ထိုင်းနှင့် မလေးရှားရောက် မြန်မာလုပ်သားများ စာရင်းကောက်မည်


photo:www.asianews.it

ယနေ့အချိန်အထိ စာရင်းအတိအကျ မရှိသေးသော ထိုင်းနှင့် မလေးရှား နိုင်ငံတွင် ရောက်ရှိနေ သည့် မြန်မာအလုပ်သမားဦးရေ စာရင်းကို အဆိုပါ နိုင်ငံများရှိ လူမှု အဖွဲ့အစည်းများမှတစ်ဆင့် ကောက် ယူသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

လူမှုအဖွဲ့အစည်းများ ကောက်ယူ ရရှိသည့် အချက်အလက်များကို စုစည်းရန် သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာ အလုပ်သမား သံအရာရှိကိုလည်း ညွှန်ကြားထားပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အမြန်ဆုံး သိရအောင် လုပ်မယ်။ အတိအကျတော့ မဟုတ်ဘူး၊ အနီးစပ်ဆုံးရအောင် ကြိုးစားမယ်” ဟု ဦးထင်အောင်က ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား သုံးသန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသော်လည်း ထိုင်းနိုင်ငံရောက် မြန် မာများက ငါးသန်းခန့် ရှိသည်ဟု ပြောဆိုကြကြောင်း၊ မလေးရှား နိုင်ငံတွင်လည်း မြန်မာလုပ်သား နှစ်သိန်း ငါးသောင်း ရှိသည်ဟု ခန့်မှန်းသော်လည်း ယင်းဦးရေထက် ပိုများနိုင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အထောက်အထားဖြင့် လုပ်ကိုင်သည့် မြန်မာဦးရေ ၂ ဒသမ ၃ သန်း ရှိကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်နှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့၏ စစ်တမ်းအရ သိရှိရသည်။

The Voice Journal
ရန်ကုန်၊ မေ ၁၁
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...