ရုရှားတွင် အရွယ်မလွန်ခင် သေစေသည့် ဗော့ဒ်ကာအရက်

ရုရှားမှာ စစ်တမ်းအရ ဗာ့ဒ်ကာကြောင့် သေဆုံးသူဟာ ထက်ဝက်ဝန်းကျင် ရှိပြီး ယင်းထဲမှာမှ အသက် ၅၅ နှစ်အောက် နဲ့ သေဆုံးရသူက ၂၅ ရာခိုင်နှုန်း ရှိကြောင်း ဆိုပါတယ်။ အမေရိကန် မှာဆိုရင် ၁ ရာ ခိုင်နှုန်းပဲ ရှိတာမို့ သိသိသာသာကို ကွာဟ နေပါတယ်။
ဗော့ဒ်ကာ အရက်ဟာ ဆိုဗီယက်၊ ပိုလန်၊ ဆွီဒင် တို့လို ဥရောပ နိုင်ငံများမှာ မွေးဖွား ပေါ်ပေါက်ခဲ့တဲ့ ချက်အရက် တစ်မျိုး ဖြစ်ပြီး အယ်လ်ကိုဟော ပမာဏ ၄၀ ရာခိုင်နှုန်း ဝန်းကျင် ပါဝင်ပါတယ်။ ဂျုံ၊ အာလူး၊ ပြောင်း အစရှိသဖြင့် တို့နဲ့ ချက်လုပ်တဲ့ ယင်း အရက်ဟာ ၁၃ ရာစု၊ ၁၄ ရာစု လောက် ကတည်း က ပေါ်ပေါက်လာတဲ့ အရက် ဖြစ်ပါတယ်။
ရုရှားမှာ ရေပန်း အစား ခေတ် အစားဆုံး ဖြစ်ပြီး ရုရှား ဗော့ဒ်ကာဟာ ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံ သားတို့ သောက်သုံးနေတဲ့ ၉၀ ရာခိုင်နှုန်းကျော်သော အရက်ပမာဏဟာ ဗော့ဒ်ကာ (Vodka) ဖြစ်ပါတယ်။ ၁၉၁၁ ခုနှစ် ကျော် က ဈေးကြီးနေတဲ့ Vodka ကို သာမန်လူ ဆင်းရဲသားများ ပါ သောက် သုံးနိုင်အောင် အစိုးရကိုယ်တိုင် ဈေးချပေးခဲ့ခြင်း ဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ကုမ္မဏီများဟာလည်း အစိုးရနဲ့ ဆက်စပ်မှု ရှိပြီး တိုင်းပြည် ဝင်ငွေတစ်ခုအဖြစ် တည်ရှိ နေကြောင်း သိရ ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောကျသို့) ဟွာဝေး ဖုန်းအသစ် Huawei Ascend P7 စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလူမှုဘ၀ သာယာမှုကို ထိခိုက် စေသော အကျင့်ဆိုးများ Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