Composition ဆိုတာဘာလဲ....?
အဲ့ဒီ့လောက်အထိ အရေးကြီးပါတယ်..။ နောက်ပိုင်း အရမ်းကျွမ်းကျင်သွားလို့ တစ်ချို့နေရာတွေမှာ Style တစ်ခုအနေနဲ့သော်လည်းကောင်း၊ Stunt ထွင်ပြီးတော့သော်လည်းကောင်း...။ Artistic ဖြစ်အောင် တမင်ရည်ရွယ်ချက်ရှိရှိ Composition ကို ဖျက်ပြီးရိုက်တာ သော်လည်းကောင်း..။ ချွင်းချက်အနေနဲ့ရှိ နေနိုင် ပါတယ်...။ ဒါပေမယ့် သေချာတစ်ခုကတော့ ရှိသမျှ Composition Rules တွေကို အကုန်ဖျက်ပြီး ရိုက်ဖို့ မဖြစ်နိုင်ပဲ..။ တစ်ခုမဟုတ် တစ်ခုကိုတော့ အသုံးချနေရဦးမှာပဲ ဖြစ်ပါတယ်...။
အခြေခံအားဖြင့် အောက်ပါအတိုင်း Composition နဲ့ ပါတ်သတ်တဲ့ Rules တွေကို သတ်မှတ်ထားပါ တယ်..။ Composition Rule အတိအကျ ဘယ်လောက်ရှိတယ်ဆိုပြီး သတ်မှတ်ထားတာမရှိပါဘူး..။ တစ်ယောက်နဲ့ တစ်ယောက် အနဲငယ်ကွဲလွဲမှု ရှိပေမယ့် သေသေချာချာပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ အားလုံးဟာ အတူတူပဲ ဖြစ်နေတာကို တွေ့ရမှာပါ..။ တစ်ချို့လည်း သိပြီးသား၊ ကြားဖူးပြီးသား ဖြစ်နိုင် သလို ...။ တစ်ချို့လည်း အစိမ်းသက်သက်ဖြစ်နေနိုင်ပါတယ်..။
(1) Rule Of Thirds
(2) Patterns/Texture
(3) Lines (Horizontal Rule/ Vertical Rule / Diagonal Rules/ Curve)
(4) View Of Point
(5) Framing
(6) Symmetry
(7) Background
(8) Depth Of Field
(9) Cropping
၉ ခုပါ..။ ဒီ ၉ ခုက အဓိကပါပဲ..။ တစ်ချို့က ချုံ့ရေးပါလိမ့်မယ်..။ တစ်ချို့က ချဲ့ထားပါလိ့မ်မယ်..။ ဒီလိုပါ..။ ဥပမာ ကျွန်တော်က Lines မှာ Hoziontal, Vertical, Diagonal, Curve ဆိုပြီး ချုံ့ထားတာမျိုးကို ဆိုလိုပါတယ်..။
ဘာလို့ တသမတ်ထဲ မရှိရတာလဲ...? ဓာတ်ပုံပညာဆိုတာ ဒီလိုမျိုး ဖရိုဖရဲကြီးလားလို့ မထင်ပါနဲ့...။ Photography ဟာ အနုပညာဖြစ်တဲ့ အတွက်..။ တိကျတဲ့ နည်းဥဒေ .... တင်းကျပ်တဲ့ စည်းမျဉ်းမရှိပါဘူး..။ သိထားသင့်တဲ့ အချက်တွေနဲ့..။ အဆက်ဆက်က အတွေ့အကြုံ ရင့်ကျက်ခဲ့ကြတဲ့ ဆရာ့ ဆရာ ကြီးတွေ..။ ပညာရှင်တွေက..။ ဒါလေးတွေကတော့ သိသင့်တယ်..။ ဒီအချက်လေးတွေကတော့ သတိထား သင့်တယ်ဆိုတဲ့ အတွေ့အကြုံတွေနဲ့...။ နီတိတွေပဲရှိပါလိမ့်မယ်...။
ဒါတွေကို မလိုက်နာလို့ ဘယ်သူကမှ သင့်ကို အရေးမယူပါဘူး..။ အပြစ်မတင်ပါဘူး..။။ တစ်ခုပဲ မိတ်ဆွေရဲ့ ပုံတွေ အောင်မြင်သင့်သလောက် မအောင်မြင်တာနဲ့..။ သင်မျှော်လင့်ထားသလောက် ကြည့်ရှုသူရဲ့ အာရုံကို မဖမ်းစားနိုင်ခြင်းဆိုတဲ့ ရလဒ်ကို ခံနိုင်ရည်ရှိဖို့တော့ လိုပါလိမ့်မယ်...။
အပေါ်က အချက်လေးတွေကို တစ်ခုခြင်း ကျွန်တော်တို့ လေ့လာကြရအောင်...။
(1) Rule Of Thirds
ဘယ်စည်းမျဉ်းတွေ ဘယ်လိုပဲပြောင်းပြောင်း..။ ဘယ်ဟာတွေ ဘယ်လိုပဲတွဲပြီး..။ ဘယ်ဟာတွေ ဘယ်လိုပဲ ခွဲခွဲ..။ Rule Of Third ကတော့ နံပါတ် (၁) နေရာမှာ အရေးအကြီးဆုံးအဖြစ် အမြဲတမ်း သီးသန့် ရပ်တည်နေတာပဲ ဖြစ်ပါတယ်..။ Rule Of Third ဆိုတာ ကျွန်တော်တို့ မြင်ရတဲ့ မြင်ကွင်းတစ်ခု (View Finder ထဲကပဲ ဆိုကြပါတော့...) ကို ဒေါင်လိုက်မျဉ်း ၂ ကြောင်း (2 Vertical Lines) ရေပြင်ညီ မျဉ်း နှစ်ကြောင်း (2 Horizontal Lines) ကို အချိုးကျကျ ဆွဲလိုက်ပါတယ်.. အဲ့ဒီ့မှာ မျဉ်းတွေရဲ့ ဆုံမှတ် နေရာမှာ အမှတ် ၄ ခုပေါ်လာ ပါတယ်..။
အဲ့ဒီ့ အမှတ် ၄ ခုနေရာကို အခြေခံအားဖြင့် Rule Of Third လို့ သတ်မှတ်ထားပါတယ်..။Science ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ လူတွေရဲ့မျက်လုံးဟာ တစ်ခုခုကို စတည်ကြည့်ရှူပြီဆိုတာနဲ့ ဘယ်တော့မှ အလယ်ဗဟို (Center) ကိုကြည့်လေ့ ကြည့်ထမရှိပဲ..။ အခုကျွန်တော်တို့ ပြောတဲ့ အမှတ်လေးမှတ်ရှိတဲ့ Rule Of Third နေရကို အရင်ဆုံးကြည့်ကြတယ်လို့ ဆိုပါတယ်..။ ဒါကြောင့် ကျွန်တော်တို့ဟာ ဓာတ်ပုံတစ်ပုံရိုက်ပြီဆိုရင် အဲ့ဒီ့အရေးအကြီးဆုံးနေရာ ၄ ခုရဲ့ တစ်နေရာရာမှာ..။ ကျွန်တော်တို့ ဓာတ်ပုံရဲ့ အဓိက ဇာတ်ဆောင် Subject ကို ထားကြခြင်းပဲ ဖြစ်ပါတယ်..။
Nikon Camera တော်တော်များများရဲ့ View Finder မှာ Grid ကို ဖော်လို့ရပြီး..။ Canon ရဲ့ High End တွေမှာတော့ Grid ဖော်လို့ရပါတယ်..။ Grid ဖော်ပြီးရိုက်တာဟာ ကလေးဆန်တာ..။ ဓာတ်ပုံမှာ အတွေ့အကြုံနုတာလို့ အဓိပါယ် မသက်ရောက်ပါဘူး..။ ပုံကောင်းကို ပိုလိုချင်တဲ့သူ..။ Rule Of Thirds ကို သိတဲ့သူလို့..။ အဓိပါယ် သက်ရောက်စေပါတယ်..။
