နိုင်ငံတကာမှ ကျောင်းသားများအပြင် မြန်မာကျောင်းသားများ ဂျပန်အစိုးရ၏ ပညာသင်ဆု အစီအစဉ်များကို လျှောက်ထားနိုင်မည်



ဂျပန်အစိုးရ၏ ပညာသင်ဆု အစီအစဉ်အတွက် နိုင်ငံတကာမှ ကျောင်းသားများ အပြင် မြန်မာကျောင်း သားများပါ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ဂျပန်အစိုးရ ကြေညာထားကြောင်း သိရသည်။ ၂၀၁၄ ပညာသင်ဆု အစီအစဉ်အတွက် ကနဦးစစ်ဆေးမှုကို မြန်မာနိုင်ငံ၊ ဂျပန်ပြန် ပညာသင်ဟောင်းများအသင်း (MAJA) က ဆောင်ရွက်မည်ဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် မေလ ၁၆ ရက် နောက်ဆုံးထား၍ MAJA တွင် လူကိုယ်တိုင် လျှောက်ထားနိုင်မည် ဖြစ်သည်။

ပညာသင်ဆု လျှောက်ထားလိုသူများ အနေဖြင့် ဂျပန်ဘာသာစကားကို လေ့လာသင်ယူရန် စိတ်ဝင်စားရ မည်ဖြစ်ပြီး ပညာသင်နှစ်မှာ သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (MEXT) အနေဖြင့် နိုင်ငံတကာမှ ကျောင်းသားများအတွက် ပညာသင်ဆု အစီအစဉ်လေးမျိုးအပြင် မြန်မာကျောင်းသားများအတွက်ပါ လျှောက်ထားရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။ လျှောက်ထားရာတွင်လည်း နိုင်ငံမဲ့သူများ ပါ လျှောက်ထားနိုင်မည် ဖြစ်သည်။

ဂျပန်အစိုးရ အနေဖြင့် သုတေသန ကျောင်းသားများ၊ ဘွဲ့ကြိုကျောင်းသားများ နည်းပညာ ကျောင်းသား များနှင့် အထူးသင်တန်းကျောင်းသားများအတွက် ပညာသင်ဆု ထောက်ပံ့ခြင်းဖြစ်ပြီး အသေးစိတ် သိရှိလိုပါက www.mext.go.jp/english တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည်။

အေးဖြူ
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...