ဘာသာစကားများစွာကိုလေ့လာနိုင်မယ့် အကောင်းဆုံးသော ဆော့ဖ်ဝဲတစ်ခု(သို့မဟုတ်) Rosetta Stone TOTALe

(ပြင်သစ်စာအတွက် Package ကို reviews ရေးထားပါတယ်)
LANGUAGE-LEARNING SOFTWARE | £240(for 12 months) from www.snipca.com/11818
Rosetta Stone TOTALe(French)
ပြင်သစ်ဘာသာစကား( အခြားသော ဘာသာစကားများပါ) လေ့လာနိုင်မယ့် apps ဖြစ်ပြီး တိုက်ရိုက် သင်ကြားပို့ချမှုများ နှင့် အခြားသော လေ့လာမှုဆိုင်ရာ သင်ခန်းစာများစွာပါဝင်သည်
Rosetta Stone က ဘာသာစကားလေ့လာဖို့အကောင်းဆုံးသော နာမည်ကျော် ပရိုဂရမ်တစ်ခုဖြစ်ပြီး TOTALe ကတော့ အွန်လိုင်းဗားရှင်းအဖြစ်လေ့လာနိုင်မယ့် သင်ကြားရေး အစီအစဉ်တစ်ခုဖြစ်ကာ သင့်ရဲ့ ပီစီမှာ web browser ကနေဖွင့်၍ သော်လည်းကောင်း ၊ သင့်ရဲ့ Android သို့မဟုတ် iOS device များရဲ့ apps မှသော်လည်းကောင်း access လုပ်နိုင်စေမှာဖြစ်ပါတယ်။ TOTALe ရဲ့ လုပ်ဆောင်မှု အရာတိုင်းကို စီဒီအခွေ ဗားရှင်းမှာလည်းပါရှိမှာဖြစ်ကာ များစွာသော အပို သင်ခန်းစာများလည်းပါဝင်မှာဖြစ်ပါတယ်။ ယင်းကို ခြောက်လသို့မဟုတ် တစ်နှစ်တာ subscription လုပ်ပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်( £150 နှင့် £240 အသီးသီးရှိကြပါတယ်)။တစ်လုံးတစ်ခဲတည်းဝယ်ယူနိုင်သလို အရစ်ကျနဲ့လည်းဝယ်ယူနိုင် မှာဖြစ်ပါတယ်။ တစ်ပတ်ကို £5 ကျသင့်မှာဖြစ်ပြီး သမားရိုးကျ စာသင်ခန်းများမှာ သင်ကြားပို့ချနေမှုများ ထက် ပိုမို ဈေးသက်သာပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ ပြင်သစ်စာလေ့လာဖို့ package ကိုလေ့လာ သုံးသပ်မှာဖြစ်ပေမယ့် အခြားသော ဘာသာစကား ပေါင်း ၂၃ မျိုးစာအတွက် ဗားရှင်းတွေလည်းထွက် ရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ TOTALe ကို အသုံးပြုဖို့ အလွန်မြန်ဆန်တဲ့ အင်တာနက် လိုင်းမလိုအပ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ iPad မှာ နှေးကွေးလှတဲ့ 3G ချိတ်ဆက်မှုကနေပဲ များစွာသော သင်ခန်းစာများ ကိုပြီးမြောက်အောင်လေ့လာတဲ့အခါ တစ်ခါတစ်ရံ နှေးကွေးသွားတာနဲ့ အနှောင့်အယှက် အနည်း ငယ်တွေ့ကြုံ ရတာလောက်ပဲရှိပါတယ်။ သင့်ရဲ့ တိုးတက်မှုမှတ်တမ်းတွေကို အလိုအလျောက် သိမ်းဆည်း ထားမှာဖြစ်တဲ့အတွက် သင်ခန်းစာတွေသင်ယူနေတဲ့အခါ သင်ရောက်ရှိနေတဲ့နေရာကို ဘယ်တော့ မှ ပျောက်ဆုံးသွားမှာမဟုတ်ပါဘူး။
