ချစ်သူကောင်မလေေးတွအပေါ် သူတို့ ညာပြောလေ့ရှိတဲ့ စကားများ


မေသော် on 2014-05-19 12:34

ကိုယ့်ချစ်သူက ကိုယ့်ကို မကောင်းတတ်လို့ ညာပြောလိုက်ရတဲ့ စကားမျိုးတွေ ရှိပါတယ်။ တစ်ချို့ ကျတော့လည်း ညာချင်လို့ကို ညာပြောတာမျိုးပေါ့။ ခုပြောပြမယ့် စကားတွေက သူတို့ ညာပြောလေ့ရှိတဲ့ စကားတွေပါ။ ကိုယ့်ကို သူပြောဖူးသလား တစ်ချက်လောက် ကြည့်ကြည့်ရအောင်။

၁။ ဒီည ရအောင်ထွက်ခဲ့ပါကွာ။ နောက်မကျစေရဘူး။ ၀ိုင်လေးတစ်ခွက်လောက်ပဲ သောက်မှာပဲဟာကို။

ကိုယ့်ချစ်သူက ကိုယ့်ကို ညထွက်ဖို့ခေါ်တဲ့အခါ နောက်မကျစေရပါဘူးလို့တော့ အမြဲပြောတာပါပဲ။ ဒါပေမယ့် တွေ့တဲ့အခါ တစ်မျိုးဖြစ်သွားတတ်တာလည်း သူတို့ပါပဲ။ အမှန်တော့ သူတို့မှာ အကြံရှိပြီး သားပါ။ နောက်ကျမယ်ဆိုတာလည်း သူတို့သိထားပြီးသားပါ။

၂။ မင်းသူငယ်ချင်းတွေ အကုန်လုံးကို ကိုယ် သဘောကျပါတယ်။

ကိုယ့်သူငယ်ချင်းတွေ အားလုံးကို သူသဘောကျတယ်လို့ ပြောတဲ့အခါ ဒါဟာ ညာတာဖြစ်ဖို့များပါတယ်။ အားလုံးကိုတော့ သဘောမကျနိုင်ပါဘူး။ ဒါပေမယ့် ကိုယ်စိတ်ချမ်းသာစေဖို့ သူညာပေးလိုက်တယ်လို့ သဘောထားလိုက်ပေါ့။

၃။ ညစ်ညမ်းတဲ့ ကလပ်မျိုးတွေ မသွားဖူးဘူး၊ အဲ့ဒီအကြောင်းတွေ လုံးဝ (လုံးဝ) မသိဘူး။

ဒါလည်း ညာတာပါပဲ။ ဘယ်ယောင်္ကျားမဆို ကလပ်မရောက်ဘူးရင်တောင် အဲ့ဒီအကြောင်းတော့ သိကြတာပါပဲ။ ဟိုကား ဒီကားတွေ မကြည့်ပါဘူးလို့ ပြောတာဟာလည်း ညာနေတာပါပဲ။

၎။ အရင်တွဲခဲ့တဲ့ ကောင်မလေးက တစ်ချိန်လုံး sms တွေပို့နေတယ်ကွာ၊ ဘာဖြစ်ချင်နေမှန်းကို မသိဘူး။

တစ်ခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ် သူ့အရင်ရည်းစား sms ပို့တဲ့အကြောင်းတွေ ပြော လာပြီဆိုရင်တော့ ကိုယ့်ဘက်က ပြောနိုင်တာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ "ရှင့်ဘက်က အဖက်မလုပ်ပဲထားရင် သူလည်း ဆက်ပို့နေစရာ အကြောင်းမရှိတော့ဘူး" ဆိုတာပါပဲ။

၅။ မင်းက အရင်တွဲခဲ့ဖူးတဲ့ ရည်းစားတွေထက် အများကြီး ပိုမိုက်တယ်။

အဲ့ဒီလို မြှောက်မပြောပဲနေရင်တောင် ပိုပျော်ရဦးမယ်။ ခုလိုထုတ်ပြောတော့မှ စိတ်ညစ်ရပြီဆိုတာမျိုးလိုပေါ့။ ဟိုလူတွေနဲ့တုန်းကလည်း ဒီလိုပြောခဲ့မှာပဲ။ ခုလည်း ကိုယ့်ကို ဒီလိုပြောနေပြန်ပါပြီ။

၆။ ကိုယ်သောက်နေတာ ပြီးတော့မယ်၊ ဒါကုန်ရင်တော့ အိမ်ပြန်တော့မှာပါ။

သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ ကိုယ်လှမ်းဖုန်းဆက်လို့ ကုန်တော့မယ်၊ ပြီးခါနီးပြီ အိမ်ပြန်တော့မှာလို့ ပြောပြီး ဘယ်နှစ်ခါအိမ်ပြန်ရောက်သလဲ စဉ်းစားကြည့်လိုက်ပါဦး။ ဒါလည်း ရွှီးခြင်းတစ်မျိုးပေါ့။

Ref:marieclaire.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...