အချစ်စစ်နဲ့ တွေ့တဲ့အခါ



အချစ်ဆိုတာ လူတစ်ယောက်အတွက် တစ်စိတ်တစ်ဒေသ အရေးပါမယ်လို့ ထင်ပါတယ်။ အချစ်စစ် ကို တွေ့ဖူးသွားတဲ့ သူတွေဟာ အချစ်နဲ့ ပက်သက်ပြီးတော့ ကောင်းကောင်းကြီး နားလည် သဘောပေါက် ခဲ့ကြတယ်။ မတွေ့ဘူးတဲ့ သူတွေကတော့ အချစ်စစ်ဆိုတော့ ဘာလဲလို့ ရင်ထဲကနေ စောင့်မျှော်တောင့် တ နေခဲ့ကြတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ အချစ်စစ်ဟာ တစ်နေ့တော့ သင့်ဆီကို ရောက်လာပါလိမ့်မယ်။ အဲလိုရောက်လာခဲ့ရင် ခံနိုင်ရည် ရှိအောင် ကြိုတင်ပြင်ဆင် ထားဖို့လိုအပ်တယ်။

(၁) အချစ်နဲ့ တွေ့တဲ့အခါ အရာရာကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်

(၂) အချစ်စစ်နဲ့ တွေ့တဲ့အခါ အရာရာကို ကျော်ဖြတ်ရဲပါလိမ့်မယ်

(၃) အချစ်စစ်နဲ့ တွေ့တဲ့အခါ မိမိအတ္တတွေ မာနတွေကို ဖုံးအုပ်ထားပါလိမ့်မယ်

(၄) အချစ်စစ်နဲ့တွေ့တဲ့ အခါ စိုးရိမ်မူတွေ ပြည့်နေပါလိမ့်မယ်

(၅) အချစ်စစ်နဲ့ တွေ့တဲ့အခါမှာ ဝမ်းနည်း ပျော်ရွှင်မူတွေ ခံစားရပါလိမ့်မယ်

ချစ်သူကြောင့် ပျော်ရွှင်ခဲ့သလို ချစ်သူကြောင့်ပဲ ဝမ်းနည်းရပါလိမ့်မယ်။ အဲဒီအချိန်ကျရင် သူမရှိလို့ မပြည့်စုံ ဘူးဆိုတဲ့ စိတ်တွေ ဝင်ရောက်လာပါလိမ့်မယ်။ အချစ်စစ်နဲ့ တွေ့တဲ့အခါမှာ သင့်စိတ်တွေပြောင်းလဲသွား ပါလိမ့်မယ်။

Kyaw Lin Naing
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...