USB ကောက်တွေ့တိုင်း လွယ်တကူ ကွန်ပြူတာထဲ မထိုးသင့်တဲ့ အကြောင်းရင်း

ပုံမှာ မြင်တွေ့နေရတဲ့ USB Stick ကို USB Killer လို့ အမည်ပေး ထားပါတယ်။ သူက ထိုးလိုက်တာနဲ့ ကွန်ပြူတာ တစ်ခြမ်းလုံးကို လောင်ကျွမ်း သွားအောင် လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။
ယင်း ကဲ့သို့ Pen Drive မျိုးကို ရုရှားနိုင်ငံမှ သူလျှိုများက ဖန်တီးပြီး အသုံးပြုကြတယ်လို့ သတင်းများက ဆိုပါ တယ်။ မြန်မာပြည်ရောက် မရောက် ကတော့ မသိနိုင်ပါဘူး။ သူဟာ ရန်သူရဲ့ စက်ကိုပဲ ဖြစ်ဖြစ် မိမိရဲ့ စက်ကိုပဲ ဖြစ်ဖြစ် ဖျက်ဆီးစေအောင် လုပ်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ သူက ထိုးလိုက်တာနဲ့ ကွန်ပြူတာရဲ့ အပူချိန် ထိန်းစနစ်ဆီကို ဗိုင်းရက်စ် ပို့ပြီး လုပ်ဆောင်ချက် ရပ်တန့်သွားအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ပြီးတဲ့အပြင် ဗို့အားတစ်ခုပါ ထည့်သွင်းပေးမှုကြောင့် ကွန်ပြူတာကို လောင်ကျွမ်းစေပါ လိမ့် မယ်။ ယနေ့ခေတ် ကွန်ပြူတာများ အနေနဲ့ အပူချိန်ထိန်းစနစ် ပျက်သွားရင်အောင် ကွန်ပြူတာ အလို အလျောက် ပိတ်စနစ် ပါဝင်တာကြောင့် ယင်း Stick ဟာ ကွန်ပြူတာကို မပိတ်စေပဲ အတွင်းမှာ လုပ်ဆောင် ချက် ပုံမှန်အတိုင်း ရှိနေစေပြီး လောင်ကျွမ်းစေတာမျိုး ဖြစ်ပါတယ်။
နောက်တစ်မျိုး အနေနဲ့ စတစ်မှာ ပေါက်ကွဲမှုအား ပြင်းတဲ့ ချိန်ကိုက်ဗုံး ထည့်သွင်းတာမျိုး ဖြစ်ပြီး ထိုးလိုက် တာနဲ့ အချိန် ခဏအတွင်း ပေါက်ကွဲတာမျိုး ဖြစ်ပါတယ်။ Pen Drive ကို သူလျှိုများ တိုက်ခိုက်ရေးမှာ အသုံးပြုစေဖို့အတွက် တီထွင်လာခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ စတစ်များ ကောက်ရရင် မဆင်မခြင် ထိုးမိတာမျိုးတို့ မလုပ်ရန် လိုအပ် ပါတယ်။ အနည်းဆုံး ကတော့ ကောက်ရတဲ့ စတစ်မှာ ဗိုင်းရက်စ်ကတော့ ပါနိုင်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) ဗံုလံုသီး ဆိတ္သား အစာသွပ် Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်
- (အနောကျသို့) မုန်လာဥဖြူသုပ် Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်