ပြင်သစ်စာသင်ခန်းစာမှာ အဆင့် ငါးဆင့်ခွဲခြားထားမှာဖြစ်ကာ အဆင့်တစ်ခုချင်းစီမှာ နာရီပေါင်း ၄၀ သို့မဟုတ် ၅၀ ပါဝင်တဲ့အကြောင်းအရာတွေပါရှိပြီး ယူနစ်လေးခုနဲ့ဖွဲ့စည်းထားပါတယ်။ထို့ပြင် ယူနစ် တိုင်းမှာလည်း သီးခြားသင်ခန်းစာများ၊ စစ်ဆေးမှုများပါဝင်ကာ တစ်ခုချင်းစီကိုလေ့လာဖို့အတွက် ငါးမိနစ်မှ ၃၀ မိနစ်ကြား ကြာမြင့်မှာဖြစ်ပါတယ်။ သင်ခန်းစာအများစုအတွက် headset တစ်ခုကို အသုံးပြုရမှာဖြစ်ကာ TOTALe က သင့်ရဲ့ အသံထွက်မှန်ကန်မှုကိုစစ်ဆေးနိုင်ဖို့ speech recognition စနစ်ကိုလည်း အသုံးပြု ထားပါတယ်။
TOTALe ကသင့်ကို အခြေခံမှစပြီးသင်ကြားပေးမှာဖြစ်ကာ ရိုးရှင်းသော စကားလုံးများ၊စကားစုများကို ပုံများနဲ့အတူ ဖော်ပြထားပြီး သင်ကြားမှုကိုစတင်မှာဖြစ်ပါတယ်။ အဆင့်မြင့် သင်ခန်းစာများကိုဖြစ်တဲ့ verb conjugation (ကြိယာပုံစံအမျိုးမျိုးအသုံးပြုခြင်း) နှင့် tense( ကာလအသုံးများ) စတာတွေကို စကားပြော စာလုံးစုများအဖြစ်သုံးစွဲခြင်းဖြင့် မြင့်တက်သွားကာ ဆက်စပ်မှုရှိသော စာပိုဒ်များနဲ့ဖော်ပြပေးထားမှာဖြစ်ပါ တယ်။ ပြီးခဲ့သော သင်ခန်းစာများမှာပါဝင်ခဲ့သော အကြောင်းအရာများကို အကြောင်းအရာ အသစ်များထဲ မှာ ပြန့်ကျဲဝန်းရံထည့်သွင်းပေးထားမှာဖြစ်ပြီး သင်ဘာတွေလေ့လာခဲ့သလဲ ဆိုတာတွေကို ပြန်လည် အားဖြည့်ပေးမှာဖြစ်ပါတယ်။
အကူအညီအပြည့်အဝပေးမယ့် နည်းပြဆရာတစ်ယောက်ကို အခြားသော ကျောင်းသား သုံးယောက်အထိ တွဲဖက်ပြီး တိုက်ရိုက်သင်ကြားပေးမယ့် ဗီဒီယို စကားပြော သင်တန်းများကို အစီအစဉ်ဆွဲထားနိုင်မှာ လည်းဖြစ်ပါတယ်။ တိုက်ရိုက်သင်တန်းများကို ပြင်သစ်မှာရှိတဲ့ Native Speakers များမှ စီမံကွပ်ကဲ မှာဖြစ်ပြီး သူတို့က သင်လေ့လာသင်ကြားခဲ့သည်များကို အသုံးပြုနိုင်ဖို့နဲ့ အခြားသော ကျောင်းသားများနဲ့ စကားပြောဆိုနိုင်စေဖို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒီလို တိုက်ရိုက်သင်ကြားနိုင်မယ့်အတန်းတွေကို တစ်လ မှာ လေးခုအထိယူနိုင်ပြီး သင့်ရဲ့ browser သို့မဟုတ် iOS app များမှ ပါဝင်လေ့လာနိုင်မှာဖြစ်ပါတယ်။ ကံမကောင်းတာကတော့ သင့်အနေနဲ့ အဆိုပါ တိုက်ရိုက် သင်တန်းများကို Android app မှနေပြီး အသုံးမပြုနိုင်ပါဘူး။ သို့သော် နောက်ပိုင်းမှာ ဒီ ထောက်ပံ့မှုကိုရရှိနိုင်ဖို့ ကိုတော့ ကတိပြုထားပါတယ်။
အဆင့်ငါးဆင့်ကို ပထမဦးဆုံးအကြိမ်လေ့လာသင်ကြားပြီးမြောက်ခဲ့ပြီး ဒီဘာသာစကားနဲ့ပတ်သက်လို့ အခြေခံ ခိုင်ခိုင်မာမာရရှိသွားရင်တော့ ကျွန်တော်တို့အနေနဲ့ ပြင်သစ်ကို ခရီးသွားပြီး ကျွန်တော်တို့ရဲ့ အရည်သွေးတွေကို စမ်းသပ်နိုင်မယ့် အခွင့်အရေးတွေရရှိခဲ့ပါတယ်။ ကျွန်တော်တို့ လေ့လာခဲ့တာတွေ နဲ့ပတ်သက်ပြီး အခြေခံ ပြင်သစ် စကားများနဲ့ပတ်သက်ကာ စိတ်ကျေနပ်မှုရရှိခဲ့ကာ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာဈေးဝယ်ရတာလည်းအဆင်ပြေတဲ့အပြင် ကပွဲရုံတွေမှာ တွေ့ရှိခဲ့ရသူများနဲ့ စကားစမြည်ပြောဆိုတာတွေအထိတောင် ပြောလို့ဆိုလို့ဖြစ်ပါတယ်။
Level 2 မှာပါဝင်တဲ့ ယူနစ်တွေဟာ အချိန်ကာလပြဆိုတဲ့ ဝေါဟာရတွေနဲ့ ဗဟုသုတတွေအတွက် တည်ဆောက်ပေးထားပြီး ခရီးသွားခြင်းနဲ့ အတိတ်သို့မဟုတ် အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှု များပြုလုပ်တဲ့ သင်ခန်းစာများနဲ့ပံ့ပိုးပေးထားပါတယ်။ နောက်ပိုင်းယူနစ်တွေမှာတော့ သင့်အနေနဲ့ ပိုမိုကျယ်ပြန့်သော ခေါင်းစဉ်များဖြစ်တဲ့ ကမ္ဘာ့အဖြစ်အပျက်တွေ၊ သင့်ရဲ့ ကျန်းမာရေးအခြေအနေတွေလိုမျိုး အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ဖို့လိုအပ်တဲ့ သဒ္ဒါပိုင်းနဲ့ ဝေါဟာရပိုင်းတွေ ကိုလေ့လာနိုင်မှာဖြစ်ပါတယ်။
TOTALe က သင့်ရဲ့ လေ့လာမှုတွေအတွက် ဂိမ်းများနဲ့ လုပ်ဆောင်မှု activities လေးတွေကို လည်းထောက်ပံ့ပေးထားပါတယ်။ဥပမာအားဖြင့် ဖတ်ရှုဖို့ပုံပြင်လေးတွေပါရှိကာ ယင်းတို့ကိုနားထောင်ပြီး သင့်ရဲ့ အသံထွက်တိုးတက်စေဖို့ ကျယ်ကျယ်လောင်လောင်အော်ဖတ်တာတွေလုပ်ရမှာဖြစ်ပါတယ်။ သင်ဘယ်လောက်ကောင်းကောင်းစွမ်းဆောင်နိုင်သလဲဆိုတာပေါ်မူတည်ပြီး ဖြည့်စွက်ပေးမယ့် စကား လုံးတွေ၊ ဝါကျတည်ဆောက်ပုံ တွေကို မိတ်ဆက်ပေးကာ သင့်အနေနဲ့ နောက်ထပ်ပိုမိုပြီးလေ့လာနိုင်စေ မှာဖြစ်ပါတယ်။
