စိတ်ဖိစီးမူတွေ ပြေပျောက်အောင် ခေါင်းလျော်ပါ



လူတိုင်းခေါင်းလျော် ဖူးပါတယ်။ ခေါင်းလျော်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ စိတ်အခြေအနေကိုလည်း လူတိုင်း ခံစားဖူး ပါတယ်။ သည့်အတွက် အထူးတလည် စာရေးသူ ရှင်းပြရန် လိုမည်မဟုတ်ပေ။

သို့သော် ခေါင်းလျော်ရန် အတွက် အကောင်းဆုံး အချိန်ကတော့ စိတ်ဖိစီးတွေ ဖြစ်ပေါ်နေတဲ့ အချိန်ပင် ဖြစ်ပါတယ်။ ဆိုင်မှာ လျော်တာနဲ့ အိမ်မှာလျော်တာ ကွာခြားမူတွေ ရှိပါတယ်။ ဆိုင်မှာ လျော်ခြင်း က အညောင်းအညာ ပိုမိုပြေ စေပြီး စိတ်ကိုလည်း ပိုမိုကာ ပေါ့ပါးစေမှာ ဖြစ်ပါတယ်။ အိမ်မှာလည်း မိမိကိုယ်တိုင် မဟုတ်ဘဲ အခြားသူကို လျော်ခိုင်းခြင်းအားဖြင့် သင့်အတွက် ကျန်းမာရေး ကောင်းကျိုး ရှိစေမှာပါ။

အထူးသဖြင့်ကတော့ အညောင်းထိုင်သူများ လုပ်ပေးသင့်ပါတယ်။ နေ့တိုင်းလုပ်ဖို့ မဟုတ်ပါဘူး ရံဖန်ရံခါ လုပ်ပေးခြင်းအားဖြင့် လူရောစိတ်ပါ ကျန်းမာစေမှာဖြစ်ပါတယ်။

ကျော်လင်းနိုင်
(ကျန်းမာရေးနှင့် အလှအပ သတင်းများ)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...