ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းသည့် အကြောင်းရင်းများ
Health Updates Journal No. 101
(၁) စိတ်ကျဝေဒနာ
စိတ်ကျဝေဒနာသည် ကမ္ဘာနှင့် အ၀ှမ်းခံစားနေကြရသည့် ရောဂါတစ်မျိုးဖြစ်ပြီး ၀မ်းနည်းခြင်း၊ စိတ်မွန်းကျပ်ခြင်း၊ စိတ်တိုခြင်းတို့ကြောင့် နေ့စဉ်လုပ်ငန်းများ ထိခိုက်စေသည်။ အစာစားချင်စိတ်ကိုပါ ပျက်ယွင်းစေသောကြောင့် ရုတ်တရက် ကိုယ်အလေးချိန်ကျစေသည်။
(၂) နာတာရှည် လေပြွန်ရောဂါ
နာတာရှည် လေပြွန်ရောဂါကြောင့် အသက်ရှူလမ်းကြောင်း အတွင်းရောဂါပိုး ၀င်ရောက်လေ့ရှိပြီး မောပန်းခြင်း၊ ရင်ကျပ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်စေသည်။
(၃) သိုင်းရွိုက်ဟော်မုန်းလွန်ကဲဝေဒနာ
သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်သည့် သိုင်းရွိုက်အကျိတ်လုပ်ငန်းများ လွန်ကဲခြင်းကြောင့် မောပန်းခြင်း၊ စိတ်အခြေအနေပြောင်းလဲခြင်း၊ ပူ အိုက်ခြင်း၊ ချွေးပြန်ခြင်း၊ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်နှုန်းများ မြန်ဆန်ပြီးကိုယ် အလေးချိန် ရုတ်တရက်ကျဆင်းတတ်သည်။
(၄) ဆီးချိုသွေးချိုရောဂါ
ဆီးချိုသွေးချိုရောဂါ ရှိလာပါက ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း၊ ရေငတ်ခြင်း၊ ဗိုက်ဆာခြင်း၊ မကြာခဏဆီးသွားခြင်း၊ မောပန်းလွယ်ခြင်း တို့ ခံစားရတတ်သည်။
(၅) တီဘီရောဂါ
တီဘီရောဂါပိုးကူးစက်ခံရလျှင် မောပန်းခြင်း၊ အဆုတ်တွင်း ရောဂါ ပိုးကူးစက်ခြင်း၊ ရောဂါရင့်လာ သည် နှင့်ကိုယ်အလေးချိန် ရုတ်တရက်ကျခြင်းတို့ဖြစ်တတ်သည်။
(၆) ကင်ဆာရောဂါ
ကင်ဆာရောဂါတွင် ပုံမှန်မဟုတ်သော ဆဲလ်များ အလျင်အမြန်ပွားလာသောကြောင့် စွမ်းအင်သုံးစွဲမှု များပြားပြီးကိုယ်အလေးချိန် ကျဆင်းတတ်သည်။
(၇) HIV
HIV ပိုးသည် ခုခံအားစနစ်ကို တိုက်ခိုက်ပြီး အခြားရောဂါပိုးမျိုးစုံကို ပါဝင်ရောက်စေသောကြောင့် နာတာရှည်ဝမ်းလျှောခြင်း၊ ချောင်းဆိုးခြင်း၊ ပိန်ချုံးခြင်းတို့ ဖြစ်စေသည်။
(၈) Crohn’s disease
အူရောင်ရောဂါ တစ်မျိုးဖြစ်သည့် Crohn’s Disease တွင် အစာခြေလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းမှုများဖြစ်ပေါ်ပြီး ဗိုက်အောင့်ခြင်း၊ ၀မ်းလျှောခြင်း၊ ၀မ်းထဲသွေးပါခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ တွေ့ရတတ်သည်။
သီဟ
Ref: MDI
- (အရှေ့သို့) ဆေးခြောက်၏ အာနိသင်နှင့် ဆိုးကျိုးများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ခန္ဓာကိုယ်ရဲ့လျှို့ဝှက်ချက်များ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..