Rosetta Stone ရဲ့ သင်ကြားမှုမှာ နားလည်မှုစစ်ဆေးပေးတဲ့ စနစ်ဟာ ဘာသာစကားလေ့လာသူတိုင်း အတွက်တော့ အံကိုက်ဖြစ်မှာမဟုတ်ပါဘူး။ ဘာသာစကားတစ်ခုကို အချိန်အကြာကြီးမလေ့လာဘူးတဲ့ အစိမ်းသက်သက် လေ့လာသူများအဖို့ ကျွန်တော်တို့တွေ့ရှိရတာက TOTALe ဟာ အသုံးပြုဖို့လွယ် ကူပြီး လေ့လာရတာလည်းပျော်ရွှင်ဖွယ်ဖြစ်စေကာ ထင်သာမြင်သာရှိသော တိုးတက်မှုများရှိတာကိုတွေ့ ရပါတယ်။
သို့ရာတွင် ဒီသင်ခန်းစာတွေကနေ သင်ဘယ်လောက်ထိတတ်မြောက်ခဲ့သလဲဆိုတာကတော့ သင့်ရဲ့ အားအင်စိုက်ထုတ်မှုဘယ်လောက်ရှိသလဲဆိုတာနဲ့ အချိန်ဘယ်လောက်ထိပေးခဲ့သလဲ ဆိုတာတွေ အပေါ်မူတည်ပါတယ်။တစ်လတာ အခမဲ့ သုံးစွဲနိုင်ဖို့ trial အနေနဲ့လည်းရရှိနိုင်ပြီး ကျွန်တော်တို့အကြံပြု လိုတာကတော့ ဒီမှာသင်ကြားတဲ့စနစ်တွေက သင်နဲ့ကိုက်ညီမှုရှိမရှိဆိုတာသိနိုင်အောင် မဝယ်မီ စမ်းသုံးကြည့်စေချင်ပါတယ်။ တကယ်လို့သင့်ရဲ့ အင်တာနက် ချိတ်ဆက်မှုက အကန့်အသတ်ရှိနေ ရင်တော့ Rosetta Stone ကို disc-based ဗားရှင်းဝယ်ယူသုံးစွဲခြင်းက ပိုကောင်းတဲ့ ရွေးချယ်မှု တစ်ခုဖြစ်စေမှာပါ။ သို့သော်လည်း အဲဒါကဈေးကြီးမြင့်လှပြီး တိုက်ရိုက်သင်တန်းတွေပါဝင်တဲ့ အခွေက £300 ကျသင့်မှာဖြစ်ကာ အပိုအနေနဲ့ တစ်နှစ်ကို £49 ကျသင့်မှာဖြစ်ပါတယ်။ သို့သော်လည်း games များနဲ့ activities လေးတွေကိုတော့ရရှိနိုင်မှာမဟုတ်ပါဘူး။
သုံးသပ်ချက်
ဒီဘာသာစကားလေ့လာတဲ့ သင်ခန်းစာက ကျွန်တော်တို့ကို အခိုင်အမာ ရလဒ်တွေပေးအပ်ပြီး ကျွမ်းကျင်မှု ကို တိုးတက်စေပါတယ်
အလားတူ Babbel £9 per month Subscription လုပ်ပြီးသင်ကြားနိုင်မယ့် ပိုမိုဈေးသက်သာသော အစီအစဉ်ဖြစ်ပေ မယ့် Rosetta Stone TOTALe လောက်တော့ နားလည်ခြုံငုံနိုင်စွမ်းမရှိသလို ထိရောက်မှု လည်း အားနည်းပါတယ်
Computer Active Issue 423
Nyein Chan(TSJ Tech Team)
TechSpace Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) Digital Storm Coridium Gaming PC Review ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို
- (အနောကျသို့) Ooredoo မှ စွန့်ဦးတီထွင် IT ပညာရှင်များအား ကျပ်သိန်းတစ်ထောင်စီ ထောက်ပံ့မည် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို