Progesterone Injection (ပရိုဂျက်စတီရုန်း) ထိုးဆေး

အမေး။ အမျိုးသမီးတချို့က 1 month ထိုးဆေးကို Menstruation ပုံမှန်လာလို့ဆိုပြီး ထိုးချင်ကြပါတယ်။ ထိုးရင်းနဲ့ ကိုယ်ဝန်ရသူများလည်း တွေ့ရပါတယ်။ ထိုးသင့် မသင့်ရှင်းပြပေးပါဆရာ။ Menstruation မလာရင်နေထိုင်မကောင်းလို့ 3-mnth ကိုလည်း မထိုးချင်ကြလို့ပါဆရာ။ ဒြီ့ပင်နည်းလည်း မသုံးချင်ရင်ပါဆရာ။
Progesterone Injection (ပရိုဂျက်စတီရုန်း) ထိုးဆေးကို ရာသီမလာတဲ့၊ ရာသီမမှန်တဲ့ အမျိုးသမီးတွေ အတွက်သုံးတယ်။ ရာသီမမှန်ဖြစ်စေနိုင်တဲ့ Submucous fibroids သားအိမ်အတွင်းဆုံး အလွှာအောက်မှာ ရှိနေတဲ့ အကျိတ်ရောဂါနဲ့ Uterine cancer သားအိမ်ကင်ဆာအတွက်လဲသုံးတယ်။ Amenorrhea ရာသီမလာသူတွေကို 5-10 mg ကို ၆-၈ ရက်ဆက်ထိုးပေးတယ်။ မျိုးဥအိမ်ကဆေးကို တုန့်ပြန်မှု ရှိသူတွေမှာ ဆေးထိုးပြီး ၂-၃ ရက်နေရင် သွေးဆင်းမယ်။ နောက်လတွေမှာ ပုံမှန်ပြန်ဖြစ်နိုင်တယ်။ Functional Uterine Bleeding ရာသီမမှန်သူတွေ (ရာသီကြားရက်ဆင်းသူတွေ) ကို 5-10 mg ကို ၆ ရက်ဆက် ထိုးပေးတယ်။ ၆ ရက်အတွင်းသွေးဆင်းမယ်။
ဘေးထွက်-ဆိုးကျိုးများ
သွေးဆင်းတာ အမျိုးမျိုး (ကြားရက်ဆင်းတာ၊ အစက်ကလေးသာဆင်းတာ၊ အရင်ကနဲ့မတူတာ)၊ ကိုယ်အလေးချိန် ပြောင်း (ပိန်-ဝ) တာ၊ ကိုယ်ရောင်တာ၊ သားအိမ်ဝကအဖြူဆင်းတာ၊ အသားဝါ၊ ရင်သားတင်းနာတာ၊ ဆေးထိုးတဲ့နေရာ နာတာ-ယားတာ၊ ဝက်ခြံထွက်တာ၊ အမွှေးထူတာ၊ စိတ်ကျတာ၊ ကိုယ်ပူတာ၊ အိပ်မပျော်တာ၊ ပျို့တာတွေဖြစ်နိုင်တယ်။ ဘယ်လိုအမျိုးသမီးတွေကို ဒီဆေးမထိုးသင့်သလဲ သွေးပြန်ကြောရောင်သူ၊ အသဲမကောင်းသူ၊ ရင်သားနဲ့ မျိုးပွါးလမ်း ကင်ဆာရှိသူ၊ မွေးလမ်းကြောင်းကနေ အကြောင်းမှန် မသိရဘဲ သွေးဆင်းနေသူ၊ Missed abortion ကိုယ်ဝန်ပျက်သူ။
ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၄
- (အရှေ့သို့) Facebook ထဲမွာ Search History တွေ မကျန်အောင် ရှင်းထုတ်မယ်... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို
- (အနောကျသို့) Diabetic Food ဆီးချိုနဲ့ အစားအသောက် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို