37 Regrets....

လူတွေက အသက်ကြီး လာတဲ့အခါ ဘယ်ကိစ္စ တွေကို မလုပ်ခဲ့ မိဘူးဆိုပြီး နောင်တရတတ် ကြသလဲ။ စစ်တမ်း အရ တော့ ဒီကိစ္စ ၃၇ခုကို မလုပ်မိလို့ နောင်တ အများဆုံး ရကြပါ တယ်တဲ့။
လူတိုင်းရဲ့ ဘ၀မှာ အမှားတွေ ပြုလုပ်ခဲ့ ဖူးကြပါတယ်။ အဲ့အမှား တွေကတဆင့် သင်ယူခဲ့ ကြရပါတယ်။ အသက် အရွယ် တစ်ခု ရောက်လာတဲ့ အခါမှာ ကိုယ်ငယ်ငယ်က မလုပ်ခဲ့ လိုက်ရတဲ့ ကိစ္စတွေကို လုပ်ခဲ့မိရင် ကောင်းမှာ ဆိုပြီး နောင်တ ရတာမျိုးတွေ ဖြစ်ကြပါတယ်။

၁။ အခွင့်အရေး ရှိတုန်း ခရီးမထွက် မိလို့ အကုန်အကျ များလာ ပါတယ်။
၂။ ဘာသာစကား နောက်တစ်မျိုး မလေ့လာ မိလို့
၃။ မကောင်းတဲ့ ဆက်ဆံရေးကို တွယ်ကပ် နေမိလို့
၎။ sunscreen မသုံးမိလို့
၅။ သင်အကြိုက်ဆုံး အဆိုတော် တွေရဲ့ ဂီတပွဲ တွေကို မသွားမိလို့
၆။ တစ်ခုခု လုပ်ရမှာ နောက်တွန့်ပြီး ကြောက်မိလို့
၇။ လေ့ကျင့်ခန်း မှန်မှန် မလုပ်မိလို့
၈။ လိင်အမျိုးအစား ခွဲခြားမှု တွေကြောင့် ကိုယ့်ကိုကိုယ် ဘောင်ခတ် ထားမိလို့
၉။ မကောင်းတဲ့၊ ဆိုးတဲ့ အလုပ်က မထွက်မိလို့
၁၀။ ကျောင်းမှာ စာမကြိုးစား မိလို့

၁၁။ သင့်ကိုယ်သင် ပြင်ပြင်ဆင်ဆင် မနေမိလို့
၁၂။ တစ်စုံ တစ်ယောက်ကို ချစ်တယ်လို့ ပြောရမှာ ကြောက်နေမိလို့
၁၃။ မိဘရဲ့ အကြံပေး စကား နားမထောင် မိလို့
၁၄။ သင့်ရဲ့ ငယ်ရွယ်စဉ် ဘ၀ကို သင့်အတ္တ အတွက်ပဲ ကုန်ဆုံး စေမိလို့
၁၅။ တခြားလူတွေ ဘယ်လို ပြောမလဲ ဆိုတာကိုပဲ အရမ်း အလေးထား မိလို့
၁၆။ သူများအတွက်ပဲ လိုက်ဖြည့်ဆည်း ပေးပြီး ကိုယ့်အတွက် ကိုယ်မလုပ် မိလို့
၁၇။ မြန်မြန် သွက်သွက် မလုပ်ဆောင်ပဲ တွန့်ဆုတ် နေမိလို့
၁၈။ ကိုယ့်ကို ချစ်တဲ့ သူတွေ အပေါ် မထားသင့်တဲ့ အတ္တတွေ ထားခဲ့မိလို့
၁၉။ ကိုယ့်ခံယူချက်ကို မြဲမြဲ မဆုပ်ကိုင် မိလို့
၂၀။ လူမှုအကျိုးပြု လုပ်ငန်းတွေ မလုပ်ဆောင် မိလို့

၂၁။ သင့်ရဲ့ သွားကို ဂရုမစိုက် မိလို့
၂၂။ အဘိုး၊ အဘွားတွေနဲ့ အချိန်ပေး မနေမိလို့
၂၃။ အလုပ်တွေပဲ မတရား ဖိလုပ်မိလို့
၂၄။ ဟင်းတစ်မျိုးမျိုး ချက်တတ်အောင် မသင်ခဲ့ မိလို့
၂၅။ သင့်ဘ၀ရဲ့ အမှတ်တရ ဖြစ်လာမယ့် အချိန်၊ အခိုက်အတန့် လေးတွေကို အလေးမထား တတ်ခဲ့လို့
၂၆။ သင်စခဲ့တဲ့ အမှုကို အဆုံးမသတ် မိလို့
၂၇။ ပါတီမှာ လူတိုင်းကို အမှတ်တရ တစ်ခုခု ပေးနိုင်မယ့် မျက်လှည်၊့ ပညာ တစ်ခုခုကို မလေ့လာ ခဲ့မိလို့
၂၈။ သင့်ရဲ့ အသိုင်းအ၀ိုင်းရဲ့ ဆုံးဖြတ်ချက်ကို အသာတကြည် လက်ခံ မိလို့
၂၉။ သူငယ်ချင်း သံယောဇဉ်ကို ကြာရှည်အောင် မလုပ်ဆောင် မိလို့
၃၀။ သင့်ကလေးတွေနဲ့ အချိန်ပေးပြီး မကစား မိလို့

၃၁။ စွန့်စားမှု တစ်ခုခုကို မပြုလုပ် ခဲ့လို့
၃၂။ သင့်ရဲ့ လူမှု ဆက်ဆံရေး အသိုင်းအ၀ိုင်းကို မချဲ့ထွင် မိလို့
၃၃။ စိုးရိမ်ကြီးလွန်း မိလို့
၃၄။ မဆိုင်တဲ့ ဒရာမာ ဇာတ်လမ်းတွေမှာ သွားပတ်သက် မိလို့
၃၅။ သင်ချစ်တဲ့ သူတွေနဲ့ တူတူ အချိန်မကုန်ဆုံး ခဲ့မိလို့
၃၆။ လူတွေရှေ့မှာ သင့်ရဲ့ အစွမ်းအစ တစ်ခုခုကို မထုတ်ဖော် ပြမိလို့
၃၇။ ကျေးဇူးတင် ထိုက်သူကို မတင်မိလို့

ကဲဘယ်အချက် တွေကို မလုပ်ရ သေးဘူးလဲ။ မလုပ်ရ သေးရင် အခုပဲ လုပ်ပြီး နောင်မှ နောင်တ ရတဲ့ အဖြစ်ကနေ ရှောင်လွှဲ နိုင်ကြပါစေ။ မ လုပ်တာထက် စာရင် နောက်ကျတာက သာပါတယ်။ "It is better late than never"
Images from thebestbrainpossible, myfertilitychoices, viralnova. Source: viralnova.com
AuthorArr Luu
MYMC
- (အရှေ့သို့) Dirty drugs ညစ်ညမ်းဆေးတွေ... Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဆေးခြောက်၏ အာနိသင်နှင့် ဆိုးကျိုးများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး'