ၾသစေၾတးလ် Curtin တကၠသိုလ္မွ မြန်မာ ကျောင်းသားများအတွက် ပညာသင်ဆု ပေးအပ်မည်
သြစတြေးလျ Curtin တက္ကသိုလ်က မြန်မာနိုင်ငံမှ ထူးချွန် ကျောင်းသားများအား (Merit Scholarship) ပညာသင်ဆု ၂၅ ရာခိုင်နှုန်းကို Curtin တက္ကသိုလ် ပထမ ပညာသင်နှစ် ကာလ၏ Semester (2) အတွက် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားနိုင်မည့် ကျောင်းသားများမှာ မြန်မာနိုင်ငံမှ ပညာသင်နှစ် ၁၂ နှစ်ကို ပြီးဆုံး အောင်မြင်ထား သူ ဖြစ်ရမည့် အပြင် ပျမ်းမျှရမှတ် ၇၀ ရာခိုင်နှုန်း ရှိရမည်ဖြစ်သည်။ ပညာသင်ဆု လျှောက်ထား လိုသော ကျောင်းသားများမှာ နိုင်ငံတကာ အသိအမှတ်ပြု Pre University (ပညာသင်နှစ် ၁၂ နှစ်) International Baccalaurate (IB) မြန်မာနိုင်ငံ အစိုးရ တက္ကသိုလ်များမှ ပထမနှစ် ပြီးထားသော ကျောင်း သား၊ ကျောင်းသူများတို့ ဖြစ်သည်။ ကျောင်းဝင်ခွင့် အတွက် IELTS Writing and Speaking Band (6.0-7.0), Reading and Listening (6.0-7.0), Overall band score (6.5-7.0) (သို့) TOEFL 570 အနည်း ဆုံး ရှိထားရမည်။
“ Curtin တက္ကသိုလ်က မြန်မာအစိုးရရဲ့ တရားဝင် အသိအမှတ်ပြုခြင်းကို ခံရပြီး မြန်မာနိုင်ငံ ပညာရေး ကဏ္ဍမှ သက်ဆိုင်ရာ တာဝန်ရှိသူ အကြီးအကဲ ပုဂ္ဂိုလ်များနှင့် Curtin တက္ကသိုလ်တို့ ပူးပေါင်း၍ (MOU) လက် မှတ် ထိုးအပ်ထားပြီး ဖြစ်ကြောင်းကို Curtin တက္ကသိုလ် (Sarawak) တာဝန်ရှိသူ တစ်ဦးထံမှ သိရပါ တယ်။ (MSI) မှ တစ်ဆင့် Curtin Sarawak သို့ သွားတဲ့ ကျောင်းသားဦးရေ ၂၀ ဝန်းကျင် ရှိပြီး ကျောင်း သား အများစုမှာ Engineering ဘာသာရပ်ကို သင်ယူနေကြပါတယ်” ဟု Myanmar Search International (MSI) နိုင်ငံခြား ပညာရေးဝန်ဆောင်မှုမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင် က ပြောသည်။
ပညာသင်ဆု လျှောက်ထားလိုသော ကျောင်းသားများ Myanmar Search International (MSI) နိုင်ငံခြားရေး ဝန်ဆောင်မှု ရုံးခန်း ဖုန်း-၀၁-၃၈၉၉၁၅၊ ၀၉-၅၁၀၃၉၁၅ သို့ အမှတ် ၂၃၄၊ ရွှေဘုံသာ (အလယ်လမ်း) ပန်းဘဲတန်း မြို့နယ်သို့ ပညာရေး ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများနှင့်တကွ လာရောက် လျှောက်ထား ဆွေးနွေးနိုင်ကြောင်းသိရသည်။
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၀)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)