အသက် (၁၁၃) နှစ်အရွယ် အမျိုးသမီးနဲ့ အသက် (၇၀) နှစ်အရွယ် အမျိုးသားတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်

အေသင်အောင်
အချစ်ဟာ ဘယ်တော့မှ အိုမင်းသွားခြင်း မရှိဘူးဆိုတဲ့ စကားဟာ မှန်ကန်တယ်လို့ ပြောရတော့မှာ ဖြစ် ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အသက် (၁၁၃) နှစ် အရွယ် အမျိုးသမီးနဲ့ အသက် (၇၀) နှစ်အရွယ် အမျိုးသားတို့ လက်ထပ် မင်္ဂလာပွဲ ကျင်းပ ပြုလုပ် ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ Xinjiang ပြည် နယ် အနောက်ပိုင်းမှာ အဇာတီဟန် အမည်ရ အဘွားအိုဟာ အိုက်တီ အမည်ရ အဘိုးအိုရဲ့ ချစ်ရေးဆိုမှုကို အစောပိုင်းမှာ ပယ်ချခဲ့ပေမယ့် နောက်ပိုင်းမှာ လက်ခံသဘောတူ ခဲ့တာမို့ လက်ထပ် မင်္ဂလာပွဲ ပြုလုပ်ဖို့ အကြောင်း ဖန်လာခြင်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ နှစ်မှာ စတင်တွေ့ခဲ့ကြပြီး အဇာတီဟန်က အစားအသောက်တွေ ပိုထည့်ပေးရာကနေ ချစ်သူတွေ အဖြစ် ရောက်ရှိသွားခဲ့ပါတယ်။ ချစ်သူသက်တမ်း အနည်းငယ်ကြာပြီးတဲ့ နောက်မှာ တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်မှာ လက်ထပ် ပွဲကျင်းပ ပြုလုပ်ခဲ့ပါတယ်။
နှစ်ဦးစလုံးဟာ မင်္ဂလာပွဲ အ၀တ်အစား တွေဝတ်ဆင်ခဲ့ပြီး မင်္ဂလာပွဲကို သက်ကြီးဂေဟာ စောင့်ရှောက်ရေး စခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ လက်ထပ်ပွဲ အပြီးမှ အိုက်တီက ကျွန်တော် တို့ အတူတကွ နေရတော့မှာဖြစ် လို့ ကျေနပ် ပျော်ရွှင်မိပါတယ်။ ကျွန်တော့်ထက် အသက် ကြီးသူဖြစ်နေ ပေမယ့် ပြဿနာ မဟုတ်ပါဘူး။ သူဟာ ကျွန်တော့်အပေါ် ဂရုစိုက်လွန်းပါတယ် လို့ ပြောသွားခဲ့ပါတယ်။ သူတို့နှစ်ဦး ဟာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ မှာ တွေ့ခဲ့တာ ဖြစ်ပြီး အိုက်တီက ပထမဆုံးအကြိမ် လက်ထပ်ရန် ကမ်းလှမ်းမှုက အသက်အရွယ်ကြီးရင့် မှုကြောင့် သဘောတူညီမှု မရခဲ့ကြောင်း၊ မိမိဘက် က ကြိုးစားမှုကြောင့် လက်ထပ်နိုင် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အသက် (၁၂၇) နှစ်အရွယ်ရှိ တရုတ် အဘွားအို တစ်ဦးဟာ ကမ္ဘာ့ အသက်အကြီး ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လက်ထပ် ထိမ်းမြားရာမှာ အသက်လေးနှစ်လောက် ကွာဟမှုရှိခြင်းဟာ အကောင်းဆုံးဖြစ်တယ် လို့ ဆိုထားပြီး ယောက်ျားလေးက အသက် ပိုကြီးရမှာဖြစ်ပေမယ့် အခုဖြစ်ရပ်ကတော့ ကွဲလွဲမှုတွေဖြစ်နေလို့ အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။
The Messenger Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ရေအောက်မှာ တည်ဆောက်ထားတဲ့ ဟိုတယ် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...
- (အနောကျသို့) ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Abortion Pills ဖျက်ဆေးတွေအကြောင်းSamsung Multipackage Firmware Collection JAVA leaning Myanmar (PDF)Very little makes it more valuable...