နောက်ပိုင်းမှာ Rule Of Third အပြင် (ထက်) Power ပိုကြီးတဲ့ Golden Ration Composition နဲ့ Spiral Composition ၂ ခုအကြောင်းကို ကျွန်တော် ထပ်ရေးပေးပါ့မယ်..။ လောလောဆယ်တော့ အရမ်း ကြီး လေးပြီး ရှုပ်သွားမှာဆိုးတဲ့အတွက် အခြေခံလေးတွေပဲ ဆက်ရေးပေးသွားပါ့မယ်..။ အောက် ကပုံလေးတွေနဲ့ယှဉ်ကြည့်ရင် ဒီလောက်ဆို Rule Of Third ကို ရှင်းမယ်ထင်ပါတယ်..။



(2) Patterns
Patterns ကတော့ ရှင်းပါတယ်..။ ကိုယ်ရိုက်မယ့်ပုံတစ်ခုမှာ Background အနေနဲ့သော်လည်းကောင်း Foreground အနေနဲ့သော်လည်း ကောင်း ကြည့်ရှုသူရဲ့ စိတ်ကိုပျင်းရိမသွားစေဖို့..။ ပိုမိုဆွဲဆောင် နိုင်ဖို့ အတွက် Patterns လေးတွေကို ပါနိုင်သမျှ ပါအောင် ထည့်ရိုက်နိုင်ဖို့လိုပါတယ်..။
အမြဲတမ်းကြီးထည့်ရိုက်ရမယ် မဟုတ်ပါဘူး..။ ကိုယ်ရိုက်မယ့် ပုံရဲ့ အနေအထားနဲ့..။ ဖော်ပြချင်တဲ့ အကြောင်းအရာအပေါ် မူတည်ပြီး ထည့်သင့် မထည့်သင့်ကတော့ Photographer ရဲ့ Decision ပါပဲ...။



(3) Lines (Horizontal Rule/ Vertical Rule / Diagonal Rules/ Curve)
ပုံတစ်ပုံရိုက်တဲ့အခါ Lines တွေက အဲ့ဒီ့ ပုံရဲ့ Power ပါပဲ..။ Lines တွေအထားအသို မှန်ရင်မှန်သလို..။ အားကောင်းရင် ကောင်းသလို ဓာတ်ပုံရဲ့ ဝိဥာဉ်ဟာ ပိုမိုပေါ်လွင်လာပြီး..။ အားမကောင်းရင် မကောင်း သလို ..။ အထားအသိုမမှန်ရင် မမှန်သလို ဓာတ်ပုံရဲ့ အားဟာလဲ ပျော့တိ ပျော့်ဖတ် ဖြစ်သွားမှာ ပဲ ဖြစ်ပါတယ်..။
ဓာတ်ပုံတစ်ပုံမှာ အဓိကအားဖြင့် Horizontal Rule (Horizontal Line) လို့ခေါ်တဲ့ ရေပြင်ညီ Line နဲ့..။ Vertical Rule (Vertical Line) လို့ခေါ်တဲ့ ဒေါင်လိုက်မျဉ်းကတော့ ပုံတိုင်းနည်းပါးမှာ ပါကိုပါမှာဖြစ်ပါ တယ်..။ ဒီတော့ အခြေခံအားဖြင့် အဲ့ဒီ့ Line တွေကို အားကောင်းတဲ့ နေရာမှာ ထားဖို့မစဉ်းစားခင်..။ အဲ့ဒီ့ Line တွေ စောင်းမနေဖို့...။ Balance တွေ အောက် မနေဖို့ကို အဓိကထား စဉ်းစားဖို့လိုပါတယ်...။
