ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်

‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် အားမရပေမယ့် ခင်ပွန်းသည်က ဒီလောက်နှင့် တော်ပြီ ဟု ချီးကျူးခဲ့ကြောင်း အကယ် ဒမီသက်မွန်မြင့် က ပြော သည်။
”ရုံတင်တော့ အစ်မ တို့နှစ်ယောက် စလုံး သွား ကြည့်ဖြစ်တယ်။ သက်မွန် ယောက်ျားလည်း တအား သဘောကျတယ်။ သက်မွန် ကတော့ ပရိသတ် ဝင်ပါ့မလား စိုးရိမ် မိတယ်”ဟု သက်မွန်မြင့်က ပြောသည်။
ဒါရိုက်တာဝိုင်း ရိုက်ကူးတင်ဆက်ပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်နှင့် ဇင်ဝိုင်းတို့ အဓိက ပါဝင် သရုပ် ဆောင်ထားသည့် အဆိုပါ ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားသည် ရုံတင်ရက် ထပ်တိုးရသည် အထိ အောင်မြင်မှု ရရှိသည်ဟု သိရသည်။
”သက်မွန် ကြားတာတော့ ရုံတင်ရက် ထပ်တိုးမယ်။ ဘာပဲပြောပြော ပင်ပန်းခဲ့သမျှ ပီတိဖြစ်တာ ပေါ့” ဟု သက်မွန်မြင့် က ပြောသည်။
”ဒီကားမှာ မှတ်မိတာ က ပရိသတ် ကြိုက်တဲ့ကား တော်တော် များများက ပင်ပန်းတဲ့ကား ဖြစ်တယ်။ ဒီ စေတန် ဆိုရင် တစ်ယောက် တည်းပြေး လိုက် နှစ် ယောက်ပေါင်း ပြေးလိုက် တော်တော်ကို ပြေးခဲ့ရ တယ်။ ချွေးတွေ ဆိုလည်း ကားထဲက မြင်တဲ့ အတိုင်း ပဲ။ ပြေးရင်းနဲ့ ပေါင်ကြော ညပ်တာတော့ အမှတ် တရပဲ” ဟု ၄င်းက ပြောသည်။
သက်မွန်မြင့်က အဆိုပါ စေတန်ရဲ့ ကချေသည် ဇာတ်ကား ရိုက်ပြီးသည့်နှစ်က အကယ်ဒမီ ရသည့် နှစ်နဲ့ တစ်နှစ် တည်း ကျပြီး ရိုက်ကွင်းမှာ ပေါင်ကြော ညပ်သည့် ဒဏ် က အကယ်ဒမီ ဆုတက်ယူသည် အထိ ခြေထောက် က ထော့ နဲ့ထော့နဲ့ဖြင့် ဆုတက် ယူခဲ့ရသည်ဟု သိရသည်။
”ပရိသတ်တွေ ဆီက ပြန်ကြား ရတာကတော့ ခြံပေါက်ဝ ကနေ ချောင်းကြည့် ပြီး နေတိုး ကိုမြင်တော့ လန့်သွားတဲ့ပုံ၊ လက်ဆောင် ပြေးဝယ် ရတဲ့ပုံ၊ ဇာတ်သိမ်းပိုင်း က ပန်းသီး ကိုက်တဲ့ပုံ ဒီဇာတ်ဝင်ခန်း တွေကို ကြိုက်ကြတယ်” ဟု သက်မွန်မြင့် က ဆို သည်။
ထူးထူး
Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) စမတ္လက္ပတ္နာရီ ဈေးကွက်တွင် ပိုမိုထိုးဖောက်လာရန် Microsoft ရည်ရွယ် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review
- (အနောကျသို့) သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ... LG Chromebase All In One Review