Intel က အလိုအလျှောက်မောင်းနှင်သည့် ကားများအတွက် နည်းပညာအသစ်ကို ပြသ

Google က အလိုအလျှောက်မောင်းနှင်သည့် ကားနမူနာပုံစံကို မကြာမီက ပြသပြီးနောက်တွင် Intel က လည်း အလိုအလျှောက်မောင်းနှင်သည့် ကားဈေးကွက်သို့ ၀င်ရောက်မည်ဟု ကြေညာပါသည်။ Intel က “in-vehicle solutions platform” ဟု အမည်ရသည့် အလိုအလျှောက်မောင်းနှင်သည့် ကားများ ကို ထောက်ပံ့ပေးနိုင်သော နည်းပညာကို စတင်မိတ်ဆက်လိုက်ပါသည်။ Intel ၏ Hardware နှင့် Software နည်းပညာအသစ်သည် ယာဉ်မောင်းသူကို သတင်းအချက်အလက်ပေးနိုင်မှု နှင့် အထောက် အပံ့ပေးနိုင်မှု အပြင် ကားကို ထိန်းချုပ်မောင်းနှင်နိုင်မည် ဖြစ်သည်။
ကားထုတ်လုပ်သူများ နှင့် ကားအစိတ်အပိုင်းတီထွင်သူများက Processors များနှင့် Operating System ပါရှိသော Intel ၏ သတင်းအချက်အလက်နှင့် ဖျော်ဖြေရေး စနစ် ကို အခြား စနစ်များထက် လွယ်ကူ လျှင်မြန်စွာ အသုံးပြုနိုင်မည် ဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာမည် ဖြစ်သည်။
Intel ၏ နည်းပညာ အသစ်သည် ယခုအချိန်တွင် ကားတွင်း သတင်းအချက်အလက်နှင့် ဖျော်ဖြေရေး အပြင် ယာဉ်မောင်းသူကို ကူညီပေးနိုင်ပါသည်။ နောက်ပိုင်းတွင် ကားများကို အလိုအလျှောက်မောင်းနှင်နိုင် ရန် တီထွင်မည် ဖြစ်သည်။
Intel က ကားများနှင့် Consumer Electronic Device များကို ပူးတွဲ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဒေါ်လာ သန်းတစ်ရာ ထောက်ပံ့သည့် Intel Capital Connected Car Fund အစီအစဉ်ကို ၂၀၁၂ ခုနှစ် တွင် ပြုလုပ်ပေးခဲ့ပါသည်။ ရန်ပုံငွေထဲမှ အချို့ကို Sensors, Radars, Cameras များဖြင့် အလိုအလျှောက် ယာဉ်မောင်းနှင် စနစ်ကို တီထွင်နေသည့် ဂျပန် ZMP တွင် ရင်းနှီးမြှပ်နှံခဲ့ပါသည်။
Intel က ကားထုတ်လုပ်သူများနှင့် ပူးပေါင်းပြီး သုတေသနလုပ်ငန်းများ ပြုလုပ်လျှက်ရှိပါသည်။ Intel ၏ နည်းပညာကို BMW ၏ Navigation System Professional တွင် အသုံးပြုနေသကဲ့သို့ Driver Information System ကို 2015 Hyundai Genesis ကားများတွင် အသုံးပြုနေပါသည်။
Google က မကြာမီ က အလိုအလျှောက်မောင်းနှင်သည့် ကားနမူနာပုံစံကို ပြသခဲ့ပါသည်။ အဆိုပါ ကားသည် နှစ်ယောက်စီး ဖြစ်ပြီး စတီယာရင် နှင့် ဘရိတ်ဖမ်းသည့် ခြေနင်းများ မပါရှိကြောင်းသိရပါသည်။ အလိုအလျှောက်မောင်းနှင်သည့် ကားများသည် ဆုံးဖြတ်ချက်များ ပြုလုပ်ရာတွင် လူများထက် ပိုမိုမြန်သည့် အတွက် ယာဉ်အန္တရာယ် ကင်းရှင်းစေပါသည်။ ဥပမာ အားဖြင့် Google ၏ ကားများသည် လမ်းသွားလမ်း လာများကို သိရှိခြင်း၊ လမ်းကြိုလမ်းကြားများကို သိရှိခြင်း၊ စက်ဘီးစီးသူများ၏ လက်ဖြင့် ပြသသည့် အချက်ပြမှုများကို သိရှိခြင်း စသည့် စွမ်းဆောင်ချက်များ ပါရှိပါသည်။ ထို့အပြင် အလိုအလျှောက်မောင်းနှင် သည့် ကားများသည် လမ်းပိတ်ဆို့မှုများကို သိရှိပြီး ရှောင်ရှားမောင်းနှင်နိုင်သကဲ့သို့ ယာဉ်မောင်းနှင်နိုင်ခြင်း မရှိသူများကိုလည်း ရုံးသွား၊ ရုံးပြန် သည့်အခါ ပို့ဆောင်ပေးနိုင်ပါသည်။ လမ်းများတွင် ကားရပ်နားရန် နေ ရာများ ရှာဖွေရသည့် ဒုက္ခများလည်း လျော့ကျစေမည် ဖြစ်သည်။
Intel ၏ နည်းပညာကို Animation Video ဖြင့် သရုပ်ပြထားမှုကို အောက်မှာကြည့်နိုင်ပါတယ်။
သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) မန္တလေးတွင် တရုတ်နိုင်ငံသား ၄၀ ကျော် ပြည်နှင်ဒဏ်ပေး စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) Huawei Ascend P7 စမတ်ဖုန်း ကျပ်သုံးသိန်းကိုးသောင်းဖြင့် စတင်ဖြန့်ချိ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ်ဝန်ရချင်လို့Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို