မိခင်ဆိုတာ...
Tuesday, January 21, 2014
ပင်ဆယ်ဗေးနီးယားက မိခင်တစ်ယောက်ဟာ ရက်သတ္တပတ် ၁၉ပတ်နဲ့ မွေးဖွားခဲ့တဲ့သူ့ ရဲ့ သား ပုံတွေကိုဓာတ်ပုံရိုက်ပြီး သူ့ ဘလော့မှာတင်ခဲ့ပါတယ်။ အလက်ဆီဖရက်ဟာအသက်၃၀ ရှိပြီး သမီးလေးနှစ်ယောက်ရှိပါတယ်။ ယခု တတိယကိုယ်ဝန်ဟာသားယောက်ျားလေးဖြစ်ပြီး ကိုယ်ဝန်၁၉ပတ် မှာသွေးနည်းနည်း ဆင်းလာပါတယ်။ ဆေးရုံမှာစောင့်ဆိုင်းနေရင်း အာလ်ထရာဆောင်းရိုက်ဖို့  အတွက် ရေသုံး ခွက်သောက်လိုက်ပြီး... သိပ်မကြာခင်ပဲ ဗိုက်ကမွေးဖွားချင်လို့ နာလာပါတယ်။ သူကသူမွေးဖွားတော့မယ်ဆိုတာသိနေပါတယ်။
ဒါပေမယ့်သူနာပြုဆရာမတွေကတော့ သံသယရှိပြီး အာလ်ထရာဆောင်း ရိုက်ဖို့ အတွက်ခေါ်သွားခဲ့ပါ တယ်။ အာလ်ထရာဆောင်း အခန်းထဲမှာ ပိုနာလာပြီး ညှစ်အားကပိုတိုးလာပါတယ်။ နောက်ဆုံးတော့ သားငယ်ဝေါ်တာကို ၉ နာရီ ၄၂ မိနစ်မှာ မွေးဖွားခဲ့ပါတယ်။ ဖရက်က ကျမအရမ်းငိုမိပါတယ်။ သားလေး ကခြေလက်အင်္ဂါအကုန်စုံလင်နေပါပြီ။ သူနှလုံးခုန်နေတာကိုတောင် ကျမမြင်ရပါတယ်။ ကျမသားလေးကို သူ့ နှလုံးခုန်သံတွေကြားနေရတုန်း ဖက်ထားမိပါတယ်။ သူ့ လက်ဖ၀ါးလေးတွေ၊ခြေဖ၀ါးလေးတွေကို ကိုင်ကြည့်ပြီး သူ့ ခေါင်းသေးသေးလေးကို နမ်းလိုက်ပါတယ်။ အဲဒီအချိန် ကာလလေးကိုကျမ အမြဲတမ်းအမှတ်ရသွားမှာပါ။ ဖရက်ရဲ့ ခင်ပွန်း ယောရှုဝါက ကားဆီကိုသွားပြီး ကင်မရာပြန်ယူ ပါတယ်။ ဒီကင်မရာက သူ့ သူငယ်ချင်းမင်္ဂလာ ပွဲအတွက်ရိုက်ပေးဖို့ ယူလာတဲ့ကင်မရာပါ။ ပထမတော့ ဓာတ်ပုံမရိုက်တော့ဘူးလို့  စဉ်းစားမိပါတယ်။ ဒါပေမယ့်ရိုက်ဖြစ်ခဲ့တဲ့အတွက် သားပုံလေးတွေကို ခုလိုကြည့်ခွင့် ရခဲ့ပါတယ်။ ကျမခင်ပွန်းကို ကျေးဇူးတင်ပါတယ်။
အချိန်မတိုင်မီမွေးဖွားတယ်ဆိုတာ လူတော်တော်များများအတွက် သိပ်အရေးမကြီးလှပါဘူး။ နောက်ထပ် ကလေးတစ်ယောက် ထပ်ရအောင်ကြိုးစားနိုင်တယ်လို့  ယူဆပြီး ဒီကိစ္စဘယ်တုန်းကမှ မဖြစ်ခဲ့သယောင် ဟန်ဆောင်ကြတယ်။ ဒါပေမယ့် မိခင်ကတော့ ၀မ်းနည်းပူဆွေးမှု တပုံကြီးနဲ့ ကျန်ခဲ့ရပါတယ်။ ဆေးရုံဝန် ထမ်းတွေကလည်း ဆေးပစ္စည်း အမှိုက်တစ်ခုလို ကလေးအသေကို စွန့် ပစ်လိုက်မယ်။ ဒါကြောင့် မိ ခင် တော်တော်များများ သူတို့ ကလေးကို ကိုင်တွယ်ခွင့်ထိတွေ့ ခွင့် မရခဲ့ကြဘူး။ တချို့ဆို ယောက်ျားလေး လား၊ မိန်းကလေးလားတောင် မသိလိုက်ရပါဘူး။
တနှစ်ကို အမေရိကန်အမျိုးသမီးတစ်သန်းလောက် အချိန်မတိုင်မီမွေးဖွားပြီး သားပျက်သားလျှောကြတယ် လို့ သိရပါတယ်။ ဒီအကြောင်းကို ဘလော့မှာရေးတင်ပြီးတဲ့နောက် သူ့ ဆီကို ကလေးပျက်ကြတဲ့အမျိုး သမီးတွေဆီက စာတွေရောက်လာပါတယ်။ ဖရက်ရဲ့ စာနဲ့ သားလေးရဲ့ ဓာတ်ပုံဟာ သူတို့ စိတ်ကို ကုစားဖို့ အကူအညီပေးပါတယ်တဲ့။ သားရဲ့ ပုံတွေကို လူတွေကဝှေငှကြ၊ မှတ်ချက်တွေပေးကြတာ ဖတ်ကြည့်ပြီး ကျမအံ့သြမိပါတယ်။ သားလေးဟာသူ့ ရဲ့ မိနစ်ပိုင်းလောက် ဘ၀တိုတိုလေး နေခဲ့ပေမယ့် ကျမစိတ်မကူးမိနိုင်လောင်အောင်ကို ဘ၀များစွာနဲ့ ထိတွေ့ ခဲ့ပါတယ်။
သတင်းချစ်သူ - ဝေဟင်
Myanmar Online News

- (အရှေ့သို့) သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင် JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) Dirty Medicines ညစ်ညမ်းဆေးတွေ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...