည်။
http://www.maukkha.org
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကမၻာ့အပါးဆုံး ဘက္ထရီ တီထွင်အောင်မြင် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဆေးခြောက်သောက်သုံးသူတွေ ဘာ့ကြောင့် လေးလံ ထိုင်းမှိုင်းရတယ်ဆိုတာ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'