အစပ်ကဲတဲ့ ငှက်ပျောဖက်စိမ်း အိန္ဒိယစားသောက်ဆိုင်

စတိုင်လ် အစားအသောက်တွေကို ငှက်ပျောဖက်စိမ်းနဲ့ ခင်းကျင်းပေးထားပြီး လက်နဲ့ အားရပါးရစားချင်တဲ့ သူတွေအတွက် ဈေးနှုန်း အသင့်အတင့်နဲ့ စားနိုင်တဲ့ အိန္ဒိယစားသောက်ဆိုင်တဆိုင်ကို ရန်ကုန်မြို့ လယ် ကောင်မှာ ဖွင့်လှစ်ထားတာ တွေ့နိုင်ပါတယ်။

.
.
Tiru’s Indian Banana Leaf လို့ အမည်ရ ပြီး ဧပြီလလယ်ပိုင်းကစလို့ ရန်ကုန်မြို့ ပန်းဘဲ တန်းမြို့နယ်ထဲ က ၃၂ လမ်း အပေါ်ဘလောက်မှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

ပြင်ပ ပူလောင်မှုတွေထဲကနေ ဆိုင်ထဲကို ဝင်သွားပြီ ဆိုတာနဲ့ လေအေးစက်က လာတဲ့ အအေးဓာတ်နဲ့ အတူ အိန္ဒိယ အစားအသောက် တွေမှာ မပါမဖြစ်လို့ ဆိုရမယ့် ဟင်းခတ် မဆလာအနံ့ သင်းပျံ့နေ ပါလိမ့်မယ်။ သန့် ရှင်းတဲ့ ဆိုင်အခင်းအကျင်းကိုလည်း တွေ့ရမှာပါ။ နေ့လယ်စာစားချိန် ဆိုရင် တော့ ဆိုင်ထဲမှာ နိုင်ငံခြားသားအများစု လာရောက်စားသောက်ကြတာ တွေ့ရ ပါလိမ့်မယ်။

ဆိုင်ရဲ့ ဟင်းအမည်တွေထဲမှာ တော့ အိန္ဒိယ ရိုးရာအစားအသောက် ပေါင်း ၃၀ ကျော်၊ ရေခဲမုန့်၊ လက်ဖက် ရည်၊ ကော်ဖီ၊ အိန္ဒိယသားတွေရဲ့ အချိုပွဲ မလိုင်နဲ့ ဟာလဝါလိုမုန့်တွေအပြင် ဘီယာနဲ့ ဖျော်ရည်အအေးတွေ ကိုလည်း မှာနိုင်ပါတယ်။

ဟင်းအမည်တွေထဲကမှ ထမင်း၊ အရွက် ကြော် (Samboal Dal)၊ ချာပါတီနဲ့ ပဲဟင်း (Papadums) တွေ ပါဝင်တဲ့ Vegetarian Daily Special က သက်သတ်လွတ်စားလိုသူတွေအတွက် အဆင်ပြေ စေမယ့် နေ့ ယ်စာတမျိုး ဖြစ်ပါတယ်။ သက်သတ် လွတ် နေ့လယ်စာတပွဲကို ကျပ် ၁၀ဝ၀ နဲ့ စားနိုင်မှာပါ။

မဆလာနံ့ သင်းပျံ့နေတဲ့ ကြက်သားကြော်ကို သံပရာသီးညှစ်၊ ပူဒီနာရွက်အြွကပ်ကြော်နဲ့ တွဲဖက် ထားတဲ့ Chicken 65၊ ဆိတ်သားကို ဒိန်ချဉ်၊ သီဟိုဠ်ဆန်တို့နဲ့ နူးအိအောင် ချက်ထားတဲ့ Mutton Masala တို့က လည်း ထမင်းဖြူနဲ့ တွဲဖက်စားသောက် လို့ မြိန်တဲ့ ဟင်းအမည်တွေပါ။ ဆီသုံးထားတာအသင့် အတင့်ဖြစ် သလို ဟင်းချိုမှုန့်အရသာမရဘဲ သဘာဝ အချိုအရသာနဲ့ အငန်လည်း လျှော့ထားတာကြောင့် စားလို့ကောင်း သလို ကျန်းမာရေးအတွက်သင့်လျော် ပါတယ်။