ကျွန်တော့် Personal Taste အရ ပုံတစ်ပုံ ဘယ်လောက်ကောင်းကောင်း အဲ့ဒီ့ပုံထဲမှာ (ရည်ရွယ်ချက် တစ်ခုခုကြောင့် တမင်စောင်းထား တာမျိုးမဟုတ်ပဲ...) Horizontal Line ကြီး စောင်းနေရင် ဆက်ကို မကြည့်တော့ပါဘူး...။ ဒီလိုပါပဲ Vertical Line ကြီးက လိမ်လိမ်ကြီး ဖြစ်နေတာမျိုး..။ မလိုအပ်ပဲ..။ ဆန်းသစ်ထားတာမျိုးအတွက် မဟုတ်ပဲ...။ သတိမထားမိလိုက်လို့ စောင်းနေတာမျိုးဆိုရင် ကျွန်တော် ဘယ်လိုမှကို ခံစားလို့မရတော့ပါဘူး...။


Diagonal Rule ဆိုတာကတော့ ဒုတိယအဆင့်အနေနဲ့ စဉ်းစားရမယ့် အရာပါပဲ...။ ကြည့်ရှုသူရဲ့ အမြင်အာရုံကို..။ လမ်းကြောင်းတစ်ခု အတိုင်း ကိုယ်ပြချင်တဲ့ Subject ဆီကို ခေါ်ဆောင်သွားတယ်..။ အဲ့ဒီ့နောက်မှာ အဲ့ဒီ့ လမ်းကြောင်းအတိုင်း ပြန်ထွက်လာစေတယ်..။ ဒါဟာ Diagonal Rule ရဲ့ အဓိက အချက်ပါပဲ...။



Curve ကတော့ နာမည်နဲ့တင်ရှင်းပါတယ်...။ ဒါပေမယ့် မရှင်းတာက ဘယ်လိုနေရာမျိုးမှာ ထားသင့်တယ် ဆိုတာပါပဲ..။ ထားတဲ့နေရာ ကောင်းရင် Curve က Line ထက် ပို Power ကောင်းပါတယ်.. ။ မထား တတ်ရင် ပုံကသုံးစားလို့ မရအောင် ပျက်သွားပါတော့တယ်..။ Science ရဲ့ သဘောတရားအရ Curve ဟာ Positive Power ဖြစ်ပါတယ်...။
ဘယ်နေရမှာထားရမယ်လို့ ပုံသေ ပြောလို့မရပါဘူး.။ အတွေ့အကြုံနဲ့ အနေအထားက မိတ်ဆွေကို Lesson ကောင်းကောင်းတွေ ပေးသွားပါလိမ့်မယ်..။

Curve


Curve..
(4) View Of Point
Theory တစ်ခုနည်းပါး ခိုင်မာတဲ့ ဓာတ်ပုံမှာ Tradition တစ်ခုရှိပါတယ်..။ ဘယ်တော့မှ Eye Level မရိုက်ပါနဲ့..။ Eye Level ဆိုတာ ..။ သာမန်လူတစ်ယောက်အနေနဲ့ မတ်တတ်ရပ် အနေအထားနဲ့ ကြည့်နေ ရင်..။ မြင်ရတဲ့အတိုင်း..။ မြင်လေ့ မြင်ထရှိတဲ့ View Of Point ကို ဆိုလိုပါတယ်..။ ပုံကြီး တော်တော်ကောင်းနေမှ အောင်မြင်ကောင်း အောင်မြင်ပါလိ့မ်မယ်..။ ပုံက သာမန်ဆိုရင် သေ ချာပေါက် သင့်ပုံဟာ လစ်လျူရှုခံရပါပြီ...။
သို့သော်...ပုံက ဘာမှ မယ်မယ်ရရမ ဟုတ်သည့်တိုင် Low Angel ဖြစ်ဖြစ် High Angel ဖြစ်ဖြစ် Eye Level မဟုတ်တဲ့ နေရာ တစ်ခုခုကနေ ရိုက်ကြည့်လိုက်ပါ...။ သင့်ပုံဟာ အထူးအဆန်းကို စိတ်ဝင်စား တတ်တဲ့ လူတို့ရဲ့ သဘောအတိုင်း..။ စိတ်ဝင်စားတာတော့ အသေအချာခံရမှာ ဖြစ်ပါ တယ်..။ နောက် မှသာ သင်ပြချင်တဲ့ Subject , Story ကောင်းတာ မကောင်းတာပေါ်မူတည်ပြီး အောင်မြင်တယ် မအောင်မြင်ဖူး ရှိချင် ရှိလိမ့်မယ်..။ သေချာတာကတော့ View Of Point ဆန်းသစ်သွားတဲ့အတွက် အရင်ဆုံး စိတ်ဝင်စားခြင်း ခံလိုက်ရပြီ ဖြစ်ပါတယ်..။ဒါဟာ View Oof Point ရဲ့ သဘောတရားပါပဲ...။


