အင်္ဂလန်တွင် ဆေးဝါးနှင့်ဇီဝဆေးသိပ္ပံဘာသာရပ်တက်ရောက်မည့် ကျောင်းသားများအား ပညာသင် ထောက်ပံ့ကြေး ပေါင် ၄၀၀၀ ပေးအပ်မည်
အင်္ဂလန်နိုင်ငံတွင် ဆေးဝါးနှင့် ဇီဝဆေးသိပ္ပံဘွဲ့ကြို၊ ဘွဲ့လွန်ဘာသာရပ် တက်ရောက်လိုသော မြန် မာကျောင်းသားများအတွက် ပညာသင်ထောင်ပံ့ကြေးပေါင် ၄၀၀၀ အထိ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါဘာသာရပ်များအား အင်္ဂလန်နိုင်ငံရှိ University of Central Lancashire (Uclan) တွင် တက် ရောက်နိုင်မည့် ဘွဲ့ကြိုဘာသာရပ်များမှာ ဇီဝသိပ္ပံဂုဏ်ထူးတန်း၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဆေးဝါးကျွမ်းကျင်မဟာတန်း၊ ရုပ်ဗေဒဆိုင်ရာနှင့် ဆေးဝါးဗေဒဆိုင်ရာ ဂုဏ်ထူးတန်း များကို တက်ရောက်နိုင်မည်ဖြစ်သည်။
ဘွဲ့လွန်ဘာသာရပ်များတွင် ဇီဝဆေးသိပ္ပံမဟာဘွဲ့၊ ဇီဝကင်ဆာဆဲလ်နှင့် သီရဖီမဟာဘွဲ့၊ စက်မှုဆေး ဝါးကုန်ထုတ်လုပ်ငန်းနှင့် ဓာတုဆေးဝါးမဟာဘွဲ့ ဘာသာရပ်များကို တက်ရောက်နိုင်မည်ဟု သိရ သည်။
"ဒီဘွဲ့ကြိုနဲ့ ဘွဲ့လွန်ဘာသာရပ်တွေအားလုံးအတွက် ပေါင်လေးထောင်အထိ ပညာသင်ထောက် ပံ့ကြေး လျှောက်ထားလို့ရမယ်။ ဘာသာရပ်တွေအားလုံးကို ပေးသားမယ်။ ပေါင်လေးထောင်အထိ ဆို တော့ကျောင်းစရိတ် သုံးပုံတစ်ပုံလောက်ကာမိနိုင်မယ်" ဟု Crown Education မှတာဝန်ရှိသူတစ်ဦး ကပြောသည်။
ဝင်ခွင့်လျှောက်ထားလိုသူများသည် ဆေးပညာဆိုင်ရာဘွဲ့တစ်ခုခု ရရှိရမည်ဖြစ်ကြောင်း သိရသည်။
The Yangon Times Daily
အတွဲ(၁)၊ အမှတ်(၂၁၈)၊ ဇန်နဝါရီ ၂၈၊ ၂၀၁၄
- (အရှေ့သို့) တရုတ်နှစ်သစ်ကူး ပွဲတော်ကို အတူတက်ရောက်ပေးဖို့ ၇ ရက်တာ ချစ်သူကို ယွမ်တစ်သန်း ($165,300) နဲ့ငှား ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) နာမည်ကျော် မိုက်ခရိုဆော့ဖ် မြန်မာ့ပညာရေးကဏ္ဍတွင် လေးနှစ်စီမံကိန်းဖြင့် ကူညီမည် ပူဒီနာ စားသင့်တဲ့အချက် ခန္ဓာကိုယ်နာကျင်မှု ကင်းဝေးစေရန် ပြုမူနေထိုင်နည်းများ ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... မှတ်ပြီလား... ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