ချန်ပီယံ ဖြစ်သွားတဲ့ မန်ချက်စတာ စီးတီး

မန်ချက်စတာ စီးတီး အသင်းကတော့ ၂၀၁၃-၂၀၁၄ ချန်ပီယံ ဖြစ်သွားပါပြီ ကမ္ဘာကျော် အင်္ဂလိပ် ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။



အိမ်ကွင်း အဝေးကွင်းပွဲစဉ် စုစုပေါင်း ၃၈ ပွဲကစားပြီး ရမှတ်ပေါင်း ၈၆ မှတ်နဲ့ ဒုတိယနေရာက လီဗာပူး အသင်းထက် ၂ မှတ်အသာနဲ့ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

ပွဲစဉ် ၃၈ ဖြစ်တဲ့ နောက်ဆုံးပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းဟာ အိမ်ကွင်းမှာ ဝက်ဟမ်း အသင်းကို ဧည့်ခံကစားခဲ့ရတာဖြစ်ပြီး ဒီပွဲမှာသရေကျရင်ပဲ ရမှတ်တူ ဂိုးကွာခြားချက်အရ ချန်ပီယံဖြစ်မှာ ဖြစ်ပေမယ့် ရှုံးခဲ့ရင်တော့ လီဗာပူးအသင်းက ချန်ပီယံဖြစ်သွားဖို့ရှိပါတယ်။

ဒါပေမယ့် ကွင်းလယ် ကစားသမား နာဆရီနဲ့ အသင်းခေါင်းဆောင်လည်းဖြစ် နောက်ခံ ကစားသမား လည်းဖြစ်တဲ့ ကွန်ပနီတို့က အနိုင်ဂိုးတွေကို သွင်းယူပြီး မန်ချက်စတာစီးတီးအသင်းကို ချန်ပီယံဖြစ်စေ မယ့် သေချာတဲ့ အနိုင်ရလာဒ်ကို စွမ်းဆောင်ပေးခဲ့ ကြပါတယ်။



ပွဲစဉ် ၃၈ ပွဲလုံး ကစားအပြီးမှာတော့ မန်ချက်စတာစီးတီးအသင်းက ၈၆ မှတ်၊ လီဗာပူး အသင်းက ၈၄ မှတ်၊ ချဲလ်ဆီး အသင်းက ၈၂ မှတ်၊ အာဆင်နယ် အသင်းက ၇၉ မှတ်နဲ့ ၂၀၁၄-၂၀၁၅ ချန်ပီယံ လိတ် ဝင်ခွင့်တွေ ကို အသီးသီးရရှိခဲ့ပြီး နောဝစ်၊ ဖူဟမ်နဲ့ ကာဒစ် အသင်းတွေကတော့ တန်းဆင်းသွားခဲ့ရပါတယ်။



ဧရာဝတီ
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...