အာရှကလေးများ ရေဘေးအန္တရာယ် ပညာပေးဂိမ်း

ဝင်းသော်တာ ဘာသာပြန်သည်။ 

အာရှဒေသတစ်လွှားရှိ ကလေးများ ရေဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးရန် ထုတ်လုပ်သည့် မိုဘိုင်းဂိမ်း။ ဓာတ်ပုံ - အေအက်ဖ်ပီ

အယုဒ္ဓယ ရေကြီးမှုဖြစ်ပွားစဉ် ဓာတ်လိုက်မသေအောင် ရေမနစ်အောင်အပြင် မြွေနှင့် မိကျောင်းများကို လည်း ရှောင်တိမ်းကစားရသည့် ထိုင်းစိတ်ကူးယဉ် သူရဲကောင်း ဇာတ်ကောင်လေး ပါဝင်Flood fighter ဟုခေါ်သည့် မိုဘိုင်းဂိမ်းအသစ်တစ်ခုကို အာရှဒေသတစ်လွှားရှိ ကလေးများအား ရေဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် မုတ်သုံရာသီအတွင်း ထိုင်းနိုင်ငံပြည်နယ် ၇၇ ခုအနက် ၆၅ ခုတွင် ဖြစ်ပွားခဲ့သော ရေလွှမ်း မိုးမှုကြောင့် ကလေးဒါဇင်ပေါင်း များစွာအပါအ၀င် လူ ၈၀၀ ကျော်သေဆုံးခဲ့ရသည်။

နောက်နောင် ရေဘေးအန္တရာယ်များ ဖြစ်ပွား ခဲ့လျှင် လူသေဆုံးမှုများမဖြစ်အောင် ကာကွယ်ရန်ကြိုးစားမှု တစ်ရပ်အနေဖြင့် ကုလသမဂ္ဂ ပညာ ရေး၊ သိပ္ပံနျင့်ယဉ်ကျေးမှုအဖွဲ့က ရေဘေးအန္တရာယ် ပညာပေး အခမဲ့ မိုဘိုင်းဂိမ်းအက်ပလီ ကေးရှင်းတစ်ခု ထုတ်ပေးရန် စိတ်ကူးရခဲ့သည်။

"ထိုင်းနိုင်ငံက လူတိုင်းမှာ မိုဘိုင်းဖုန်းတစ်လုံးစီ ရှိကြပါတယ်။ အက်ပလီကေးရှင်းတစ်ခုက တစ်ဆင့် ပြော ချင်တဲ့ သတင်းစကားကို ဖြန့်ဝေ ပေးလို့ရတာပါ" ဟု Sai Fah: Flood Fighter ဂိမ်းကို ဖန်တီးထုတ်လုပ်ရာ ၌ ကြီးကြပ်ခဲ့သူ အီချီရို မီယာဇာဝါက ပြောကြားခဲ့သည်။

အဆိုပါဂိမ်းကို ဇန်န၀ါရီလက စတင်ဖြန့်ဝေခဲ့ ပြီးနောက် ရက်သတ္တပတ် အနညှ်းုယ်အတွင်း မှာပင်ယင်းကို Download ရယူသည့် အကြိမ် ပေါင်း ၂၂,၀၀၀ ကျော်ရှိခဲ့ပြီး ထိုင်းနိုင်ငံရှိ အသိပညာပေး အက်ပလီကေးရှင်း များအားလုံး၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဂိမ်းကစားရသည့်ပုံစံမှာ ကစားသူများက မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများကို သိုလှောင် ထားရခြင်း၊ အရေးကြီးသည့်ပစ္စည်းများကို အမြင့် တွင်ထားရခြင်း၊ ဗရကိုကျိုချက်သောက်ရခြင်းနှင့် လျှပ်စစ် ဓာတ် အား ဖြတ်တောက်ထားရခြင်း အပြင် ရေဘေးလွတ်ရာသို့ ထွက်လာမည့် မြွေနှင့်မိကျောင်းများ အန္တရာယ် ရှောင်တိမ်းရခြင်းတို့ ပါဝင်သည်။ ယင်းမိုဘိုင်းဂိမ်းကြောင့် ရေကြီးမှုဖြစ်ပွားလျှင် မည်သို့ ကာကွယ်ရမည်၊ မည်သို့ ပြင်ဆင်ထားရမည်၊ မည်သို့ ကိုင်တွယ်ဖြေရှင်း ရမည်ကို ကလေးများ သိရှိလာ မည်ဟု ပညာရေး စင်တာက ဆိုသည်။

ဂိမ်းထဲတွင် အနီရောင် ထီးဦးထုပ်လေး ဆောင်းထားသည့် ကလေှးုယ် က မြေပြိုနိုင်ခြင်းရှိမရှိ စမ်းသပ်ရန် တုတ်တစ်ချောင်းကို အသုံးပြုသွားရမည်၊ တွင်းထဲ ပြုတ်မကျစေရန်နျင့် ရေစီးနှင့်မျောပါမသွား စေရန် သတိထားရကြောင်း ဖော်ပြသည်။

(အေအက်ဖ်ပီ)
Myanmar Times
Thursday, 15 May 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...