(5) Framing
Framing ဆိုတာ ဘောင်ခတ်တာမှန်း လူတိုင်းသိပါတယ်..။ ဒါပေမယ့် ကျွန်တော်ဆိုလိုတဲ့ Framing က Photoshop မှာသော်လည်းကောင်း..။ ဓာတ်ပုံဆိုင်သွားပြီးတော့ ဘောင်ခေတ်တာကိုသော်လည်းကောင်း ဆိုလိုတာမဟုတ်ပါဘူး..။ ဓာတ်ပုံထဲမှာတင် အရာဝတုတစ်ခုခု သို့မဟုတ် သဘာဝရဲ့ လက်ဆောင် တစ်ခုခုနဲ့ တစ်ခါထဲ ကိုယ်ပြချင်တဲ့ Subject ကို တမ်းမြင်နိုင်အောင်..။ ကြည့်အောင် Frame ခတ်ပေး လိုက်ခြင်းပဲ ဖြစ်ပါတယ်..။
အများကြီးရှင်းပြစရာမလိုတဲ့အတွက် ပုံလေးတွေနဲ့ ယှဉ်ကြည့်လိုက်တာနဲ့ သဘောပေါက်နိုင် ပါတယ်..။သတိထားဖို့တစ်ခုက Frame အခတ်မတော်ရင်တော့ ပုံက သုံးစားလို့မရအောင် ပျက်ပြီ ဆိုတာပါပဲ...။ :)

Frame...

Frame..
(6) Symmetry
အချိုးကျ ရိုက်ကူးခြင်းဖြစ်ပါတယ်...။ သူက Rule Of Thirds Theory နဲ့ ဆန့်ကျင်ဘက်လို့ ပြောလို့ ရပါတယ်..။ တစ်စုံတစ်ခုကို ရိုက်ကူးရာမှာ 3:2 Ratio ကိုသော်လည်းကောင်း 2:1 Ratio ကိုသော် လည်းကောင်း မလိုက်နာပဲ..။ အချိုးကျကျ..။ အချိုးညီညီ ဖြစ်အောင် ရိုက်ကူးခြင်း ဖြစ်ပါတယ်..။
အထူးသဖြင့် Architecture လို Photography မျိုးမှာ အသုံးများပါတယ်..။ သဘောပေါက်လွယ်ပါတယ်..။ ဒါပေမယ့် တကယ်တမ်းရိုက်ရင် ထင်သလောက် မလွယ်ဖူးဆိုတာ မိတ်ဆွေ သတိထားမိပါလိ့မ်မယ်..။



(7) Background
ဒီကောင်ကတော့ အပေါ်မှာ ပြောခဲ့တဲ့ Pattern ရဲ့ သဘောကို နဲနဲဆန့်ကျင်တယ်လို့ ပြောလို့ရသလို..။ တကယ်လို့ Pattern ဟာ Background ဖြစ်ခဲ့ရင် Background နဲ့ Pattern တူတယ်လို့ ပြောလို့လဲ ရပါတယ်..။ဖြစ်နိုသမျှ Background ကို အဓိက နှစ်မျိုးခွဲကြည့်နိုင်ပါတယ်..။ စိတ်ဝင်စားဖွယ်ရာ Background ထားမလား..။ ရိုးရှင်းတဲ့ Background ထားမလား..? ဒါကတော့ Theory ထုတ်လို့ မရပါဘူး..။ မိတ်ဆွေရဲ့ Taste ပဲ ဖြစ်ပါတယ်...။
(8) Depth Of Field
