သစ်သီးလား သစ်သီး ဖျော်ရည်လား



လိမ္မော်သီး၊ ပန်းသီးစသဖြင့် သစ်သီး တစ်မျိုးမျိုးကို တစ်ပတ်နှစ်ကြိမ်လောက် စားသူများသည် တစ်လကို တစ်ကြိမ်ထက်ပို မစားသူများနှင့် ယှဉ်ပါက ဆီးချိုဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်းနည်း သွားကြောင်း သိရသည်။ စစ်တမ်းကို British Medical Journal တွင် ထည့်သွင်း ဖော်ပြထားသည်။ သစ်သီးဖျော်ရည်ကား သက်ရောက်မှု ဆန့်ကျင်ဘက်ဖြစ်သည်။ တစ်နေ့ကို သစ်သီးဖျော်ရည် တစ်ခွက်နှင့်အထက် သောက်သုံး သူများကား တစ်ပတ်ကို တစ်ခွက်ထက် ပိုမသောက်သူများနှင့် ယှဉ်လျှင် ဆီးချိုဖြစ်နိုင်ခြေ (၂၁) ရာခိုင်နှုန်း ထိ ပိုများသွားကြောင်း သိရသည်။ သစ်သီးကို အလုံးလိုက်စားခြင်းသည် ဆီးချိုအန္တရာယ်ကို လျော့စေသော် လည်း ဖျော်ရည်အဖြစ် အခြားဓာတ်ပစ္စည်းများ ထည့်ဖျော်သောက်ခြင်းကား ဆီးချို အန္တရာယ်ကိုပိုကြီးမားစေ သည်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...