Avon ၏ NBC ကာကွယ်ရေးဦးထုပ်



Avon Protection အနေဖြင့် ပြီးခဲ့သည့်အပတ်က လန်ဒန်၌ ကျင်းပခဲ့သော တန်ပြန် အကြမ်းဖက်မှုဆိုင် ရာ ပြပွဲတွင် HMK150 ဦးထုပ်အားပြသခဲ့ပြီး ၄င်းအနေဖြင့် ဓာတု၊ ဇီဝ၊ ဓာတ် ရောင်ခြည် နှင့် နျူကလီးယား ထိခိုက်မှုဒဏ်တို့အား ကာကွယ်ပေးနိုင်ကြောင်း သိရှိရသလို အကြမ်းဖက်မှုများကို နှိမ်နင်းရာ၌လည်း အသုံးပြုနိုင်ပါသည်။

HMK150 သည် အဆင့်မြင့်တင်မှု ပြုလုပ်၍ ထုတ်လုပ်ထားသော ကာကွယ်ရေးဦးထုပ် ဖြစ်ပြီး ၄င်းသည် Avon ၏ HM 50 မျက်နှာဖုံးနှင့် Schuberth ၏ P100N ဦးထုပ်တို့ကို ပေါင်းစပ်ထား ခြင်းဖြစ်ပါသည်။ Schuberth သည် ဂျာမဏီနိုင်ငံထုတ် ယုံကြည်စိတ်ချရသော ဦးထုပ်အမျိုးအစား တစ်ခုဖြစ်သည့်အပြင် Formula One ကားသမားများ ဖြစ်သည့် Michael Schumacher၊ Felipe Massa နှင့် Fernando Alonso တို့ ကားမောင်းရာ၌ ၀တ်ဆင်ရန် ဦးထုပ် ထုတ်လုပ်ပေးရသော Company တစ်ခုလည်း ဖြစ်ပါသည်။ P100 ဦးထုပ်ကို ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သော လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် အသုံးပြုနိုင်ပေသည်။

HM50 မျက်နှာဖုံးနှင့် ပတ်သက်၍ ကာဗာအမျိုးအစားနှစ်မျိုးရှိသလို ဒုတိယပုံစံတွင် အသုံးပြုသူအား လေစစ် ထုတ်ခြင်းဆိုင်ရာ ကိရိယာများ ပါဝင်ပေသည်။ မျက်နှာဖုံးစွပ်ထားသော်လည်း အပူဒဏ်ကို အနည်းဆုံး ခံစားရစေရန်လုပ်ဆောင်ထားခြင်းနှင့် အသက်ရှုမှုအတွက် ကာဗွန်ဒိုင်အောက် ဆိုဒ်ကဲ့သို့ ဓာတ်ငွေ့များကို စစ်ထုတ်ပေးနိုင်ရန်အတွက် ဒီဇိုင်းထုတ်လုပ်ထားပါသည်။ ၄င်းစနစ်များကို ဦးထုပ်ဆောင်းထားခြင်း မရှိပါကလည်း အသုံးပြုနိုင်မည် ဖြစ်သည့်အတွက် ဦးခေါင်းကာကွယ်မှုကို အချိန်တိုင်းရရှိစေမည် ဖြစ်ပါ သည်။ ထို့အပြင် မျက်နှာဖုံးတွင် ပါဝင်သော မှန်အနေဖြင့် ခြစ်ရာပွန်းရာ များကိုလည်း ခံနိုင်ကြောင်း သိရှိရပြီး ယခုကဲ့သို့ ထုတ်ကုန်ပစ္စည်းနှစ်မျိုးကို ပေါင်းစပ်လိုက်ခြင်းဖြင့် HMK150 သည် ခုခံကာကွယ်ခြင်း အပိုင်း၌ အဆင့်အတန်းမြင့်မားသော ကာကွယ်ရေးဦးထုပ် ဖြစ်လာပါတော့သည်။

Avon သည် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၊ အမေရိကန်နိုင်ငံ၏ ကြည်း၊ရေ၊လေ၊ မရိန်း နှင့် အထူးတပ်ဖွဲ့ ၀င်များအတွက် ပစ္စည်းကိရိယာများထုတ်လုပ် ထောက်ပံပေးရသည့် Company တစ်ခုလည်း ဖြစ်ကြောင်း သိရှိရပါသည်။

Ref:GM
WorldWide(BMSTU)
TechSpace Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...