ကျွန်တော် အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့တဲ့..။ ပြောခဲ့တဲ့ Depth Of Field ပါပဲ..။ Depth Of Field များခြင်းဟာ Background သို့မဟုတ်..။ အနောက်မှာပါနေတဲ့ အရာတွေကို Out Of Focus ဖြစ်စေတဲ့ အတွက် Depth Of Field များလျှင် များသလောက် သင့်ရဲ့ Subject ကို Stand Out ဖြစ်စေမှာ ဖြစ် ပါတယ်..။
ဒီအချက်ဟာ ကျွန်တော်ကိုယ်တိုင်အပါအဝင် DSLR ဘက်ကိုပြောင်းလာကြတဲ့ သူတော်တော်များများရဲ့ Feeeling ပဲ ဖြစ်ပါတယ်..။ Subject ထင်းထင်းလေးနဲ့ Background ဝါးဝါးလေးပါ...။ တစ်ခုရှိတာက ပုံတိုင်း Depth Of Field များများနဲ့ ရိုက်ဖို့မလိုပါဘူး..။ Landscape Photography ဆိုတာကတော့ Depth Of Field နဲ နိုင်သမျှ နဲဖို့က အရေးအကြီးဆုံးမှာပါတဲ့ Photography အမျိုးအစား တစ်ခုပဲဖြစ်ပါ တယ်..။

(9) Cropping
ကျွန်တော်ကိုယ်တိုင် ဆရာဖေမြင့်ဦး သင်တန်းရောက်မှ Cropping လုပ်ရကောင်းမှန်းသိခဲ့တာပါ..။ ဆရာ့ဆီမှာ သင်တန်းမတက်ခင် ၁ နှစ်ကျော်ကျော် ၂ နှစ်နီးပါးလောက်ကတည်းက ကျွန်တော် ဓာတ်ပုံ ရိုက်နေတာပါ...။ ဒါပေမယ့် ကျွန်တော် သတိမထားမိခဲ့ပါဘူး..။ ကျွန်တော်သိတဲ့ Cropping ဆိုတာ ကိုယ်ရိုက်လိုက်တဲ့ Subject ဝေးနေတယ်ထင်ရင် နီးသွားအောင်လို့ လုပ်တဲ့ Cropping ထက် မပိုခဲ့ ပါဘူး..။
ဒီနေရာမှာ အလှချိတ်ဖို့ ၊ ရောင်းဖို့ ၊ ပြပွဲလုပ်ဖို့သူတွေအတွက်မဟုတ်ပဲ..။ ပြိုင်ပွဲဝင်ချင်တဲ့သူတွေအတွက် နဲနဲပြောခြင်ပါတယ်..။ ပြိုင်ပွဲတွေက မူလ ဓာတ်ပုံ (Original Raw File) ကို Finalist ရောက်သွားရင်သော် လည်းကောင်း..။ အစပိုင်းမှာကတည်းကသော်လည်း ကောင်း တောင်းပါတယ်...။ ပြီးတော့ ကျွန်တော်တို့ ပြိုင်ထားတဲ့ (Post Processing ) လုပ်ထားတဲ့ပုံနဲ့ယှဉ်ကြည့်ပါတယ်..။
ဒီနေရာမှာ Original ပုံအတိုင်းမဟုတ်ပဲ..။ ပြိုင်ပွဲဝင်ပုံက Crop လုပ်ထားတာဆိုရင်..။ တရားဝင်ပါတယ်..။ ပြိုင်လို့ရပါတယ်..။ မရဘူး ထင်မှာဆိုးလို့ပါ..။ ဆရာ့အာဘော်အရ ပုံတိုင်းနည်းပါးဟာ ရိုက်ပြီးရင် Crop လုပ်ဖို့လိုကိုလိုပါတယ်..။
မှားနေတဲ့ Composition ကို ပြင်ဖို့အတွက်သော်လည်းကောင်း..။ စောင်းနေတဲ့ Vertical, Horizontal Line တွေကိုတည့်ဖို့ အတွက် သော်လည်းကောင်း..။ မလိုအပ်တဲ့ (ကိုယ်မလိုချင်တဲ့ ) အပိုင်းတွေ ကို ဖြတ်ထုတ်ပြစ်ဖို့သော်လည်းကောင်း..။ နောက်ဆုံး ကျွန်တော်ပြော သလို ကိုယ်ပြချင်တဲ့ Subject ကသေးနေတယ်လို့ ထင်ရရင်သော်လည်းကောင်း မဖြစ်မနေ Crop လုပ်ရမှာ ဖြစ်ပါတယ်..။