အိန္ဒိယ အစားအသောက်တွေရဲ့ စတိုင်လ် အတိုင်း ထမင်းဖြူတပွဲ (White Rice Set) မှာရင် ချတ်တနီ၊ အသီးအရွက် ဘာဂျီကြော်နဲ့ ပဲဟင်း တခွက်၊ မနုဿနီ မန်ကျည်းသီး ဟင်းချိုတခွက်၊ ပါပရာကြော်တို့ တွဲလျက် ပါပြီးသား ဖြစ်ပါတယ်။ ဒံပေါက်လည်း ရနိုင်ပေမယ့် ဒံပေါက်ရဲ့ အရောင် အဆင်းနဲ့ အနံ့ အရသာ ကတော့ မြန်မာပြည်က စားနေကျ ဒံပေါက်ပုံစံမျိုးမဟုတ်ဘဲ သီးခြားအရသာ ရှိပါတယ်။

Titu’s Indian Banana Leaf Resturant ရဲ့ အစားအသောက်တွေက ဟင်းရည်နဲ့ ဒိန်ချဉ်ကို အခြေခံပြီး ချက် ပြုတ်ထားတဲ့ ဟင်းအမည်တွေဖြစ်ပြီး အစပ်အရသာကို အလေးပေး ချက် ပြုတ်ထားတာ တွေ့ရ ပါတယ်။

ဒီဆိုင်ရဲ့ အစားအသောက် တွေ အားလုံးကိုတော့ အိန္ဒိယနိုင်ငံ က ဝါရင့်စားဖိုမှူးကြီး ၂ ယောက်က ချက်ပြုတ်ပေးနေတာ ဖြစ်တယ်လို့ ဆိုင်ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ မမေရီ ကိုက ဧရာဝတီကို ပြောပြပါတယ်။

အစပ်ကဲတဲ့ ထမင်းဟင်းတွေ စားသောက်ပြီးချိန်မှာ ဟာလဝါ၊ ကူ ဖီးလ်နဲ့ Gulab Jamun (မလိုင် အရသာ ပါဝင်တဲ့အချိုပွဲ) တို့ကို အချို တည်းနိုင်သလို၊ လက်ဖက်ရည်သောက် တတ်သူတွေကတော့ မဆလာနံ့သင်း တဲ့ အိန္ဒိယစတိုင်လ် တီးမဆလာကို မှာယူနိုင်ပါသေးတယ်။ အဲဒီ လက်ဖက် ရည် တခွက်ကိုတော့ ငွေ ၁၀ဝ၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

Titu’s Resturant ကို စင်ကာပူနိုင်ငံ မှာလည်း ဖွင့်လှစ်ထားပြီး အခုဆိုင်ကတော့ မြန်မာ နိုင်ငံအတွက် ပထမဆုံးဆိုင်ခွဲတခုလို့ သိရပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ ည ၉ နာရီအထိ နေ့စဉ် ဖွင့်လှစ်ကြောင်း သိရပါတယ်။

အစားအသောက်ဈေးနှုန်းတွေကတော့ အနည်း ဆုံး ၅၀ဝ ကျပ်ကနေ အများဆုံး ၁၅၀ဝ၀ ကျပ်အထိ ရှိပေ မယ့် အသားဟင်း၊ ငါးဟင်း၊ ပုစွန်ဟင်းတမျိုးကို ကျပ် ၂၀ဝ၀ ကနေ ၄၀ဝ၀ အကြားသာ ကျသင့်မှာ ဖြစ်လို့ ဆိုင်အပြင်အဆင် သန့်သန့်ရှင်းရှင်း အေး အေးချမ်းချမ်းနဲ့ ဈေးနှုန်းအသင့်အတင့် အိန္ဒိယစာ တွေ စားသုံးလို သူတွေအတွက် ညွှန်းရခြင်းဖြစ်ပါတယ်။

ဧရာဝတီ Blog

-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...