လန်ဒန်ဂေးကလပ်မှာ ခပ်ကြမ်းကြမ်း ဖျော်ဖြေခဲ့တဲ့ မိုင်လီဆိုင်းရပ်စ်

မကြာမီ ရက်ပိုင်းအတွင်းက လန်ဒန်ရှိုးပွဲမှာ ခပ်လန်းလန်းတွေ ၀တ်ပြီး လူငယ်ပရိသတ်တွေကို သူမ စိတ်ထင်ရာတွေ ပြောပြီး ဖျော်ဖြေခဲ့တဲ့ မိုင်လီတစ်ယောက် အခုလည်း လန်ဒန်က ဂေးကလပ် (G-A-Y nightclub) မှာ ခပ်ကြမ်းကြမ်းပုံစံနဲ့ ပြီးခဲ့တဲ့ သောကြာနေ့ညက ဖျော်ခြေခဲ့ပြန်ပါတယ်။



သူမရဲ့ ကိုယ်ပိုင်ဟန်လို့ ပြောရမလို ဖြစ်နေတဲ့ လျှာထုတ်တဲ့ အမူအရာတွေ အပြင် လေထိုးရုပ်နဲ့ လိင်ဆက် ဆံနေတဲ့ မသင့်တော်တဲ့ ကကွက်၊ ပြကွက်တွေကို မလုံတလုံ အဖော်အချွတ် အ၀တ်အစားတွေနဲ့ တင် ဆက်ခဲ့တာ အလွန့်ကို ညစ်ညမ်းတဲ့ ရှိုးဖြစ်တယ်လို့ မီဒီယာတွေမှာ ဖော်ပြခံရပါတယ်။

အဆိုပါ ရှိုးပွဲမှာ သူမက လူတိုင်း က နည်းနည်းတော့ ခြောက်ကြတာပဲ။ တချို့ကတော့ သူများထက် နည်းနည်းပိုသွားတာပဲ ရှိတယ်။ ဒါအမှန်ပဲလေ လို့ သူမက ပြောသွားခဲ့ပါတယ်။

အဆိုပါ ရှိုးပွဲမှာ သူမသူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကိုပါ ကျင်းပခဲ့ပြီး သူမကတော့ မွေးနေ့လက်ဆောင် အဖြစ် ယောက်ျားတန်ဆာ ပုံဖော်ထားတဲ့ မွေးနေ့ကိတ် ပေးခဲ့တယ်လို့ သိရပါတယ်။

World-Myanmar News
ref: starpulse

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...