ဒါကြောင့် ပုံတိုင်းနည်းပါးဟာ Crop လုပ်ဖို့ မဖြစ်မနေ နီးပါးလိုကို လိုအပ်မှာ ဖြစ်ပါတယ်...။ ဒီလောက် ဆိုရင် Composition အကြောင်း အခြေခံအားဖြင့် တော်တော်လေး သတိထားမိသွားပြီလို့ ကျွန်တော် ထင်ပါတယ်..။ ဓာတ်ပုံ တစ်ပုံရိုက်ရင် စိတ်ရှည်ပါ..။ ပြီးပြီးရော မရိုက်ပါနဲ့..။ ပြီးပြီးရော တစ်ပုံတစ်ထောင် ရိုက်တာဟာ..။ သေသေချာချာ တွက်ချက်ပြီး စိတ်ရှည်ရှည်နဲ့ရိုက်ထားတဲ့ ပုံတစ်ပုံနဲ့ မလဲနိုင်ပါဘူး..။
မကောင်းဘူး ထင်ရင် မရိုက်ပါနဲ့..။ ကောင်းအောင် လုပ်ပြီးတော့သော်လည်းကောင်း..။ ကောင်းမယ့် အချိန်မှာသော်လည်းကောင်း ရိုက်ပါ..။ ဖြစ်ကလက်ဆန်းရိုက်တဲ့အကျင့်ဟာ သင့်ကို ဖြစ်ကလက်ဆန်း ဓာတ်ပုံသမားတစ်ယောက်သာ ဖြစ်စေမှာ ဖြစ်ပါတယ်..။
ဒီနေရာမှာ ဆရာပြောဖူးတဲ့ စကားလေး တစ်ခွန်းကို လက်ဆောင် အနေနဲ့ ပြောပြပေးလိုက်ပါတယ်..။
တကယ်တော့ "Taking Photo နဲ့ Making Photo" ဆိုတာ တစ်ခြားစီပါ....တဲ့...။
Photo Making များများလုပ်နိုင်ကြပါစေလို့ ဆုတာင်းပေးလိုက်ပါတယ်...။
Gear တွေ မရှိလို့ဆိုပြီး စိတ်ဓာတ်မကျပါနဲ့..။ ရှိတာလေးနဲ့ ကောင်းအောင် ရိုက်နိုင်တဲ့အခွင့်အရေးတွေ..။ နည်းစနစ်တွေ အများကြီးရှိပါတယ်..။ အရေးကြီးတာက ကြိုးစားချင်စိတ်..။ တိုးတက်လိုစိတ်ပါ..။
များများရိုက်ပါ..။ ရိုက်ရင်းလေ့လာပါ.. လေ့လာရင်း ရိုက်ပါ..။ အားမငယ်ပါနဲ့ ..။ အားမလျော့ပါနဲ့....။
P.S- Dedicated To Sayar Pe Myint Oo
လေးစားစွာဖြင့်
Black Dream
http://www.blackdream21.com
Note- ကျွန်တော် မနေ့က လူရော စိတ်ရော ပင်ပန်းခဲ့တဲ့အတွက် Post မတင်ပေးနိုင်.. Reply တွေ ပြန်မလုပ်နိုင်တဲ့ အတွက် နားလည်ပေးကြပါလို့....။
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) i-Mobile i-Style 2.1 to 7.5 Firmwares ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ငါးကျဉ်းခြောက် ခရမ်းချဉ်သီးငပိချက် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..